Nationwide New Year Strikes Show the Strength of Democratic Resistance in Myanmar


April 15th, 2022  •  Category Statements

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်သစ်ကူး ဆန္ဒထုတ်ဖော်မှုမှ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး ခုခံလှုပ်ရှားမှုမှာ အင်အားကောင်းကြောင်းကို ပြသလျက်ရှိသည်။

မြန်မာဘာသာဖြင့် ထုတ်ပြန်​ကြေညာချက်အား ​အောက်တွင်ဖတ်ရှုနိုင်ပါသည်။

15 April 2022: The massive scale of nationwide strikes held in Myanmar over Thingyan sends a powerful message that democratic resistance to the military coup will continue into the New Year. Even under sustained attack, the resistance is holding its ground against the military junta and laying the foundations of a future federal democracy, says the Special Advisory Council for Myanmar (SAC-M).

Myanmar’s streets have been emptied for days when they would usually be packed with people joining water festivities for Thingyan, to wash away sins of the previous year and celebrate the New Year in Myanmar. The New Year itself falls on Sunday 17 April.

The empty streets are an act of nationwide resistance to the military junta, which attempted to seize power in a coup last year and is trying to create a perception that the situation in Myanmar is normalising. The junta is reported to have forced its own employees to take part in official Thingyan festivities in a vain attempt to bolster participation.

“The massive New Year strikes in Myanmar send a powerful message that the people’s commitment to democratic resistance continues,” said Chris Sidoti of SAC-M. “The military wants to present the situation as normalising – with these strikes the people of Myanmar are demonstrating very clearly that it is not.” 

In early April alone, junta forces are reported to have set fire to hundreds of homes across townships in Magway, Mandalay and Sagaing regions. Junta forces have waged a months-long campaign of arson across central and northwest Myanmar in an attempt to crush strong local resistance to the coup there. 

Days before Thingyan, junta forces launched deadly airstrikes and artillery against civilian targets in the Karen State town of Lay Kay Kaw in Karen National Union territory, as part of a sustained and devasting campaign of aerial bombardment against allied democratic resistance forces in the southeast.

The military junta’s forces have repeatedly committed mass atrocities in deliberate acts of terror as part of a sustained, widespread and systematic attack on the civilian population since it launched the coup last year. The attack has devastated lives but has not resulted in the military gaining greater control over the country.

“The democratic resistance in Myanmar has held its ground against the military junta over the past year. Indeed, there is now less territory in Myanmar under the control of the military than there was twelve months ago,” said Marzuki Darusman of SAC-M. “The junta had expected to subdue the people within days of its ill-fated February coup of last year, in the manner of a similar case in Ukraine. That seems to be a fatal mistake.”

The one-year anniversary of the appointment of the National Unity Government of Myanmar (NUG) by the Committee Representing Pyidaungsu Hluttaw also falls over Thingyan, on Saturday 16 April. Along with Ethnic Revolutionary Organisations (EROs), the National Unity Consultative Council, political parties and protest groups, these institutions are working to shape a future Myanmar pursuant to the Federal Democracy Charter, albeit while under constant attack from the junta.

“The National Unity Government formed one year ago. Since then, it has taken vital steps to lay the foundations of a future federal democracy in Myanmar, such as accepting the jurisdiction of the International Criminal Court to end the impunity that has devasted Myanmar for so long,” said Yanghee Lee of SAC-M. “What is missing in this picture is the international support for the people of Myanmar. Where is it?” 

As Myanmar enters a New Year, a time of renewed hope, SAC-M is calling on the international community to finally step up and recognise the NUG as the legitimate government of Myanmar. The NUG is deserving of recognition as the government of Myanmar, according to internationally accepted criteria. States must increase political and financial support to the NUG, including by granting the NUG access to US$1 billion of Myanmar assets frozen by the United States Government after the coup. 

States must massively increase cross-border assistance to Myanmar through the NUG and EROs, with supply lines coming from neighbouring countries, in order to effectively address the junta-made humanitarian crisis in Myanmar. 

Finally, SAC-M is calling for a global three cuts strategy against the junta through the imposition and enforcement of a comprehensive global arms embargo against Myanmar, targeted economic sanctions against senior junta members and military aligned businesses, and referral of the situation in Myanmar to the International Criminal Court. 

