SPECIAL ADVISORY COUNCIL FOR MYANMAR

We are an independent group of international human rights experts working to support the peoples of Myanmar in their fight for peace, genuine democracy, justice and accountability.

ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေး၊ စစ်မှန်သောဒီမိုကရေစီ၊ တရားမျှတမှုနှင့် တာဝန်ယူ/ခံမှုတို့အတွက် မြန်မာပြည်သူများ၏ ရေကုန်ရေခန်း ကြိုးပမ်းနေမှုကို ပံ့ပိုးကူညီရန် လုပ်ဆောင်နေသော လွတ်လပ်သော နိုင်ငံတကာလူ့အခွင့်အရေး ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

Yanghee Lee

Marzuki Darusman

Chris Sidoti

Our Work

SAC-M was formed in response to the military's attempted coup in February 2021 to provide strategic advice to, and advocate for, the democratic movement in Myanmar, to ensure their demands are heard by key decision-makers at this critical time.

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းမှုအား တုံ့ပြန်သည့်အနေဖြင့် SAC-M ကို ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံရှိ ဒီမိုကရေစီလှုပ်ရှားမှုအတွက် မဟာဗျူဟာမြောက် အကြံဥာဏ်များ ပေးအပ်ရန်အတွက်သော်လည်းကောင်း၊ ဤအလွန်အခရာကျသော အခါသမယတွင် မြန်မာလူထု၏ တောင်းဆိုချက်များကို အဓိက ဆုံးဖြတ်ချက်ချမှတ်သူများကြားသိကြောင်း သေချာစေရန်အတွက် ၎င်းလှုပ်ရှားမှုအားဆော်သြရန် အလို့ငှာသော်လည်းကောင်း ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Strategy

We draw on our collective expertise to provide strategic advice to actors in Myanmar working for human rights, peace, genuine democracy, justice and accountability. We conduct research and analysis to develop targeted recommendations.

Our briefing papers and reports

Advocacy

We advocate on behalf of the democratic movement in Myanmar, to ensure their demands are heard. We issue statements and conduct regular missions to meet with global decision-makers.

Our statements

Communication

We communicate updates and analysis to provide the public and international community with knowledge and understanding of the situation in Myanmar. We hold briefings, webinars and engage with international media.

In the news

The Three Cuts

The Special Advisory Council for Myanmar is calling for a global three cuts strategy against the Myanmar military junta: cut the weapons, cut the cash and cut the impunity.

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီသည် မြန်မာစစ်အုပ်စုအပေါ် ကမ္ဘာလုံးဆိုင်ရာ သုံးရပ်ဖြတ် ဗျူဟာနည်းလမ်းတစ်ခုဖြစ်သည့် လက်နက်ဖြတ်တောက်မှု၊ ငွေကြေးဖြတ်တောက်မှုနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ဖြတ်တောက်မှုတို့ကိုလုပ်ဆောင်ရန် တောင်းဆိုလျက်ရှိသည်။

Cut the weapons icon

Cut the Weapons

The Myanmar military has used its arsenal of sophisticated military-grade weapons against the Myanmar population for decades to systematically violate international law. A number of States, collectively and individually, have taken measures to prevent the sale of arms and dual-use equipment and technology to the Myanmar military.

မြန်မာစစ်တပ်သည် နိုင်ငံတကာဥပဒေကို စနစ်တကျ ချိုးဖောက်ရန်အတွက် ၎င်း စုဆောင်းသိုလှောင်ထားသော စစ်ရေးသုံးအဆင့် ခေတ်မီဆန်းပြားသော လက်နက်များကို နှစ်ပေါင်းများစွာ မြန်မာပြည်သူများအပေါ် ပစ်မှတ်ထားပြီး အသုံးပြုခဲ့သည်။ ကုလသမဂ္ဂ အဖွဲ့၀င်နိုင်ငံအချို့သည် သီးခြား၍ဖြစ်စေ၊ ပူးတွဲ၍ဖြစ်စေ၊ မြန်မာစစ်တပ်အား လက်နက်များနှင့် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးကိရိယာများနှင့် နည်းပညာများ ရောင်းချခြင်းကို တားမြစ်ရန် အစီအမံများ ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။

Cut the cash icon

Cut the Cash

The Myanmar military has generated vast wealth through a complex web of commercial interests which has enabled it to carry out gross human rights violations across the country for many years. A number of States have, individually or collectively, imposed sanctions on individuals and entities under the direct control of the military or that are otherwise financially contributing to the current junta.

မြန်မာစစ်တပ်သည် ရှုပ်ထွေးပွေလီသော စီးပွားရေးလုပ်ငန်းများပါ၀င်သည့် ကွန်ယက်တစ်ခု မှတဆင့် များပြားလှသော ဓနကြွယ်ဝမှုကို ဖြစ်ထွန်းစေခဲ့ပြီး ယင်းမှ မြန်မာစစ်တပ်သည် နှစ်ပေါင်းများစွာတိုင်အောင် နိုင်ငံတ၀ှမ်း လူ့အခွင့်အရေးချိုးဖောက်မှုများကို အလွန့်အကျွန် ကျူးလွန်နိုင်စေခဲ့သည်။ ကုလသမဂ္ဂ အဖွဲ့၀င်နိုင်ငံအချို့သည် သီးခြား၍ဖြစ်စေ၊ ပူးတွဲ၍ဖြစ်စေ၊ စစ်တပ်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်ရှိ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ သို့မဟုတ် လက်ရှိ စစ်အုပ်စုကို ငွေကြေးအထောက်အပံ့ ပေးလျက်ရှိသူများအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများကို ချမှတ်ထားသည်။

Cut the impunity icon

Cut the Impunity

Myanmar has a longstanding history of impunity for perpetrators of grave human rights violations against all people across the country. The Myanmar military in particular has always sought to shield itself from justice. The international community is taking steps to bring perpetrators of human rights violations committed against the people of Myanmar to justice.

မြန်မာနိုင်ငံသည် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူအားလုံးအပေါ် ကျူးလွန်သော ကြီးလေးစိုးရိမ်ဖွယ်ရာအဆင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကျူးလွန်သူများအနေနှင့် အပြစ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်နေခြင်းနှင့် ပတ်သက်၍ ရှည်လျားလှသည့် သမိုင်းကြောင်းရှိနေပေသည်။ အထူးသဖြင့် မြန်မာစစ်တပ်သည် တရားစီရင်ခြင်းမခံရစေရန်အလို့ငှာ ၎င်းကို၎င်း ကာကွယ်ရန် အမြဲတစေ ကြိုးစားလျက်ရှိသည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာ ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် ကျူးလွန်သူများအား တရားစီရင်ရန်အတွက် လုပ်ဆောင်လျက်ရှိနေသည်။