People in Myanmar on the brink of starvation

November 26th, 2021  •  Category Statements

မြန်မာနိုင်ငံရှိ ပြည်သူများ သည် ငတ်မွတ်ခေါင်းပါးမှုတွင်းနက်ထဲသို့ ကျလုနီးနီး ဖြစ်သည်

မြန်မာဘာသာဖြင့် ထုတ်ပြန်​ကြေညာချက်အား ​အောက်တွင်ဖတ်ရှုနိုင်ပါသည်။

26 November 2021: People throughout Myanmar are facing starvation. The world can either watch on or resolve the military junta-made crisis by formally recognising and engaging with the legitimate representatives of the Myanmar people – the National Unity Government (NUG), says the Special Advisory Council for Myanmar (SAC-M). 

Across Myanmar the military junta has blocked access roads, cutting off communities’ food and medical supplies, burned food stores and killed livestock. Repeated military offensives have prevented farmers in the northwest and east from planting and harvesting their yearly rice crops which are the main source of local food supply. People throughout the country are facing starvation as a result.

“Instead of wringing our hands wondering what to do, the international community can and must work formally with the NUG and get assistance across borders into the country and to the people who need it,” said Chris Sidoti of SAC-M. There are trusted local humanitarian and medical networks including ethnic service providers, community-based and civil society organisations that are already helping people. They need to be supported and empowered.”

The military junta has waged a brutal assault on the people of Myanmar for ten long months after junta leader Min Aung Hlaing attempted an illegal coup in February that was wholly resisted by the people and ignited a nationwide movement to liberate Myanmar from the military’s shadow once and for all.

Min Aung Hlaing’s forces have committed daily acts of terrorism since the coup and launched a widespread and systematic attack on the civilian population amounting to crimes against humanity. The intentional deprivation of food constitutes an element of such a crime.

The military junta has remained intransigent to international efforts and appeals for it to change course. Junta representatives, including Min Aung Hlaing, have rightly been prevented from participating in key international meetings. Their exclusions underline the international communitys refusal to recognise the military junta or grant it legitimacy.

“Actions that could be perceived as legitimising the junta are a betrayal to the people of Myanmar who are laying down their lives for their country’s freedom,” said Yanghee Lee of SAC-M. “Anyone claiming to accommodate the military in the interests of the people is in fact only prolonging their suffering. These actions can be viewed as being complicit in the military’s crimes.”

However, Myanmar has gone unrepresented at international meetings as a result of the international communitys reluctance to formally recognise the NUG as the legitimate government of Myanmar. The lack of formal engagement with the true representatives of Myanmar is stalling urgently needed international responses to the military junta-made crises. 

“Failure to recognise and engage with the NUG risks undermining the peoples democratic movement, the single direction of which is towards the people’s complete political liberation from the tyrannical yoke of the nation’s totally dishonoured Tatmadaw,” said Marzuki Darusman of SAC-M. We cannot allow a vacuum to arise leaving the door open for undemocratic bilateral deal- making by major external forces and interests amounting to illegitimate interferences in internal matters and a plundering of the nation’s natural resources.”

Effective and appropriate international assistance for Myanmar is critically needed. The military junta is the cause of the suffering in Myanmar, it is not a solution. The international community must formally recognise the NUG and engage consistently with it to enable a coherent international response to the urgent and overlapping political, security, humanitarian, human rights and economic crises. 

Download the statement in English: SAC-M PR International Engagement ENGLISH

 

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။

 

မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများသည် ငတ်မွတ်ခေါင်းပါးမှု ကို ရင်ဆိုင်ရ လျက်ရှိသည်။  ကမ္ဘာတစ်ဝန်းက ဒီအဖြစ်အပျက်ကို ထိုင်ကြည့်နေနိုင်သလို မြန်မာပြည်သူများကို တရားဝင် ကိုယ်စားပြုမှုများရှိသော အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အား တရားဝင် အသိအမှတ်ပြုပြီး အတူတကွ လက်တွဲ လုပ်ဆောင်ခြင်းအားဖြင့် စစ်အစိုးရ ပြုလုပ်သည့် အကျပ်အတည်း ကပ်ဘေးများကို ဖြေရှင်းနိုင်သည်ဟု မြန်မာနိုင်ငံ အထူးအကြံပေး ကောင်စီအဖွဲ့မှ ပြောကြားသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်အစိုးရမှ လမ်းပိတ်ခြင်း၊ ဒေသခံများအတွက် အစားအသောက်နှင့် ဆေးဝါး ထောက်ပံ့မှုများအား ဖြတ်တောက်ခြင်း၊ အစားအသောက် သိမ်းဆည်းသိုလှောင်သည့် နေရာများအား မီးရှို့ဖျက်စီးခြင်းနှင့် မွေးမြူရေး တိရိစ္ဆာန်များအား သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ စစ်တပ်၏ မကြာခဏ ထိုးစစ်ဆင်မှုများက နိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ တောင်သူလယ်သမားများအတွက် နှစ်စဉ် စပါးသီးနှံ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းကို ဟန့်တားလျက်ရှိသည်။ ဆန်စပါးဆိုသည်မှာ ဒေသတွင်း စားနပ်ရိက္ခာအတွက် အဓိကအရင်းအမြစ် ဖြစ်သည်။ ရလဒ်အနေနှင့် နိုင်ငံတဝှမ်းရှိ ပြည်သူများမှာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ရင်ဆိုင် ကြုံတွေ့ ကြရသည်။

