Myanmar critically needs massive UN-mandated humanitarian intervention to fight COVID

July 22nd, 2021  •  Category Statements

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကပ်ရောဂါကို ပြန်လည် တိုက်ခိုက်နိုင်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ တရားဝင်ချမှတ်ထားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကြီးမားစွာ အရေးတကြီး လိုအပ်လျက်ရှိသည်

မြန်မာဘာသာဖြင့် ထုတ်ပြန်​ကြေညာချက်အား ​အောက်တွင်ဖတ်ရှုနိုင်ပါသည်။

22 July 2021: The UN Security Council must urgently mandate an international humanitarian intervention in Myanmar, including aid workers on the ground, to get life-saving assistance to millions of people suffering under a devastating third wave of the COVID-19 outbreak, says the Special Advisory Council for Myanmar (SAC-M).

The military junta in Myanmar has allowed COVID-19 to run free since it attempted to seize power six months ago. The impacts of its failed coup on 1 February have included the destruction of the country’s healthcare system, and a massive third wave of COVID-19 is devastating Myanmar as a result. People are lining the streets in search of oxygen supplies, families are losing multiple loved ones, and crematoriums are filled beyond capacity.

“The situation has become a humanitarian disaster of such proportions that an international presence of health and medical personnel has become critical,” said Chris Sidoti of SAC-M. “The junta has demonstrated that it has neither the will nor the capacity to tackle a crisis on this scale – a crisis that it has deliberately fuelled.”

SAC-M is calling for the UN Security Council to mandate an urgent humanitarian intervention under a joint initiative with the Association of Southeast Asian Nations. This is the only way to ensure life-saving assistance reaches the millions of desperate people in Myanmar’s heartlands and in the junta’s jails, where thousands of political prisoners have been detained arbitrarily.

SAC-M called last week for urgent cross-border assistance, with supply lines into Myanmar from neighbouring countries. This remains vital for the ethnic service providers, civil society organisations, humanitarian groups and others aligned with the National Unity Government and Civil Disobedience Movement who are already fighting to keep people alive.

The National Unity Government has called for assistance from the international community. Myanmar does not have time to wait for the junta to ask for help, as was the case after Cyclone Nargis devastated the country in May 2008. However, the UN Security Council and ASEAN can use the experience gained in the aftermath of Nargis as a precedent for much-needed humanitarian intervention.

“This is a crisis the world cannot afford to ignore, much less the region,” said Marzuki Darusman of SAC-M. “The makeshift efforts to ease the plight of people crossing into Thailand and India are far from being able to roll back the epicentre of the pandemic within the country, which needs to be the primary strategic objective of massive regional and international action.”

The junta’s forces are seizing supplies of oxygen and personal protective equipment and medical professionals are being detained by the junta if they are caught supporting volunteer relief efforts. Community preventative measures such as checkpoints are also being destroyed. Meanwhile, the junta is drastically under-reporting case numbers.

“The junta is not a partner for the delivery of aid. That is why a humanitarian presence on the ground is needed,” said Yanghee Lee of SAC-M. “Assistance must be delivered through international medical personnel, and international protection given to Myanmar’s own medical professionals who are desperate to come out of hiding and work to save their country. No one will trust anything from the junta now.”

 

Download the statement in English: SAC-M PR COVID Intervention ENGLISH

 

နေ့စွဲ။    ။ ၂၂ ဇူလိုင်၊ ၂၀၂၁။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဘေး၏ တတိယလှိုင်းကို ပြင်းထန်ဆိုးရွားစွာ ခံစားနေကြရသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် လက်ရှိမြေပြင်ပေါ်တွင် လူမှု၀န်ထမ်းများ ခန့်ထားခြင်း၊ မြန်မာပြည်သူလူထုအနေဖြင့် အသက်ကယ်ရန် လိုအပ်သည့် ပစ္စည်းများကို လက်လှမ်းမှီစေရန် ကူညီခြင်းစသည့် နိုင်ငံတစ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးရန် တရားဝင်ချမှတ်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ ပြောကြားလိုပါသည်။

