Humanitarian assistance alone is not a solution

November 12th, 2021  •  Category Statements

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတစ်မျိုးတည်း ပေးနေခြင်းသည် အဖြေမဟုတ်ပါ။

မြန်မာဘာသာဖြင့် ထုတ်ပြန်​ကြေညာချက်အား ​အောက်တွင်ဖတ်ရှုနိုင်ပါသည်။

12 November 2021: International humanitarian action for Myanmar, including provision of COVID-19 vaccinations, is a minimum response to the crisis, not a solution, and must not be leveraged by the illegal junta to reach a default political settlement, says the Special Advisory Council for Myanmar (SAC-M). 

The United Nations (UN) Security Council issued a statement on Myanmar on Wednesday calling for full, safe and unhindered humanitarian access to people in need and for the full protection, safety and security of humanitarian and medical personnel. The Council also called for greater international support to ensure delivery and distribution of COVID-19 vaccinations.

The Security Council met amidst warnings that an offensive launched by the military junta in the northwest of Myanmar could out scale the genocidal atrocities committed by the same military against the Rohingya in 2017. The Council failed to even refer to northwest Myanmar, with stronger action blocked by Russia and China, who continue to supply the illegal junta with weapons and financial resources.

“The one thing even the Security Council can agree on is the need for international cooperation to improve the dire health and humanitarian situation in Myanmar,” said Yanghee Lee of SAC-M. “Humanitarian assistance alone is not a solution to the crisis. The junta will also seek to leverage humanitarian assistance to reach a default settlement. An effective humanitarian response that empowers local actors is urgently needed.”

Since the attempted coup in February, the junta’s sustained, widespread and systematic attack on the civilian population has forced nearly three million people across Myanmar into urgent need of humanitarian assistance. The junta has weaponised Myanmar’s devastating third wave of COVID-19, targeted medical professionals, occupied hospitals, forcibly displaced an estimated 250,000 people, blocked aid and destroyed food and medical supplies.

Local humanitarian and medical networks including ethnic service providers, community-based and civil society organisations, have been working to deliver assistance to people in need. The National Unity Government (NUG) has also established a COVID-19 task force to prevent, mitigate and control the spread of the virus. 

However, in addition to facing daily attacks by junta forces, local actors are being hindered by weeks-long bureaucratic processes and onerous requirements placed on them by donors and international agencies resulting in more needless loss of life.

“The only way to meet the calls made by the Security Council this week is for the international community to honour their pledges to ensure localisation of humanitarian assistance,” said Marzuki Darusman of SAC-M. “Relief aid must include reinforcement of the existing humanitarian and medical infrastructure that is in place already and operated by the NUG, civil society and various ethnic communities.”

International donors including ASEAN, the EU, the UK, the US and UN agencies must partner with local actors and direct humanitarian aid through cross-border channels. A people-to-people approach of leveraging existing community networks is fast, adaptive and built on trust. This is essential, as the Myanmar military has a history of exploiting humanitarian crises of its own making for political gain. That was the case in the wake of Cyclone Nargis, on the back of which the military misled the international community into accepting its handling of the crisis giving it legitimacy for its continued control of the country. It must not be allowed to happen again.

“It is critical that humanitarian assistance does not embolden, legitimise or otherwise entrench the military junta — the source of the violence that has long enveloped Myanmar,” said Chris Sidoti of SAC-M. “The junta is the cause of Myanmar’s suffering. It is not a partner for the delivery of aid.”

