What Now, Hun Sen?

January 11th, 2022  •  Category Statements

ဟွန်ဆန် ဘာဆက်လုပ်မလဲ။

မြန်မာဘာသာဖြင့် ထုတ်ပြန်​ကြေညာချက်အား ​အောက်တွင်ဖတ်ရှုနိုင်ပါသည်။

11 January 2022: Myanmar’s would-be dictator Min Aung Hlaing has once again shown himself to be unrepentant and unaccountable to anyone after meeting with Cambodian Prime Minister Hun Sen, says the Special Advisory Council for Myanmar (SAC-M). The meeting occurred while junta forces were launching airstrikes and intensifying offensives in ethnic areas and only two days before State Counsellor Aung San Suu Kyi received a further four-year prison sentence for bogus charges including possessing unlicensed walkie talkies and allegedly violating coronavirus protocols while campaigning. 

Prime Minister Hun Sen undertook an ill-advised and contested visit to Naypyitaw to meet with Myanmar junta leader Min Aung Hlaing on 7 and 8 January 2022. The visit was condemned by the Myanmar people, Myanmar and Cambodian civil society and ASEAN parliamentarians, on the grounds that it would be instrumentalised by Min Aung Hlaing to seek legitimacy for his illegal junta. That is what happened.

Prime Minister Hun Sen failed to consult or engage with democratic leaders President Win Myint, State Counsellor Aung San Suu Kyi, or other members of the National Unity Government. A joint statement issued after the visit by Prime Minister Hun Sen and Min Aung Hlaing did not once mention the cause of Myanmar’s current suffering – Min Aung Hlaing’s failed coup – and sought to deflect concern away from the nation-wide crisis to focus on the protracted civil wars between the military and Myanmar’s ethnic nationalities.

“The joint statement issued by Prime Minister Hun Sen and Min Aung Hlaing is manifestly duplicitous, having been drafted with clear intent to stymie ASEAN efforts and mislead the international community as to the reality of the conflict in Myanmar,” said Marzuki Darusman of SAC-M. “It is an affront to the people of Myanmar and to ASEAN, to which we take great exception.” 

The joint statement implicitly praised the junta for declaring a year-long “ceasefire” between the military and Ethnic Armed Organisations (EAOs). Yet, junta forces were launching airstrikes and intensifying offensives in ethnic areas, displacing a reported 10,000 people from Loikaw, Kayah state, at the very same time that the meeting was taking place.

“Handing down the verdict and sentencing Daw Aung San Suu Kyi now, after having been delayed two or three times and barely two days after the Prime Minister’s visit, cannot be seen as anything but a deliberate, carefully timed attack on the Prime Minister designed to show him who’s in charge,” said Chris Sidoti of SAC-M. “If Hun Sen accepts this insult without response, he will be fatally wounded in his role as ASEAN Chair barely as he begins his term, and his influence and authority will be shredded for the full year ahead. The decision today is a direct challenge to Hun Sen: who calls the tune in ASEAN, the Chair or Min Aung Hlaing?”

Cambodia will hold the ASEAN chairmanship throughout 2022. The National Unity Government of Myanmar has publicly stated its commitment to working in partnership with ASEAN towards resolving the junta-made political, economic and humanitarian crises and its readiness to engage constructively with the new Special Envoy of the ASEAN Chair on Myanmar.

“It seems the only person fooled by Min Aung Hlaing’s attempt to dress himself up as a rational civilian leader was Prime Minister Hun Sen,” said Yanghee Lee of SAC-M. “What was already clear to everyone else is that the only way forward for the ASEAN Chair in responding to the crisis is not through publicity seeking actions but proper engagement with all stakeholders– including the National Unity Government, EAOs and democracy groups, within the parameters already agreed by ASEAN — and in coordination with the newly appointed UN Special Envoy of the Secretary-General.