မြန်မာနိုင်ငံရှိ စစ်အုပ်စုအနေဖြင့် ၄င်းတို့အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့သည့် လွန်ခဲ့သည့် ခြောက်လတာ ကာလမှ စတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို စည်းလွတ်ဝါးလွတ် လွှတ်ထားခဲ့ပါသည်။ ၄င်းစစ်အုပ်စု၏ မအောင်မြင်ခဲ့သော ဖေဖော်၀ါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်စဥ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ် ပြိုလဲမှုကိုပါ ဖြစ်ပေါ်စေခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဘေး၏ တတိယလှိုင်းကို မြန်မာပြည်သူလူထုအနေဖြင့် ပြင်းထန်ဆိုးရွားစွာ ခံစားနေကြရသည့် အဖြစ်အပျက်နှင့်လည်း ကြုံတွေ့ရစေပါသည်။ ပြည်သူလူထုအနေဖြင့်  အောက်စီဂျင်နှင့် ဆက်စပ်ပစ္စည်းများ ရရှိရန် လမ်းမများပေါ်တွင် တန်းစီနေကြရခြင်း၊ မိသားစု၀င်များအနေဖြင့် ၄င်းတို့၏ ချစ်သူ၊ခင်သူများကို ဆုံးရှုံးကြရခြင်းနှင့် မီးသဂြိုလ်စက်များသည်လည်း အလောင်းများကို မီးသဂြိုလ်နိုင်သည့် လုပ်နိုင်စွမ်းထက် ပိုမိုဆိုးရွားသော အခြေအနေများနှင့် ကြုံတွေ့နေကြရပါသည်။

“မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဒုက္ခဖြစ်လာတဲ့အတွက် နိုင်ငံတစ်ကာရဲ့ ကျန်းမာရေးနဲ့ ကျန်းမာရေး၀န်ထမ်းတွေကို ပံ့ပိုးပေးကြရမယ့်ကိစ္စက အရမ်းကို မရှိမဖြစ် အရေးကြီးလာပါပြီ၊ စစ်အုပ်စုဟာ သူတို့ တမင်တကာ ဖန်တီးခဲ့တဲ့ ဒီကပ်ဘေးဒုက္ခကို ပြေလည်အောင် ဖြေရှင်းနိုင်စွမ်းလည်း မရှိသလို ဖြေရှင်းချင်တဲ့ စိတ်ဆန္ဒရှိတာကိုလည်း မတွေ့ရပါဘူး” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကာင်စီမှ Chris Sidoti က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ဖြစ်သော အာဆီယံတို့ ပူးပေါင်း၍ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အလျင်အမြန်ပေးအပ်ရန် တရား၀င် ချမှတ်၊ထုတ်ပြန်ရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအနေဖြင့် တိုက်တွန်းလိုပါသည်။ ယခုနည်းလမ်းတစ်ခုတည်းသည်သာလျှင် မြန်မာနိုင်ငံတွင်းရှိ သန်းနှင့်ချီသော ပြည်သူများနှင့် မတရားဖမ်းဆီးထောင်ချခံကြရသည့် ထောင်တွင်းရှိ နိုင်ငံရေးအကျဥ်းသားများထံသို့ လိုအပ်သည့် အသက်ကယ်ပစ္စည်းများ ရောက်ရှိနိုင်မည့် နည်းလမ်းဖြစ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအနေဖြင့် ကပ်ရောဂါဘေးကို ပြန်လည်ခုခံနိုင်မည့် ပစ္စည်းများအား မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်၀င်ရောက်ပြီး ပေးပို့ရန် အလျင်အမြန်လိုအပ်ကြောင်းကို တိုက်တွန်းပြောကြားခဲ့ပါသည်။ ၄င်းလုပ်ရပ် အောင်မြင်ရန်အတွက် ပြည်သူလူထု အသက်ရှင်ရန် ကြိုးပမ်းနေကြသည့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားအုပ်ချုပ်မှုဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အသင်းအဖွဲ့များ၊ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရနှင့် အကြမ်းမဖက် အာဏာဖီဆန်သည့် လှုပ်ရှားမှုတွင် ပါ၀င်ကြသူများ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေးအကြီးဆုံးနေရာတွင် ရှိနေပါသည်။

မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် နိုင်ငံတစ်ကာ အသိုင်းအဝိုင်း၏ အကူအညီကို တောင်းဆိုထားပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် စစ်အုပ်စုမှ နိုင်ငံတစ်ကာကို အကူအညီတောင်းသည်အထိ စောင့်ဆိုင်းနေရန် မဖြစ်နိုင်ပါ၊ ၄င်းအချက်ကိုလည်း ၂၀၀၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးကို ကြီးမားစွား ဆုံးရှုံးမှုဖြစ်စေခဲ့သော နာဂစ်မုန်တိုင်း၏ ကပ်ဘေးကို ကိုင်တွယ်ပုံကို ကြည့်၍ သိနိုင်ပါသည်။

“ယခုကပ်ဘေးဟာ ဒေသတွင်း မပြောနဲ့၊ ကမ္ဘာကြီးအနေနဲ့တောင် ဘယ်လိုမှ လျစ်လျူရှုထားနိုင်တဲ့ အဖြစ်အပျက်မျိုး မဟုတ်ပါဘူး၊​ ထိုင်းနိုင်ငံနှင့် အိန္ဒိယဖက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ လူတွေရဲ့ အခက်အခဲကို သက်သာအောင် လုပ်ပေးနိုင်တဲ့ ကိစ္စတွေဟာ ကပ်ဘေးရဲ့ အခရာကျတဲ့ ပြည်တွင်းက ဘေးဒုက္ခတွေကို သက်သာသွားအောင် ဘယ်လိုမှ လုပ်ပေးနိုင်စွမ်းမရှိပါဘူး၊ ဒီကိစ္စဟာ ဒေသတွင်းရော၊ နိုင်ငံတစ်ကာကပါ အဓိက ဦးစားပေးပြီး အလုပ်လုပ်ကြရမယ့် မဟာဗျူဟာ ရည်မှန်းချက် ဖြစ်ရပါမယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီဝင် Marzuki Darusman မှ ပြောကြားခဲ့ပါသည်။

စစ်အုပ်စု၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများ၊ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေး ပစ္စည်းများကို ဖမ်းဆီးသိမ်းဆည်းခြင်းနှင့် ကပ်ရောဂါ သက်သာစေရေး လုပ်ငန်းများတွင် လုပ်အားပေးသော ဆရာ၀န်များနှင့် ကျန်းမာရေး၀န်ထမ်းများကို ဖမ်းဆီးခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိပါသည်။ ရပ်ရွာအခြေပြု ရောဂါကာကွယ်ရေး စစ်ဆေးရေးဂိတ်များကိုလည်း ဖျက်ဆီးခဲ့ကြပါသည်။ ယခုကာလတွင်ပင် စစ်အုပ်စုသည် ရောဂါအမှန်တကယ် ဖြစ်ပွားနှုန်းနှင့် သေဆုံးမှုနှန်းများကို များစွာလျှော့ချလိမ်လည် ပြောဆိုနေကြပါသည်။

“စစ်အုပ်စုဟာ ကပ်ဘေးသက်သာစေရေး အကူအညီတွေကို ပေးပို့ရာမှာ အတူလက်တွဲလုပ်ဆောင်လို့ရတဲ့ မိတ်ဖက်တွေ မဟုတ်ပါဘူး၊ ဒါကြောင့်မို့လို့ တကယ့် မြေပြင်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရှိနေဖို့ လိုအပ်ပါတယ်၊ အကူအညီတွေကို ပေးတဲ့နေရာမှာ နိုင်ငံတစ်ကာ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများမှတစ်ဆင့်သာ ပေးအပ်ရမှာဖြစ်ပြီး သူတို့ရဲ့ နိုင်ငံတော်ကို ကယ်တင်ချင်ပေမယ့် လက်ရှိမှာ ပုန်းအောင်း၊ တိမ်းရှောင်နေကြရတဲ့ မြန်မာနိုင်ငံသား ကျန်းမာရေး၀န်ထမ်းတွေကိုလည်း နိုင်ငံတစ်ကာ အနေနဲ့ ကာကွယ်ပေးဖို့ စတာတွေ လုပ်ရပါမယ်၊ အခုအချိန်မှာတော့ ဘယ်သူကမှ စစ်အုပ်စုပြောသမျှ ဘာကိုမှ အယုံအကြည်ရှိတော့မှာ မဟုတ်ပါဘူး။” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီအဖွဲ့၀င် Yanghee Lee မှ ပြောကြားခဲ့ပါသည်။

 

Download the statement in Burmese: SAC-M PR COVID Intervention BURMESE