Download the statement in English: SAC-M PR UNSC Statement ENGLISH

 

နေ့စွဲ။ ၁၂၊နိုဝင်ဘာ၊ ၂၀၂၁။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်ကြသည့် နိုင်ငံ တကာအသိုင်းအ၀ိုင်းမှဖြန့်၀ေပေးသော ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး အကူအညီများသည် ပြသနာပြေလည်စေကြောင်း အဓိကအကြောင်းအရာ မဟုတ်ပဲ မြန်မာနိုင်ငံအရေးကိစ္စအား ကူညီဖြေရှင်းရာတွင် အသေးငယ်ဆုံးသော အကူအညီသာဖြစ်ပြီး ၎င်းအကူအညီများသည် တရားမ၀င်စစ်အုပ်စုအား နိုင်ငံရေးအာဏာအခြေကျစေရန်အတွက် ခြေကုတ်ပေးသလို မဖြစ်စေရန်လိုအပ်ကြောင်း မြန်မာနိုင်ငံအရေးအထူးအကြံပေးကောင်စီမှ ပြောကြားလိုပါသည်။

မြန်မာနိုင်ငံတွင်းရှိ အကူအညီများလိုအပ်နေသာ ပြည်သူလူထုထံသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများအား ပြည့်၀လုံခြုံစွာနှင့် မဆိုင်းမတွရောက်ရှိစေရန် ပေးအပ်နိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် လွန်ခဲ့သောဗုဒ္ဓဟူးနေ့တွင် သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့ပါသည်။​ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးများအား မြန်မာနိုင်ငံအတွင်း ဖြန့်ဝေပေးနိုင်ရန်အတွက် နိုင်ငံတကာ၏ ထောက်ပံ့ကူညီမှုများ တိုးမြှင့်စေရန်အတွက်လည်း ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ တိုက်တွန်းထားပါသည်။​

ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် သတိပေးမှုများပြုလုပ်နေစဥ်တွင်ပင်လျှင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် စစ်ကောင်စီ၏အကြမ်းဖက်မှုများနှင့် လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေမှုများသည် ၂၀၁၇ခုနှစ်တွင် ရိုဟင်ဂျာလူမျိုးများအပေါ် စစ်တပ်မှ ကျူးလွန်ခဲ့သည့် လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့် အလားသဏ္ဍာန်တူညီသည့်ဖြစ်ရပ်များ ဖြစ်ပါသည်။ တရားမ၀င်စစ်အုပ်စုကို လက်နက်များနှင့် ဘဏ္ဍာရေးအထောက်အပံ့များ ဆက်လက်ထောက်ပံ့ပေးနေသော ရုရှားနှင့် တရုတ်တို့၏ ပိုမိုပြင်းထန်သော ပိတ်ပင်တားဆီးခြင်းကြောင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏အနောက်မြောက်ပိုင်းအခြေအနေကို ထည့်သွင်းပြောကြားရန်ပင် ပျက်ကွက်ခဲ့ပါသည်။​

“ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ သဘောတူညီမှုရတဲ့ တစ်ခုတည်းသောအချက်က မြန်မာနိုင်ငံအတွင်း ယိုယွင်းပျက်စီးနေတဲ့ ကျန်းမာရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ပိုမိုတိုးတက်လာစေရန်ဖို့ နိုင်ငံတကာမှ၀ိုင်း၀န်းကူညီကြရန်ဆိုတဲ့ အချက် သာဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတစ်ခုတည်းက အဖြေမဟုတ်ပါဘူး။ တရားမဝင်စစ်အုပ်စုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီတွေကိုခြေကုပ်ယူပြီး နိုင်ငံရေးအာဏာအခြေကျဖို့ လုပ်လိမ့်မယ်။ ပြည်တွင်းမှာရှိတဲ့ တကယ်လုပ်နိုင်စွမ်းရှိတဲ့သူတွေကို ပိုမိုအားဖြည့်ပေးမယ့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီမျိုးကိုပေးဖို့ အလျင်စလို လိုအပ်နေပါတယ်။” ဟု မြန်မာနိုင်ငံအရေး အထူးအကြံပေးကောင်စီအဖွဲ့၀င် Yanghee Lee မှ ပြောကြားခဲ့ပါသည်။​

