Statement on the murder of Mohib Ullah

September 30th, 2021  •  Category Statements

Mohib Ullah အား သတ်ဖြတ်ခဲ့ခြင်းအပေါ် ကြေညာချက် ထုတ်ပြန်ခြင်း

မြန်မာဘာသာဖြင့် ထုတ်ပြန်​ကြေညာချက်အား ​အောက်တွင်ဖတ်ရှုနိုင်ပါသည်။

30 September 2021: The Special Advisory Council for Myanmar (SAC-M) mourns the death of Mohib Ullah, one of the Myanmar Rohingya people’s leading human rights advocates and defenders. Mohib Ullah was murdered on 29 September 2021 in the Rohingya refugee camp of Lambashia, Kutupalong in Cox’s Bazar, Bangladesh. He was chairman of the Arakan Rohingya Society for Peace and Human Rights.

SAC-M co-founder and member Yanghee Lee said, “I knew Mohib Ullah well from my work over many years as the United Nations Special Rapporteur on human rights in Myanmar. He was passionately committed to the human rights of the Rohingya people. He was a man of courage and determination, an irreplaceable leader of the Rohingya people’s struggle for peace and justice.”

Marzuki Darusman, co-founder and member of SAC-M, was chairperson of the UN Independent International Fact-Finding Mission on Myanmar (FFM). He said, “Mohib Ullah provided invaluable assistance to the FFM’s investigations. He and his colleagues in the Arakan Rohingya Society for Peace and Human Rights chronicled the events during and after August 2017 when the Myanmar military conducted one of the most brutal operations in recent times. His efforts led directly to international support for the Rohingya people and efforts to bring the military leadership to justice.”

In 2017, Myanmar’s military unleashed a genocidal campaign of violence on Rohingya villages in northern Rakhine state, forcing three quarters of a million people to flee to Bangladesh. Those who fled joined a quarter of a million earlier Rohingya refugees in Bangladesh where they are now confined to sprawling camps and continue to endure dire conditions.

Mohib Ullah’s death must lead to stronger and more determined international support for the struggle for human rights in Myanmar, for the Rohingya and for all the other peoples of Myanmar,” said Chris Sidoti, the third member of SAC-M and also a member of the UN FFM. “The most important tribute we can pay him is more effective action for peace and justice for all Myanmar’s peoples.”

SAC-M calls on Bangladeshi authorities to investigate Mohib Ullah’s murder thoroughly and to charge, prosecute and punish the perpetrators according to law. It urges UN human rights mechanisms to monitor and report on the adequacy and effectiveness of the Bangladeshi investigations. Bangladeshi authorities have a duty to protect the lives of the one million Rohingya refugees confined to camps in Bangladesh whilst ensuring this tragedy is not exploited to impose further restrictions on the lives of those who have already lost so much.

Download the statement in English: SAC-M PR Mohib Ullah ENGLISH

 

နေ့စွဲ။ ၃၀ စက်တင်ဘာ ၂၀၂၁

 

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူမျိုးများအတွက် လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်သူ Mohib Ullah သေဆုံးခဲ့ရမှုအပေါ် မြန်မာနိုင်ငံအရေး အထူးအကြံပေးကောင်စီအနေဖြင့် ၀မ်းနည်းကြေကွဲကြောင်း ပြောကြားလိုပါသည်။ Mohib Ullah သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဇ်ဘဇားရှိ ကူးတုပလောင်၊ လန်ဘရှီရတွင် တည်ရှိသည့် ရိုဟင်ဂျာ ဘေးဒုက္ခသည်စခန်းတွင် ၂၉ စက်တင်ဘာ ၂၀၂၁ ခုနှစ်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပါသည်။ သူသည် Arakan Rohingya Society for Peace and Human Rights (အာရကန် ရိုဟင်ဂျာများ၏ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း) ၏ ဥက္ကဌဖြစ်ပါသည်။

 

“ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာအရေးကိစ္စရပ်တွေအတွက် ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ သွားရောက် အလုပ်လုပ်ကိုင်ရာကနေ  Mohib Ullah နဲ့ ကောင်းကောင်းရင်းနှီးခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့  လူ့အခွင့်အရေးနဲ့ ပက်သတ်ပြီး တကယ့်ကို စိတ်အားထက်သန်မှုအပြည့်၊​ ကတိက၀တ် အပြည့်နဲ့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ သူဟာ တကယ်ကို ရဲစွမ်းသတ္တိရော၊ ခိုင်မာမြဲမြံတဲ့ စိတ်ဓာတ်ရောရှိပြီး ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို ရရှိကြဖို့ ကြိုးပမ်းနေကြတဲ့ ရိုဟင်ဂျာလူမျိုးအားလုံးအတွက် အစားထိုးလို့မရတဲ့ ခေါင်းဆောင်ပါပဲ။” ဟု မြန်မာနိုင်ငံအရေး အထူးအကြံပေးကောင်စီ၏ ပူးတွဲတည်ထောင်သူနှင့် အဖွဲ့၀င်ဖြစ်သူ Yanghee Lee မှ​ပြောကြားခဲ့ပါသည်။

 

