“We will either die of starvation or die fighting” — UN Security Council Must Act on Myanmar

October 29th, 2021  •  Category Statements

“အငတ်ခံပြီး သေမလား၊ တိုက်ရင်းသေမလားပဲ​ ကျွန်တော်တို့မှာ ရွေးစရာရှိတယ်”

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်၏ အကျပ်အတည်းအား ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရမည်။

မြန်မာဘာသာဖြင့် ထုတ်ပြန်​ကြေညာချက်အား ​အောက်တွင်ဖတ်ရှုနိုင်ပါသည်။

29 October 2021: People in Myanmar are on the brink of starvation and in urgent need of medical supplies and food after months of sustained assaults by junta forces, SAC-M has learned. The UN Security Council must finally issue a resolution to consolidate international action towards resolving the crisis.

A representative of the Mindat People’s Administration spoke of his people’s desperation in Mindat, Chin state, at a panel discussion hosted by SAC-M today. Mindat has been subjected to months of sustained attacks by the Myanmar military.

“We want the world to act within the spirit of humanitarian assistance. For four months we’ve had our supplies destroyed, we’re running out. We will either die of starvation or die fighting. Those are our two choices,” said the representative of Mindat People’s Administration, who cannot be named for security reasons.

The Myanmar military has cut off access to the region in northwest Myanmar, restricting food supplies. Thirty-three people have already died from malnutrition and lack of medicine, according to the representative.

“Our people can’t withstand another month in this situation, so if we are to continue resisting the military, we need medical supplies, we need everything,” he said.

The statement comes as the military has launched a so-called clearance operation in the northwest of Myanmar on a scale potentially not seen in modern times. Other parts of Myanmar, including Karenni (Kayah) state in the east are also under severe attack.

The Foreign Minister of the National Unity Government of Myanmar, H.E. Daw Zin Mar Aung told the panel that the crisis is having a destabilizing effect on the region and is not only an issue for Myanmar.

“We are being threatened every second of every minute. Our human security is under constant threat. We need ASEAN, the Security Council and the rest of the international community to work with us to find a solution to this crisis,” said the Foreign Minister.

Marzuki Darusman, founding member of SAC-M and former chair of the UN Independent International Fact-Finding Mission on Myanmar, said the ASEAN Special Envoy to Myanmar must meet with the UN Security Council in New York and request it issue a resolution that consolidates the  actions of the international community on one single track. 

“The resolution must, as a starting point, recognise the illegality of the coup and the need to enforce arms embargos, sanctions, an end to impunity and the release of all political prisoners,” said Marzuki Darusman. “It must commit all parties to implementation of the ASEAN five-point consensus. Of no less importance is the great need for humanitarian assistance.”

Yanghee Lee, founding member of SAC-M and former UN Special Rapporteur on human rights in Myanmar responded by saying that “I certainly hope that the people in New York, especially those sitting in the UN Security Council, are listening.”

Both Yanghee Lee and Marzuki Darusman commented on Min Aung Hlaing’s failed leadership, noting that cracks are starting to show, and the crisis may be at a tipping point.

“The junta has driven itself into a corner. For the first time we’re seeing the junta is under considerable pressure from both within and from outside Myanmar. The junta is running out of options,” said Marzuki Darusman. “But time is of the essence.”

 

Download the statement in English: SAC-M PR UNSC Resolution ENGLISH

 