စစ်အာဏာသိမ်းရန်စတင်ကြိုးပမ်းခဲ့သည့် ဖေဖော်၀ါရီလမှစတင်၍ စစ်အုပ်စုအနေဖြင့် အရပ် သားပြည်သူလူထုအပေါ် ကာလရှည်ကြာစွာနေရာအနှံ့တွင် အကွက်ချ၍ တိုက်ခိုက် ထိုးစစ်ဆင်ခဲ့သောကြောင့် မြန်မာနိုင်ငံအဝှမ်းရှိ လူပေါင်းသုံးသန်းကျော်သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများကို လိုအပ်လျက်ရှိပါသည်။​ မြန်မာနိုင်ငံ၏ လွန်စွာစိုးရိမ်ဖွယ်ကောင်းသည့် ကိုဗစ်-၁၉ကပ်ဘေး တတိယလှိုင်းအား စစ်အုပ်စုအနေဖြင့် လက်နက်သဖွယ်အသုံးပြုခဲ့ပြီး ကျန်းမာရေး၀န်ထမ်းများအား ဖမ်းဆီးခြင်း၊ ဆေးရုံများတွင် တပ်စွဲခြင်း၊ ပြည်သူပေါင်း ၂၅၀၀၀၀ ခန့်အားလည်း ဆေးရုံများမှ အတင်းအဓမ္မ ရွှေ့ပြောင်းစေခြင်း၊ စားနပ်ရိက္ခာနှင့်ဆေး၀ါးအကူအညီများကိုလည်း ပိတ်ပင်တားဆီးခြင်းနှင့် ဖျက်ဆီးပစ်ခြင်း များပြုလုပ်ခဲ့ကြပါသည်။

ပြည်တွင်းရှိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့များ၊ အရပ်ဖက် အဖွဲ့ အစည်းများနှင့် တိုင်းရင်းသားဒေသများရှိ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေ ကြသည့်အဖွဲ့များပါဝင်သည့် ကျန်းမာရေးကွန်ယက်များအနေဖြင့်လည်း အကူအညီလိုအပ် နေသည့်ပြည်သူများထံ ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်လျက်ရှိကြပါသည်။ မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း ကပ်ရောဂါပိုးပြန့်ပွားမှုကို တားဆီးကာကွယ်နိုင်ရန်၊လျှော့ချနိုင်ရန်နှင့်ထိန်းချုပ်ရန်အတွက် ကိုဗစ်-၁၉ ရောဂါနှိမ်နှင်းရေးလုပ်ငန်းအဖွဲ့အား ဖွဲ့စည်းထားပြီးဖြစ်ပါသည်။

သို့သော်ငြားလည်း အကူအညီပေးနေကြသည့် ပြည်တွင်းအဖွဲ့အစည်းများ၏ လုပ်ငန်းများသည် စစ်အုပ်စု၏ နေ့စဥ်ရက်စက် အကြမ်းဖက်တိုက်ခိုက်မှုများကို ကြုံတွေ့နေကြရသည့်အပြင် အလှူရှင်အဖွဲ့အစည်းများ(Donor) နှင့် နိုင်ငံတကာအေဂျန်စီများမှ သတ်မှတ်ထားသည့် ရက်သတ္တပတ် များစွာ ကြာမြင့်သော ဗျူရိုကရေစီလုပ်ထုံးလုပ်နည်း လိုအပ်ချက်များကြောင့် မလိုအပ်ပဲ အသက်ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

“ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ီအပတ် တိုက်တွန်းထားတဲ့ ကိစ္စတွေ တကယ်ဖြစ်လာဖို့ တစ်ခုတည်းသော နည်းလမ်းက နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အာမခံခြင်း ဖြစ်ပါတယ်။ ဘေးဒုက္ခသက်သာစေရေး အကူအညီတွေဟာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား ဒေသအသီးသီးက အ၀န်းအ၀ိုင်းနဲ့ မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရတို့ ပူးပေါင်း တည်ဆောက်ထားပြီး လည်ပတ်နေပြီးသားဖြစ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ ကျန်းမာရေးအဆောက်အအုံ၊ ယန္တရားတွေကို ပိုပြီးအားဖြည့်ပေးတာမျိုးပဲဖြစ်ရပါမယ်။” ဟု မြန်မာနိုင်ငံအရေးအထူးအကြံပေးကောင်စီ၏ အဖွဲ့၀င် Marzuki Darusman မှ ပြောကြားခဲ့ပါသည်။