 “ဘာလုပ်မယ်ဆိုတာ စဉ်းစားရင်း တွေဝေနေမယ့်အစား နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တရားဝင် အလုပ်လုပ်နိုင်သလို၊ လုပ်လည်းလုပ်ဆောင်ရမှာ ဖြစ်ပြီး လိုအပ်နေတဲ့ ပြည်သူတွေကို နိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်နိုင်တယ် ပြည်သူတွေကို ကူညီနေပြီးဖြစ်တဲ့ ဝန်ဆောင်မှုပေးနေတဲ့ တိုင်းရင်းသား လူမျိုးအဖွဲ့တွေ အပါအဝင် ယုံကြည်ရတဲ့ ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုနဲ့ ဆေးဝါးဆိုင်ရာ ပံ့ပိုးလုပ်ဆောင်နေတဲ့ ကွန်ရက်တွေ၊ လူထုအခြေပြု အရပ်ဖက်လူမှုအဖွဲ့အစည်းတွေလည်း ရှိတယ်။ သူတို့ကို ပံ့ပိုးပေးမှုတွေ၊ မြှင့်တင်ပေးမှုတွေ လိုအပ်တယ်။” ဟု မြန်မာနိုင်ငံအထူးအကြံပေးကောင်စီအဖွဲ့မှ Chris Sidoti မှ ပြောကြားခဲ့သည်။

စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်မှ ဖေဖော်ဝါရီလတွင် တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားပြီးနောက် ဆယ်လတာ ကာလအတွင်း စစ်အာဏာရှင်အနေဖြင့် မြန်မာနိုင်ငံပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုအာဏာသိမ်းကြိုးပမ်းမှုကို မြန်မာပြည်သူများမှ လုံးဝဆန့်ကျင်ခဲ့ပြီး မြန်မာနိုင်ငံအား စစ်တပ်၏ အရိပ်အောက်မှ နောက်ဆုံးအနေနှင့် အပြီးတိုင် လွတ်မြောက်စေနိုင်ရန်အတွက် တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကို အစပျိုးခဲ့သည်။

အာဏာသိမ်းပြီးချိန်မှစ၍ မင်းအောင်လှိုင်၏တပ်များသည် နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများဟု သတ်မှတ်နိုင်သည့် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ စီစဉ်ထားသည့် တိုက်ခိုက်မှုများကို ပြည်သူများအပေါ် စတင်လုပ်ဆောင်ခဲ့သည်။ အစားအသောက်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးခြင်းမှာ ထိုသို့သောရာဇဝတ်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

စစ်အာဏာရှင်သည် ၎င်းတို့၏ ဆောင်ရွက်မှုလမ်းစဉ်များကို ပြောင်းလဲရန်အတွက် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုနှင့်‌ တောင်းဆိုမှုများကို ဆက်လက် ငြင်းဆန်လျက်ရှိသည်။ မင်းအောင်လှိုင်အပါအဝင် စစ်အာဏာရှင်၏ ကိုယ်စားလှယ်များမှာ အဓိကကျသော နိုင်ငံတကာ အစည်းအဝေးများ တွင် ပါဝင်တက်ရောက်ရန် တားမြစ်ခြင်းခံရလျက် ရှိသည်။ ထိုသို့ ချန်လှပ်ခံထားရခြင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့ကို အသိအမှတ်ပြုရန် သို့မဟုတ် ၎င်းတို့အား တရားဝင်မှု ပေးရန် ငြင်းဆိုလျက်ရှိကြောင်း ထင်ရှားသည်။