Prime Minister Hun Sen undertook a foolish initiative but, having done so, the onus is now on him to get results. He cannot afford to let Min Aung Hlaing’s insult to his honour stand. As ASEAN Chair, he must lead an initiative to engage all parties in Myanmar without exception in developing a way forward that will ensure a democratic, peaceful, inclusive Myanmar. He must bring all ASEAN pressure to bear on the military junta, including through diplomatic, economic and security isolation if necessary, to secure an immediate end to the violence and the release of all political prisoners. So, what now, Hun Sen?

Download statement in English: SAC-M PR Hun Sen visit ENGLISH

 

နေ့စွဲ ။ ။ ၁၁၊ ဇန်နဝါရီလ၊ ၂၀၂၂။

 

မြန်မာနိုင်ငံ၏ စစ်အာဏာရှင်ဖြစ်လာသော မင်းအောင်လှိုင်သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်နှင့် တွေ့ဆုံပြီးနောက် ၎င်း၏ လုပ်ဆောင်ချက်များအတွက် နောင်တရခြင်း၊ တာဝန်ယူတာဝန်ခံမှုမလိုသည့်ဟန် ပြခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ ပြောကြားသည်။ စစ်အာဏာရှင် တပ်များမှ တိုင်းရင်းသားဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် ထိုးစစ်ဆင်မှုများ ပိုမိုအရှိန်မြှင့် လုပ်ဆောင်နေသည့်အချိန်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားမဝင် စကားပြောစက်များ လက်ဝယ်ထားရှိမှုနှင့် စည်းရုံးရေးဆင်းနေသည့် ကာလများတွင် ကိုဗစ်စည်းကမ်းဥပဒေများအား မလိုက်နာသည့်အတွက် ထောင်ဒဏ် နောက်ထပ်လေးနှစ် ချမည့် နှစ်ရက်အလိုတွင် ထိုအစည်းအဝေးကို ပြုလုပ်ခဲ့သည်။

ဝန်ကြီးချုပ်ဟွန်ဆန်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့တွင် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် နေပြည်တော်သို့ မသွားသင့်သည့် ခရီးစဉ်တစ်ခုကို သွားရောက်ခဲ့သည်။ ထိုခရီးစဉ်ကို အသုံးချ၍ မင်းအောင်လှိုင်အနေဖြင့် ၎င်း၏ တရားမဝင်စစ်ကောင်စီအား တရားဝင် ပြုလုပ်မည်ကို စိုးရိမ်သည့်အတွက် မြန်မာပြည်သူများ၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံမှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နှင့် အာဆီယံ လွတ်တော်အမတ်များမှ ခရီးစဉ်ကို ရှုံ့ချခဲ့ကြသည်။ ဤသည်မှာ ဖြစ်စဉ်အကျဉ်းချုပ်ဖြစ်သည်။

ဝန်ကြီးချုပ် ဟွန်ဆန်သည် ဒီမိုကရေစီ ခေါင်းဆောင်များဖြစ်သော သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် အမျိုးသားညီညွတ်ရေးအစိုးရမှ အခြားသော အစိုးရအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခြင်းမရှိခဲ့ပေ။ ဝန်ကြီးချုပ်ဟွန်ဆန်နှင့် မင်းအောင်လှိုင်တို့၏ တွေ့ဆုံဆွေးနွေးမှု ခရီးစဉ်ပြီးနောက် ထွက်ပေါ်လာသော ပူးတွဲထုတ်ပြန်ကြေညာချက်တွင် လက်ရှိမြန်မာနိုင်ငံ ရင်ဆိုင်နေရသော ပူပန်ခံစားရမှုများကို ဖြစ်ပေါ်စေသော အကြောင်းအရင်းဖြစ်သည့် မင်းအောင်လှိုင်၏ အောင်မြင်မှုမရှိသော အာဏာသိမ်းမှုကို တစ်ကြိမ်မျှ ဖော်ပြခြင်း မရှိပဲ စစ်တပ်နှင့် မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူများအကြား ကာလကြာမြင့်ပြီဖြစ်သော ပြည်တွင်းစစ်ကို စောင်းပေးဖော်ပြကာ တစ်နိုင်ငံလုံး ကြုံတွေ့နေရသော အကျပ်အတည်းမှ ရှောင်လွှဲရန် ကြိုးပမ်းခဲ့သည်။

“ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မင်းအောင်လှိုင်တို့ ထုတ်ပြန်တဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်က အာဆီယံရဲ့ အားထုတ်မှုတွေကို အဟန့်အတားဖြစ်စေဖို့နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခဆိုင်ရာ အမှန်တရား အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက အထင်အမြင် လွဲမှားအောင် မရိုးမသားရေးသားခဲ့တယ်ဆိုတာ သိသာတယ်။ ဒီလိုလုပ်ဆောင်ခြင်းက မြန်မာနိုင်ငံသားများနဲ့ အာဆီယံကို စော်ကားခြင်းဖြစ်တယ်။ ဒါက ကျွန်တော်တို့ လက်မခံနိုင်တဲ့ အရာဖြစ်တယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ကောင် စီမှ Marzuki Darusman က ပြောကြားခဲ့သည်။

ထိုပူးတွဲထုတ်ပြန်ချက်တွင် စစ်ကောင်စီအား စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား တစ်နှစ်တာ “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး” ကြေညာချက်နှင့် ပတ်သက်၍ သွယ်ဝိုက် အမွမ်းတင်ထားသည်။ သို့သော် စစ်ကောင်စီ၏ တပ်များသည် တိုင်းရင်းသား ဒေသများတွင် လေကြောင်း တိုက်ခိုက်မှုများနှင့် ထိုးစစ်ဆင်မှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာခဲ့ကြပြီး တင်ပြချက်များအရ ကယားပြည်နယ် လွိုင်ကော်မြို့နယ် မှ လူပေါင်း ၁၀၀၀၀ ကျော်ကို နေရပ်ရွေ့ပြောင်းမှုဖြစ်စေခဲ့ကာ၊ တစ်ချိန်တည်းမှာပင် ထိုအစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့ကြသည်။

“ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချဖို့အတွက် နှစ်ကြိမ် သုံးကြိမ်လောက် ရွှေ့ဆိုင်းခဲ့ပြီးမှ ဝန်ကြီးချုပ်ခရီးစဉ်ပြီးတဲ့ နှစ်ရက်မြောက်နေ့မှာ ထောင်ဒဏ်ချမှတ်တယ်ဆိုတာက ရည်ရွယ်ချက်ရှိရှိနဲ့ ဝန်ကြီးချုပ်ကို တာဝန်ရှိတဲ့သူက ဘယ်သူလဲဆိုတာ အချိန်ကိုက် ပြသဖို့အတွက် သေချာစီမံ ထားတာပဲ။ တကယ်လို့ ဟွန်ဆန်က ဒီစော်ကားမှုကို ဘာတုန့်ပြန်မှုမှ မလုပ်ပဲ လက်ခံမယ်ဆိုရင်တော့ သူ့အနေနဲ့ ခုမှ ပူပူနွေးနွေး တာဝန်ယူထားတဲ့ အာဆီယံ ဥက္ကဌ ရာထူးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပြီး လာမယ့် တစ်နှစ်ပတ်လုံး သူရဲ့ လွှမ်းမိုးနိုင်မှုနဲ့ အာဏာအပေါ်လည်း ထိခိုက်စေလိမ့်မယ်။ ဒီနေ့ချလိုက်တဲ့ ဆုံးဖြတ်ချက်က ဟူဆန်ကို တိုက်ရိုက် စိန်ခေါ်နေတယ်။ အာဆီယံကို ဘယ်သူက ထိန်းချုပ်နေတာလဲ။ ဥက္ကဌလား မင်းအောင်လှိုင်လား။” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ မှ Chris Sidoti က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံ ဥက္ကဌနေရာအား ၂၀၂၂ ခုနှစ်တွင် တာဝန်ယူသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး အစိုးရမှ အာဆီယံနှင့် အတူတကွ လက်တွဲပြီး စစ်ကောင်စီမှ ပြုလုပ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ် အကျပ်အတည်းများအား ဖြေရှင်းရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အသစ်ဖြင့် ထိရောက်စွာ ချိတ်ဆက်လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို လူသိရှင်ကြား ထုတ်ပြန်ထားပြီး ဖြစ်သည်။

