There are reasons for optimism, one year on from the attempted coup

January 28th, 2022  •  Category Statements

အာဏာသိမ်းရန် ကြိုးပမ်းမှု တစ်နှစ်ကြာပြီးနောက်၊ အကောင်းဘက်သို့ မျှော်လင့်ရန် အကြောင်းရင်းများ

မြန်မာဘာသာဖြင့် ထုတ်ပြန်​ကြေညာချက်အား ​အောက်တွင်ဖတ်ရှုနိုင်ပါသည်။

28 January 2022: The Special Advisory Council for Myanmar (SAC-M) hosted a press conference yesterday, Thursday 27 January 2022. The scale and gravity of the crisis in Myanmar cannot be overstated, yet the members of SAC-M said there are reasons for optimism, even as the crisis caused by Min Aung Hlaing’s failed coup enters its second year. 

“Min Aung Hlaing tried to seize power over Myanmar on 1st of February last year. One year later, he has not succeeded. Why has he not succeeded? Why has he failed? Because the people of Myanmar resisted,” said Yanghee Lee, SAC-M founding member and former UN Special Rapporteur on Myanmar.

Yanghee Lee told the press conference that the resistance movement which manifested within days of the attempted coup has since become a democratic revolution. Lee highlighted the achievements of the revolution, including the announcement of a Federal Democratic Charter, appointment of the National Unity Government and formation of People’s Administration Committees.

These achievements have come at a heavy cost, with Min Aung Hlaing’s troops becoming more and more barbaric as his desperation grows. The intensity of violence in Myanmar has escalated in the last four months to outpace that of other global flashpoints Syria, Afghanistan, Yemen and Iraq.

Marzuki Darusman, SAC-M founding member and former chair of the UN Independent International Fact-Finding Mission on Myanmar, echoed Lee’s sentiment, however. “This is a nation that is in a historic process of re-envisioning itself towards a federal democracy. Historically, when a nation comes onto that track nothing can stop it, not even the junta,” he said.

Darusman said that among the reasons for optimism are the total de-legitimation of the junta, the pull-out of major corporations, and the growing recognition of the National Unity Government in the international community. 

The international system itself meanwhile was criticised for failing to act. Chris Sidoti, SAC-M founding member and former member of the UN Independent International Fact-Finding Mission, said that inaction has been the characteristic of the international response, but that there is an opportunity for change. 

Sidoti told the press conference that the UN Security Council needs to accept its responsibility under the UN Charter for international peace and security and pass a resolution on Myanmar that would see the three cuts – cut the weapons, cut the cash, cut the impunity – imposed on the military junta. He also called on the International Criminal Court and the International Court of Justice to welcome the National Unity Government as the representatives of the people of Myanmar and cooperate with them in their investigations, prosecutions and litigations.

 “We in the international system have the opportunity of being on the side of the people of Myanmar,” said Sidoti. “The victory of the people is clear, it will occur, but how will the international system be judged when the history of these years is written?”

Download statement in English: SAC-M PR 1 year optimism ENGLISH

 

နေ့စွဲ ။ ။ ၂၈၊ ဇန်နဝါရီလ၊ ၂၀၂၂။

 

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) သည် ယမန်နေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်၊ ကြာသာပတေးနေ့တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ကပ်ဘေးအကျပ်အတည်း အခြေအနေ နှင့် ပြင်းထန်မှုမှာ လွန်စွာဆိုးရွားလျက်ရှိပြီး မင်းအောင်လှိုင်၏ အောင်မြင်မှုမရှိသော အာဏာသိမ်းမှု ကြောင့် ဖြစ်ပေါ်လာသည့် ကပ်ဘေးသည် ဒုတိယနှစ်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သော်လည်း အကောင်းဘက်သို့ မျှော်လင့်ရန် အကြောင်းရင်းများရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ အဖွဲ့ဝင်များမှ ပြောကြားခဲ့သည်။

 “မနှစ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မင်းအောင်လှိုင်က မြန်မာနိုင်ငံအပေါ် အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တယ်။ တစ်နှစ်ကြာခဲ့ပြီ ဖြစ်ပေမယ့်လည်း အောင်မြင်မှု မရှိသေးဘူး။ ဘာကြောင့် မအောင်မြင်ရတာလဲ။ သူဘာကြောင့် ကျရှုံးနေရတာလဲ။ ဘာကြောင့်လဲဆိုရင်တော့ မြန်မာနိုင်ငံ ပြည်သူတွေက ခုခံတော်လှန်နေတဲ့အတွက်ကြောင့်ပဲ။” မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ တည်ထောင်သူနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee က ပြောကြားခဲ့သည်။

အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ပြီး ရက်ပိုင်းအတွင်း ပေါ်ပေါက်လာခဲ့သည့် ခုခံတော်လှန်ရေး လှုပ်ရှားမှုများသည် ဒီမိုကရေစီထုံးနည်းစံကျ တော်လှန်ရေးတစ်ရပ် ဖြစ်လာခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် Yanghee Lee မှ ပြောကြားခဲ့သည်။ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကြေညာချက်၊ အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ပြည်သူ့အုပ်ချုပ်ရေး ကော်မတီများအား ဖွဲ့စည်းနိုင်ခြင်း အပါအဝင် တော်လှန်ရေး၏ အောင်မြင်မှုများကို သူမက မီးမောင်းထိုးပြခဲ့သည်။