“စစ်အာဏာရှင်ကို တရားဝင်ဖြစ်စေတဲ့ လုပ်ဆောင်မှုတွေက မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက် အသက်စွန့်နေကြတဲ့ မြန်မာပြည်သူတွေအပေါ် သစ္စာဖောက်မှု တစ်ရပ်အဖြစ် မြင်နိုင်ပါတယ်။ လူထု အကျိုးစီးပွားအတွက် စစ်တပ်နဲ့လိုက်လျောညီထွေ နေရတယ် လို့ပြောတဲ့သူတွေက ကယ်တော့ လူထုခံစားနေရတဲ့ အခက်အခဲ ဒုက္ခတွေကို ပိုမိုရှည်ကြာစေနေတာပါ။ ဒီလို လုပ်ဆောင်ချက်တွေက စစ်တပ်ရဲ့ ရာဇဝတ်မှုတွေအထဲမှာ ပါဝင်ပတ်သက်မှု ရှိတယ်လို့ ရှုမြင်လို့ရတယ်။” ဟု မြန်မာနိုင်ငံ အထူးအကြံပေးကောင်စီအဖွဲ့မှ Yanghee Lee က ပြောကြားခဲ့သည်။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန် တွန့်ဆုတ်နေသည့်အတွက် ရလဒ်အနေဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံတကာ အစည်းအဝေးများတွင် ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံ၏ စစ်မှန်သည့် ကိုယ်စားလှယ်များနှင့် တရားဝင် ချိတ်ဆက်မှု မရှိခြင်းမှာ စစ်အစိုးရကြောင့် ဖြစ်သော ဘေးအန္တရာယ်အကြပ်အတည်းများကို ဖြေရှင်းရန် အရေးပေါ် လိုအပ်သည့် နိုင်ငံတကာ တုံ့ပြန်ဆောင်ရွက်မှုများကို ရပ်တန့်စေလျက် ရှိသည်။

          “အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့နဲ့ လက်တွဲချိတ်ဆက်မှုတွေ မလုပ်နိုင်ခြင်းက ပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အားလျော့စေတယ်။ ဒီလူထုလှုပ်ရှားမှုရဲ့ တစ်ခုတည်းသော ဦးတည်ချက်က အင်မတန် သိက္ခာမဲ့နေတဲ့ နိုင်ငံ့တပ်မတော်ရဲ့ လက်အောက်ကနေ ပြည်သူတွေ နိုင်ငံရေးအရ လုံးဝလွတ်မြောက်မှု ရရှိဖို့ပဲ ဖြစ်တယ်။ အဓိကပြင်ပအင်အားစုတွေရဲ့ ဒီမိုကရေစီ မဆန်တဲ့ နှစ်ဖက်သဘောတူညီချက်တွေ၊ ကိုယ်ကျိုးစီးပွားအပေါ်အခြေခံပြီး ပြည်တွင်းရေးရာကိစ္စတွေမှာ ရိုးသားမှုမရှိတဲ့ ကြားဝင်ဖြန်ဖြေမှုတွေ နဲ့ နိုင်ငံတော်ရဲ့ သဘာဝသယံဇာတတွေကို အဓမ္မယူနိုင်ဖို့အတွက် အခွင့်အလမ်းတံခါးတွေ ပွင့်နိုင်တဲ့ ဟာကွက်တွေ ရှိလာမှာကို ကျွန်တော်တို့အနေနဲ့ ခွင့်မပြုနိုင်ဘူး။” ဟု မြန်မာနိုင်ငံ အထူးအကြံပေးကောင်စီအဖွဲ့မှ Marzuki Darusman က ပြောကြားခဲ့သည်။  

မြန်မာနိုင်ငံအတွက် ထိရောက်မှုရှိပြီး သင့်လျော်သည့် နိုင်ငံတကာ အကူအညီများ အရေးတကြီး လိုအပ်လျက် ရှိသည်။ စစ်အာဏာရှင်သည် မြန်မာနိုင်ငံအတွင်း ခံစားနေရမှုများကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်း ဖြစ်သည်။ ၎င်းသည် ပြဿနာ၏ အဖြေတစ်ရပ် မဟုတ်ပေ။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရအား တရားဝင် အသိအမှတ်ပြုပြီး တစိုက်မတ်မတ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တစ်ချိန်တည်းတွင် ဖြစ်ပေါ်လျက်ရှိသည့် အရေးပေါ် နိုင်ငံရေး၊ လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးနှင့် စီးပွားရေးဆိုင်ရာ အကြပ်အတည်းများအတွက် သင့်လျော်သည့် နိုင်ငံတကာ တုံ့ပြန်မှုများအား ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။

Download the statement in Burmese: SAC-M PR UNSC Statement BURMESE