 

Download the English version of the statement: SAC-M PR New Year ENGLISH

နေ့စွဲ ။ ။ ၁၅၊ ဧပြီလ၊ ၂၀၂၂။

မြန်မာနိုင်ငံတွင် သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာ ခုခံတော်လှန်မှုကြီးသည် စစ်အာဏာသိမ်းမှုကို နှစ်သစ်တွင်လည်း ဒီမိုကရေစီအရေး ခုခံလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားမည်ဆိုသော ပြင်းထန်အားကောင်းသည့် သတင်းစကား ပေးလျက်ရှိသည်။ အဆက်မပြတ်တိုက်ခိုက်ချေမှုန်းခံနေရသော်လည်း စစ်အာဏာရှင်အား ခုခံတော်လှန်မှုသည် အခိုင်အမာ ဆက်လက်တည်ရှိနေပြီး အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီအတွက် အခြေခံအုတ်မြစ်များချလျက်ရှိသည် ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ  ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်ဟောင်းမှ အပြစ်များကို ဆေးကြောသန့်စင်ရန်နှင့် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် ကျင်းပသော အတာသင်္ကြန်ရက်များတွင် ပုံမှန်အားဖြင့် လူအများရေကစားခြင်းဖြင့် စည်ကားလျက်ရှိခဲ့သော လမ်းများသည် ရက်အတော်ကြာ ခြောက်ကပ်လျက်ရှိသည်။ နှစ်သစ်ကူးနေ့မှာ ဧပြီလ ၁၇ ရက် တနင်္ဂနွေနေ့တွင် ကျရောက်သည်။

ခြောက်ကပ်လျက်ရှိသော လမ်းများသည် လွန်ခဲ့သောနှစ်တွင် အာဏာသိမ်းခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေအနေမှာ ပုံမှန်လည်ပတ်လျက်ရှိနေသည်ဆိုသောအမြင်ကို ပုံဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိသော စစ်အာဏာရှင်အား နိုင်ငံတစ်ဝှမ်း ခုခံတွန်းလှန်မှုဆိုင်ရာ လုပ်ဆောင်ချက်တစ်ရပ် ဖြစ်သည်။ စစ်အာဏာရှင်သည် သင်္ကြန်ပွဲတော်များတွင် လူစည်ကားစေရန် ၎င်း၏ ဝန်ထမ်းများအား ပါဝင်ဆင်နွှဲစေရန် ဖိအားပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့ကြသည်။

 “မြန်မာနိုင်ငံတွင် နှစ်သစ်ကူးသပိတ်မှောက်မှုတွေကတဆင့် ပြည်သူတွေဟာ ဒီမိုကရေစီအရေး ခုခံတွန်းလှန်မှုကို   ဆက်လက် လုပ်ဆောင်နေတယ်ဆိုတဲ့ အားကောင်းတဲ့ သတင်းစကားကို ပေးနေတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီမှ Chris Sidoti က ပြောကြားခဲ့သည်။ “စစ်တပ်က အခြေအနေတွေ ပုံမှန် ပြန်ဖြစ်နေပြီလို့ ပြချင်တယ်။ ဒါပေမယ့်လည်း မြန်မာပြည်သူတွေရဲ့ ဒီသပိတ်မှောက်မှုတွေက အခြေအနေတွေ ပုံမှန်မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတယ်။”

ဧပြီလ အစောပိုင်းတွင်ပင် စစ်အာဏာရှင်၏ တပ်ဖွဲ့များမှ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများမ မြို့နယ်များရှိ ရာပေါင်းများစွာသော နေအိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြသည်။ အာဏာသိမ်းမှုအား ဒေသခံများမှ ပြင်းပြင်းထန်းထန် ခုခံတော်လှန်နေမှုကို ချေမှုန်းရန်ကြိုးပမ်းရာတွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတစ်လျှောက် စစ်အာဏာရှင်၏တပ်ဖွဲ့များမှ မီးရှို့ဖျက်စီးမှုများကို လနှင့်ချီ၍ ပြုလုပ်ခဲ့သည်။