“မင်းအောင်လှိုင်ရဲ့ သမာသမတ်ကျတဲ့ အရပ်သားခေါင်းဆောင်တစ်ယောက်လို ဟန်ဆောင်ပြီး အရူးလုပ်တာ ခံရတဲ့ တစ်ယောက်တည်းသောသူက ဝန်ကြီးချုပ် ဟွန်ဆန် ဖြစ်ပုံရတယ်။ အာဆီယံ ဥက္ကဌအနေနဲ့ ဒီကပ်ဆိုက်ကာလ အကျပ်အတည်းတွေကို တုန့်ပြန်ဖြေရှင်းဖို့အတွက်က လူတွေရဲ့ စိတ်ဝင်စားမှုရအောင် လုပ်ရမှာမဟုတ်ဘူး၊ တစ်ခုတည်းသောရှေ့ဆက်ရမယ့် နည်းလမ်းက အာဆီယံအနေနဲ့ သတ်မှတ်ချက်ဘောင်အတွင်းက သဘောတူထားပြီးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဒီမိုကရေစီအစုအဖွဲ့တွေ အပါအဝင် သက်ဆိုင်ရာအဖွဲ့တွေအားလုံးနဲ့ သင့်လျော်တဲ့့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ရမယ် ဆိုတာမှာကို လူတိုင်း ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်တယ်။ ပြီးတော့ အသစ်ခန့်အပ်လိုက်တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကော်မတီမှ Yanghee Lee က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်သည် မိုက်မဲသော လုပ်ရပ်ကို လုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်တွင် ထိုလုပ်ဆောင်ချက်မှ အဖြေ ထွက်ပေါ်လာရန်မှာ ၎င်း၏တာဝန်သာ ဖြစ်သည်။ ၎င်းအနေဖြင့် ၎င်း၏ ရာထူးဂုဏ်တည်ရှိမှုကို မင်းအောင်လှိုင်မှ စော်ကားနေခြင်းအပေါ် ခွင့်ပြုနိုင်စွမ်းမရှိပေ။ အာဆီယံ ဥက္ကဌ ဖြစ်သည့် အားလျော်စွာ ၎င်းအနေဖြင့် ဒီမိုကရေစီနည်းကျသော၊ ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော မြန်မာနိုင်ငံဖြစ်စေရန် ရှေ့ဆက်ရမည့်နည်းလမ်းတစ်ရပ်အဖြစ် မြန်မာနိုင်ငံရှိ အဖွဲ့များအားလုံးကို ချန်လှပ်ထားခြင်း မရှိပဲ အားလုံးနှင့် ချိတ်ဆက်ဆွေးနွေးလုပ်ကိုင်ရန် စတင် ဦးဆောင်ရမည်ဖြစ်သည်။ အကြမ်းဖက်မှုများအား ချက်ချင်း အဆုံးသတ်နိုင်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်စေရန်အတွက် ၎င်းအနေဖြင့် သံတမန်ရေး၊ စီးပွားရေးနှင့် လိုအပ်ပါက လုံခြုံရေးဆိုင်ရာ ဖယ်ကျဉ်မှုများ အပါအဝင် အာဆီယံ၏ ဖိအားများအားလုံးကို စစ်ကောင်စီအပေါ် ချမှတ်လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အတွက် ဟွန်ဆန် ဘာဆက်လုပ်မလဲ။

Download statement in Burmese :SAC-M PR Hun Sen visit BURMESE