နေ့စွဲ။    ။၂၉ အောက်တိုဘာ၊ ၂၀၂၁

စစ်အုပ်စု၏ လနှင့်ချီကြာမြင့်လာခဲ့သော ကြမ်းတမ်းရက်စက်မှုများကြောင့် မြန်မာပြည်သူလူထုအနေဖြင့် ဆေး၀ါးနှင့်စားနပ်ရိက္ခာများ အလျင်အမြန်လိုအပ်လျက်ရှိနေပြီး အချို့သောသူများအနေဖြင့် အငတ်ဘေးဆိုက်မည့်အန္တရာယ်နှင့်ပါ ကြုံတွေ့နေကြရကြောင်း မြန်မာနိုင်ငံအရေး အထူးအကြံပေးကောင်စီမှ ပြောကြားလိုပါသည်။ ၎င်းအခက်အခဲ၊အကျပ်အတည်းအား ဖြေရှင်းနိုင်စေရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းအားလုံးအား စုစည်းပြီး အဖြေထုတ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအရေးအထူးအကြံပေးကောင်စီ၏ ယနေ့ပြုလုပ်ခဲ့သောဆွေးနွေးပွဲတွင် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့ပြီး ချင်းပြည်နယ် မင်းတပ်မြို့ရှိ ပြည်သူများခံစားနေကြရသည့် ဆင်းရဲဒုက္ခများကို ပြောကြားခဲ့ပါသည်။ မင်းတပ်သည် စစ်အုပ်စု၏ တိုက်ခိုက်ခြင်းကို လနှင့်ချီခံစားနေရပြီးဖြစ်ပါသည်။ .

“ကမ္ဘာတ၀ှမ်းက ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးကြဖို့ဆိုတဲ့ စိတ်နဲ့ ကူညီဖို့ကို လိုလားပါတယ်။ လေးလတိတိ ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာတွေ ဖျက်ဆီးခံခဲ့ရပါတယ်၊ ကျွန်တော်တို့က ရိက္ခာတွေပြတ်တော့မှာပါ။ ငတ်ပြီးသေရင်သေ၊ မသေရင် တိုက်ရင်းခိုက်ရင်း သေဖို့ပဲ ရှိပါတော့တယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာ အဲ့ဒီနှစ်ခုပဲရှိပါတယ်” ဟု လုံခြုံရေးအရ အမည်ဖော်ပြခွင့်မရှိသည့် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့၀င်တစ်ဦးမှ ပြောကြားခဲ့ပါသည်။

စစ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံ၏အနောက်မြောက်ပိုင်းကို အဆက်အသွယ်နှင့် စားနပ်ရိက္ခာများ ဖြတ်တောက်ထားလျက်ရှိပါသည်။ ဆွေးနွေးပွဲသို့တက်ရောက်သော ကိုယ်စားလှယ်၏ ဆွေးနွေးချက်အရ ပြည်သူ ၃၃ ဦးအနေဖြင့် အစာအဟာရချို့တဲ့မှုနှင့် ဆေး၀ါးများမရရှိခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ကြရပြီးဖြစ်သည်ဟု သိရှိရပါသည်။

“ကျွန်တော်တို့ ပြည်သူလူထုတွေအနေနဲ့ ဒီလိုအခြေအနေကို နောက်ထပ်တစ်လတောင် ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့ပါဘူး၊ ဒီတော့ စစ်အုပ်စုကို ဆက်ပြီး ခုခံတော်လှန်ရမယ်ဆိုရင် ကျွန်တော်တို့ ဆေး၀ါး အထောက်အပံ့တွေလိုပါတယ်၊ အခြားအရာတွေအားလုံးလည်း လိုအပ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

စစ်အုပ်စုအနေဖြင့်  မြန်မာနိုင်ငံအနောက်မြောက်ပိုင်းတွင် နယ်မြေရှင်းလင်းရေးဟု အမည်တပ်ကာ ယနေ့ခေတ်တွင် မြင်ဖူး၊ကြားဖူးခြင်းပင် မရှိလောက်သည့် ကြီးမားလှသည့်အင်အားကို အသုံးချ၍ အကြမ်းဖက်တိုက်ခိုက်ခြင်းကြောင့် ယခုထုတ်ပြန်ချက်ကို ထုတ်ပြန်ရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အရှေ့ဖက်ရှိဒေသများဖြစ်ကြသော ကရင်နီ(ကယားပြည်နယ်)သည်လည်း ရက်စက်စွာ တိုက်ခိုက်ချေမှုန်းခံနေရပါသည်။

မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေး၀န်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်အနေဖြင့်လည်း မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် ပြည်တွင်းရေးကိစ္စသီးသန့်သာမဟုတ်ပဲ ဒေသတွင်းဆိုင်ရာ တည်ငြိမ်မှုမရှိသည့် အရေးကိစ္စဖြစ်လာသည်ဟု ပြောကြားခဲ့ပါသည်။