မင်းအောင်လှိုင်၏ ဆင်ခြင်တုံကင်းမဲ့စွာလုပ်ဆောင်မှုများ တိုးမြှင့် လာသည်နှင့်အမျှ ၎င်းတပ်ဖွဲ့များမှ ပိုမိုရက်စက်ကြမ်းကြုတ်လာသည့် အခြေအနေတွင် အရင်းအနှီးကြီးစွာ ပေးဆပ်ပြီးမှသာ ဤအောင်မြင်မှုများကို ရရှိလာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု အခြေအနေသည် လွန်ခဲ့သည့် လေးလအတွင်း ပိုမိုပြင်းထန်လာပြီး ကမ္ဘာပေါ်ရှိ အကြမ်းဖက်မှု ဖြစ်ပွားလျက်ရှိသည့် အခြားနေရာများဖြစ်သော ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ယီမင် နှင့် အီရပ် နိုင်ငံများထက် ပိုမိုဆိုးရွားလာခဲ့သည်။

သို့ပေမယ့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ တည်ထောင်သူဖြစ်ပြီး ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့၏ ဥက္ကဌဟောင်း  Marzuki Darusman က Yanghee Lee ၏ ပြောဆိုချက်ကို ထင်ဟပ်ဖော်ပြသည်။ “ဒီနိုင်ငံဟာ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့အတွက် ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်နေဆဲ သမိုင်းဝင် အချိန်ကာလ တစ်ခုမှာ ရှိနေတယ်။ သမိုင်းတလျှောက်မှာ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ဒီအခြေအနေကို ရောက်နေပြီဆိုရင် စစ်အာဏာရှင် မဆိုထားနဲ့ ဘယ်လိုအရာကမှ ဒါကို တားဆီးနိုင်မှာမဟုတ်ဘူး။” ဟု ၎င်းက  ပြောခဲ့သည်။

အကောင်းဘက်သို့မျှော်လင့်ရန် အကြောင်းရင်းများတွင် စစ်အာဏာရှင်အား လုံးဝတရားဝင်  မဖြစ်စေခြင်း၊ အဓိကကြီးမားသော ကော်ပိုရေးရှင်းများအား ဖယ်ထုတ်ရှင်းလင်းခြင်းနှင့် အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် အသိအမှတ်ပြုမှု ပိုမိုရရှိလာခြင်း များ ပါဝင်သည်ဟု Darusman က ပြောခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံတကာဆိုင်ရာ စနစ်များသည် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်း မရှိသဖြင့် ပြစ်တင်ဝေဖန်ခံရလျက်ရှိသည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ တည်ထောင်သူဖြစ်ပြီး ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့၏ အဖွဲ့ဝင်ဟောင်း Chris Sidoti က အရေးယူဆောင်ရွက်မှု မရှိခြင်းမှာ နိုင်ငံတကာ တုန့်ပြန်မှုများ၏ လက္ခဏာတစ်ရပ် ဖြစ်နေသော်လည်း ပြောင်းလဲမှုပြုလုပ်ရန် အတွက် အခွင့်အလမ်းများ ရှိကြောင်း ပြောခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းအောက်မှ  ၎င်း၏ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ဝတ္တရားများကို အသိအမှတ်ပြု လက်ခံရန်နှင့် စစ်အာဏာရှင်အပေါ် သက်ရောက်မည့် ဖြတ်သုံးဖြတ်ဖြစ်သော လက်နက် ဖြတ်တောက်ခြင်း၊ ငွေကြေးဖြတ်တောက်ခြင်းနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရခြင်းအား ဖြတ်တောက်ခြင်းများကို  လုပ်ဆောင်နိုင်မည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုရန် လိုအပ်ကြောင်း  Sidoti က သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့အား အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ ပြည်သူများ၏ ကိုယ်စားလှယ်အဖြစ် လက်ခံကြိုဆိုပြီး ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများ၊ စွဲချက်တင်ခြင်းများနှင့် တရားစွဲဆိုမှုများတွင် ပူးပေါင်းပါဝင်ပေးရန် အတွက်လည်း ၎င်းမှ တောင်းဆိုခဲ့သည်။

 “ကျွန်တော်တို့ နိုင်ငံတကာစနစ်တွေမှာ မြန်မာနိုင်ငံ ပြည်သူတွေဘက်က ရပ်တည်ဖို့အတွက် အခွင့်အလမ်း ရှိပါတယ်။ ပြည်သူတွေရဲ့ အောင်ပွဲက ရှင်းရှင်းလင်းလင်း တွေ့နေရပြီ၊ ဒါက ဖြစ်လာမှာပဲ။ ဒါပေမယ့် ဒီနှစ်တွေ အတွက် သမိုင်းမှတ်တမ်းကို ပြန်ရေးတဲ့အခါ နိုင်ငံတကာဆိုင်ရာ စနစ်တွေအနေနဲ့ ဘယ်လိုမျိုး အကဲဖြတ် ခံရနိုင်မလဲ။” ဟု Sidoti က ပြောခဲ့သည်။

Download statement in English: SAC-M PR 1 year optimism BURMESE