နိုင်ငံတကာအလှူရှင်များဖြစ်ကြသည့် အာဆီယံ၊ ဥရောပသမဂ္ဂ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရှိအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်း၍ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို နယ်မြေဖြတ်ကျော်ပေးအပ်နိုင်ရန် ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။ လက်ရှိတွင် ဖွဲ့စည်းတည်ရှိနေပြီးဖြစ်သော ရပ်ရွာအခြေပြု အကူအညီပေးရေးအဖွဲ့များကိုအားပြု၍ ပြည်သူမှပြည်သူသို့ အကူအညီများဖြန့်၀ေခြင်းသည် မြန်ဆန်၍၊ ပေါ်ပေါက်လာသည့် အခြေအနေအရပ်ရပ်အပေါ် လိုအပ်သလိုပြောင်းလဲနိုင်ခြင်းနှင့် ယုံကြည်မှုအပေါ်အခြေခံ၍ လည်ပတ်နိုင်ပါသည်။​ မြန်မာစစ်အုပ်စုအနေဖြင့် နာဂစ်မုန်တိုင်းကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်ကို ၎င်းတို့၏ နိုင်ငံရေးအရ ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်၍အလွဲသုံးစားလုပ်ခဲ့သည့် သက်သေသက္ကာယ များလည်းရှိသောကြောင့် ဖော်ပြပါအတိုင်း ပြည်သူမှပြည်သူသို့သာ ပြန်လည်ချိတ်ဆက် အကူအညီပေးရေးသည် လွန်စွာအရေးကြီးသည့်အချက်ဖြစ်ပါသည်။​ မြန်မာစစ်အုပ်စုအနေဖြင့် နာဂစ်မုန်တိုင်းအားအသုံးပြု၍​ နိုင်ငံတကာအသိုင်းအ၀ိုင်းကို လှည့်ဖျားခဲ့ပြီး ၎င်းတို့သည်သာ မြန်မာနိုင်ငံကိုဆက်လက်အုပ်ချုပ်သင့်သည်ဆိုသည့် တရား၀င်မှုကိုရရှိရန်နှင့် ထိုအချက်အား နိုင်ငံတကာအသိုင်းအ၀ိုင်းမှလက်ခံရန် အမြတ်ထုတ်လှည့်ဖျားသွားခဲ့သည်။ ၎င်းဖြစ်ရပ်မျိုး နောက်တစ်ကြိမ်ထပ်မံမဖြစ်ပေါ်စေရန် လုံး၀ဥဿုံတားမြစ်ရမည်ဖြစ်သည်။

“ယခုပေးအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဟာ မြန်မာနိုင်ငံမှာ ကာလ ရှည်ကြာဖြစ်ပေါ်နေခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ တစ်ခုတည်းသော အရင်းအမြစ်ဖြစ်တဲ့ စစ်အုပ်စုကို ပိုပြီးအားကောင်းသွားစေတာမျိုး၊ တရား၀င်မှုပေးတာမျိုးနဲ့ စစ်အုပ်စုရဲ့ အာဏာတည်မြဲမှုကို ပိုမိုခိုင်ခံ့သွားစေတာမျိုး လုံး၀မဖြစ်စေဖို့ဆိုတဲ့အချက်က အရမ်းကိုအရေးကြီးပါတယ်။ မြန်မာ့ ပြည်သူလူထုနဲ့ မြန်မာနိုင်ငံခံစားရတဲ့ ဒုက္ခ၀ေဒနာတွေဟာ စစ်အုပ်စုကြောင့်သာဖြစ်ပါတယ်။ စစ်အုပ်စုဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးမှာ ပူးပေါင်းရမယ့် မိတ်ဆွေတွေ မဟုတ်ပါဘူး။” ဟု မြန်မာနိုင်ငံအရေး အထူးအကြံပေးကောင်စီအဖွဲ့၀င် Chris Sidoti မှ ပြောကြားခဲ့ပါသည်။

Download the statement in Burmese: SAC-M PR UNSC Statement BURMESE