Mohib Ullah နေနဲ့ FFM (Fact-finding Mission on Myanmar) ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပက်သတ်လို့ တန်ဖိုးမဖြတ်နိုင်တဲ့ အကူအညီတွေပေးခဲ့ပါတယ်။ Arakan Rohingya Society for Peace and Human Rights မှာပါ၀င်ကြတဲ့ သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ မြန်မာစစ်တပ်ရဲ့ အပြင်းထန်ဆုံး ဆိုးယုတ်မှုနဲ့ ရက်စက်မှုတွေရှိတဲ့ လုပ်ရပ်တွေထဲက တစ်ခုဖြစ်တဲ့ ၂၀၁၇ ခုနှစ်ကလုပ်ရပ်တွေ၊ အဖြစ်အပျက်တွေကို အစီရင်ခံမှုတွေ အများကြီး ပြုလုပ်ခဲ့ကြပါတယ်။ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ရိုဟင်ဂျာလူမျိုးတွေအတွက် နိုင်ငံတကာရဲ့ အထောက်အပံ့ကို ရရှိဖို့တင်သာမကပဲ မြန်မာစစ်အုပ်စုရဲ့ စစ်ခေါင်းဆောင်တွေကို တရားစီရင်နိုင်ရေး အထိပါ လုပ်ဆောင်နိုင်ဖို့ ကူညီပေးခဲ့တာပါ” ဟု မြန်မာနိုင်ငံအရေး အထူးအကြံပေးကောင်စီ၏ ပူးတွဲတည်ထောင်သူနှင့် အဖွဲ့၀င်လည်းဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ လွတ်လပ်သော အချက်အလက်ရှာဖွေရေး အဖွဲ့ (Fact-Finding Mission on Myanmar) ၏ ဥက္ကဌလည်းဖြစ်သူ Marzuki Darusman မှ​ ပြောကြားခဲ့ပါသည်။

 

မြန်မာစစ်အုပ်စုအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ရိုဟင်ဂျာကျေးရွာများရှိ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုန်းသတ်ဖြတ်သည့် စီမံကိန်းကို ကျူးလွန်ခဲ့ခြင်းကြောင့် ရိုဟင်ဂျာလူမျိုးတစ်သန်း၏ သုံးပုံတစ်ပုံသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ ၎င်းထွက်ပြေးတိမ်းရှောင်သူများအနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနှင့်ပြီးသော ရိုဟင်ဂျာတစ်သန်းခန့်နှင့်အတူ မျက်စိတဆုံး ကျယ်ပြန့်သော ဒုက္ခသည်စခန်းများတွင် အလွန်ဆိုးရွားသည့် အခြေအနေများနှင့် ဆက်လက်နေထိုင်လျက် ရှိနေကြရပါသည်။

“Mohib Ullah ရဲ့ သေဆုံးမှုဟာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးများအတွက်တင်သာမကပဲ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ လူ့အခွင့်အရေး ကြိုးပမ်းလှုပ်ရှားမှုတွေအပေါ်မှာ နိုင်ငံတကာရဲ့ ပိုမို ပြင်းထန်ပြီး ခိုင်မာမြဲမြံတဲ့ ထောက်ပံ့အားပေးမှုကို ဖြစ်ကို ဖြစ်စေရပါမယ်။ ကျွန်တော်တို့အနေနဲ့ သူသေဆုံးပြီးတဲ့နောက်မှာ သူ့အပေါ် ပေးနိုင်တဲ့ အရေးအကြီးဆုံး ဂုဏ်ပြုမှုကတော့ မြန်မာနိုင်ငံသားတွေအားလုံး ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို ရရှိအောင် ကူညီဆောင်ကျဥ်းပေးဖို့ပါပဲ။” ဟု မြန်မာနိုင်ငံအရေး အထူးအကြံပေးကောင်စီ၏ အဖွဲ့၀င်နှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ လွတ်လပ်သော  အချက်အလက် ရှာဖွေရေးအဖွဲ့ (Fact-Finding Mission on Myanmar) ၏  အဖွဲ့၀င်တစ်ဦးလည်းဖြစ်သူ Chris Sidoti မှ ပြောကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံအရေး အထူးအကြံပေးကောင်စီအနေဖြင့် Mohib Ullah သေဆုံးခဲ့ရမှုပက်သတ်၍ ဘင်္ဂလားဒေ့ရှ် အစိုးရမှ ရာဇ၀တ်မှုကျူးလွန်သူများကို တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းကို တိကျသေချာစွာ ပြုလုပ်ရန် တိုက်တွန်းလိုက်ပါသည်။​ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှု၏ ကြာချိန်နှင့် ထိရောက်မှုတို့ကို ကောင်းစွာစောင့်ကြည့်၊ မှတ်တမ်းတင်ရန်အတွက်လည်း မြန်မာနိုင်ငံအရေး အထူးအကြံပေးကောင်စီမှ တွန်းအားပေး တိုက်တွန်း လိုပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသော ရိုဟင်ဂျာလူမျိုးတစ်သန်း ခန့်၏ အသက်အိုးအိမ်တို့ကို ကာကွယ်ရန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အာဏာပိုင်များ၏ တာ၀န်ဖြစ်ပြီး ယခုဖြစ်ပွားခဲ့သော ကြေကွဲ၀မ်းနည်းဖွယ်ရာကိစ္စကြောင့် ကြီးမားသည့်ဆုံးရှုံးမှုများစွာကို ကြုံတွေ့ ခံစားကြရပြီးဖြစ်သူများ၏ ဘ၀တွင် ပိုမိုတင်းကျပ်သော တားမြစ်ချက်များကို ချမှတ်ရန် အခွင့် ကောင်းယူဖိနှိပ်ခြင်းများ မဖြစ်စေရန် တာ၀န်ယူ ကာကွယ်ရမည်ဖြစ်ပါသည်။

Download the statement in Burmese: SAC-M PR Mohib Ullah BURMESE