“ကျွန်မတို့က စက္ကန့်မလပ်၊အခါမလပ် ခြိမ်းခြောက်ခံနေရတာပါ။ ကျွန်မတို့ရဲ့ လူသားလုံခြုံရေးက အစဥ်အမြဲ ခြိမ်းခြောက်ခံနေရပါတယ်။ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်ရာမှာ ASEAN ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းတစ်ခုလုံးရဲ့ အကူအညီကို ကျွန်မတို့လိုအပ်နေပါတယ်” ဟု နိုင်ငံခြားရေး၀န်ကြီးမှ ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအရေးအထူးအကြံပေးကောင်စီအား ပူးတွဲတည်ထောင်သူနှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့၏ ဥက္ကဌဟောင်းဖြစ်သူ Marzuki Darusman အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးကိုယ်စားလှယ်သည် နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်တွေ့ဆုံပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းတစ်ခုလုံး၏ လုပ်ဆောင်ချက်များအား တစ်စုတစ်စည်းတည်းဖော်ပြထားပြီး လားရာတူသည့်အဖြေကို တောင်းဆိုရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

“သဘောတူညီမှုဆိုင်ရာအဖြေရဲ့ ပထမဦးဆုံးအချက်ကတော့ စစ်အာဏာသိမ်းမှုရဲ့ တရားမ၀င်မှုကို လက်ခံဖို့နဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ဖို့၊ စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ဖို့၊ ပြစ်မှုကျူးလွန်သူများ အရေးူခံရမှုမှ လွတ်မြောက်နေမှုကို အဆုံးသတ်ပစ်ဖို့နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဖြစ်ပါတယ်။ ဒီအကျပ်အတည်းမှာ ပါ၀င်သူတွေအားလုံး ASEAN ရဲ့ သဘောတူညီချက် ၅ချက်ကို အကောင်အထည်ဖော်ကြဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဖြစ်ပါတယ်” ဟု Marzuki Darsuman မှ​ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအရေးအထူးအကြံပေးကောင်စီအား ပူးတွဲတည်ထောင်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိစ္စရပ်များ၏ အထူးကိုယ်စားလှယ်ဖြစ်ခဲ့သော Yanghee Leeအနေဖြင့် “နယူးယောက်ကလူတွေ အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာထိုင်နေတဲ့သူတွေအနေနဲ့ ဒီအသံတွေကို တကယ်နားထောင်နေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Yanghee Lee နှင့် Marzuki Darusman အနေဖြင့် မင်းအောင်လှိုင်၏ အောင်မြင်မှုမရှိသော၊ ကျဆုံးသွားသောဦးဆောင်မှုနှင့် ၎င်းကြောင့် အက်ကွဲကြောင်းများ စတင်ဖြစ်ပေါ်လာနေပြီး မြန်မာနိုင်ငံ၏အကျပ်အတည်းသည် နောက်ပြန်လှည့်၍မရသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့ပါသည်။​“စစ်အုပ်စုကတော့ သူတို့ကိုယ်သူတို့ ကျဥ်းထဲ၊ကျပ်ထဲရောက်အောင် တွန်းပို့လိုက်တာပါပဲ။ စစ်အုပ်စုအနေနနဲ့ ပြည်တွင်းမှာရော၊ ပြည်ပကပါလာတဲ့ ပြင်းထန်တဲ့ဖိအားတွေနဲ့ ကြုံတွေ့နေရတာ ဒါပထမဦးဆုံးအချိန်ပါပဲ။ စစ်အုပ်စုမှာ ရွေးချယ်စရာကုန်နေပါပြီ။ ဒါပေမယ့် ဒီနေရာမှာ အချိန်ကသာ အဓိကဖြစ်ပါလိမ့်မယ်” ဟု Marzuki Darusman မှ ပြောကြားခဲ့ပါသည်။

Download the statement in Burmese: SAC-M PR UNSC Resolution BURMESE