သင်္ကြန်မတိုင်မီရက်များတွင် အရှေ့တောင်ပိုင်းရှိ မဟာမိတ်ပြုထားသည့် ဒီမိုကရေစီတော်လှန်ရေး အင်အားစုများကို စဉ်ဆက်မပြတ် တိုက်ခိုက်ချေမှုန်းရန်အတွက် လေကြောင်းစစ်ဆင်ရေးဆိုင်ရာ အစိတ်အပိုင်းတစ်ခုအဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကရင်ပြည်နယ် လေးကေကော်မြို့တွင် အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထား၍ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကို စစ်အာဏာရှင်၏ တပ်ဖွဲ့များမှ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်၏ တပ်ဖွဲ့များသည် လွန်ခဲ့သောနှစ် အာဏာသိမ်းမှုပြုလုပ်ခဲ့သည့် အချိန်မှစ၍ အရပ်သားပြည်သူများအပေါ် စဉ်ဆက်မပြတ်၊ ကျယ်ပြန့်သော စနစ်တကျ တိုက်ခိုက်မှု၏ အစိတ်အပိုင်း တစ်ခုအဖြစ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုများကို ရက်ရက်စက်စက် ထပ်ဖန်တလဲလဲ ကျူးလွန်ခဲ့သည်။ ထိုတိုက်ခိုက်မှုများသည် ဘ၀၊ အသက်များကို ဖျက်ဆီး ဆုံးရှုံးစေခဲ့သော်လည်း တိုင်းပြည်အတွင်း စစ်တပ်မှ ပိုမိုထိန်းချုပ်နိုင်မှုကို ရရှိစေနိုင်ခြင်း မရှိပေ။

 “မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဒီမိုကရေစီနည်းလမ်းတကျ ခုခံတော်လှန်မှုက လွန်ခဲ့သော နှစ်အတွင်း ခိုင်ခိုင်မာမာ ဖြစ်တည်ခဲ့တယ်။ တကယ်ပဲ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ရှိတဲ့ နေရာဒေသ တွေဟာ လွန်ခဲ့သော ဆယ့်နှစ်လနဲ့ ယှဉ်ရင် အခုချိန်မှာ အတော်ကို လျော့နည်းသွားပြီ။” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ Marzuki Darusman က ပြောကြားခဲ့သည်။ “ယူကရိန်းအခြေအနေလိုပဲ စစ်အာဏာရှင်အနေနဲ့ လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလ အကြောင်းမလှခဲ့တဲ့ အာဏာသိမ်းမှုအပြီး မကြာခင်ရက်များအတွင်းမှာပဲ ပြည်သူတွေကို အနိုင်ယူနိုင်ဖို့မျှော်လင့်ခဲ့တယ်။ ဒါဟာ ဆိုးရွားတဲ့ အမှားကြီးတစ်ခုပဲ။”

သင်္ကြန်ကာလ ဧပြီလ ၁၆ ရက် စနေနေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းခန့်အပ်ခဲ့သည်မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ နိုင်ငံရေးပါတီများနှင့် ဆန္ဒပြအစုအဖွဲ့များနှင့်အတူ ထိုအဖွဲ့အစည်းများသည် စစ်အာဏာရှင်၏ တိုက်ခိုက်မှုများအား အစဉ်မပြတ်ခံစား နေရသော်လည်း ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ အနာဂတ် မြန်မာနိုင်ငံအား ပုံဖော်ရန် လုပ်ဆောင်ကြလျက် ရှိသည်။

 “အမျိုးသားညီညွတ်ရေးအစိုးရကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဖွဲ့စည်းခဲ့တယ်။ အဲ့ဒီအချိန်ကစပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကာလရှည်ကြာ မြန်မာနိုင်ငံကို ဖျက်ဆီးနေတဲ့ ပြစ်ဒဏ်ကင်းလွတ် နေမှုကို အဆုံးသတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံခြင်းစတဲ့ မြန်မာနိုင်ငံအတွင်းမှာ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီအတွက် အခြေခံအုတ်မြစ်ချဖို့ အတွက် အရေးကြီးတဲ့ အဆင့်တွေကို လုပ်ဆောင်ခဲ့တယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ  Yanghee Lee က ပြောကြားခဲ့သည်။ “ဒီပုံဖော်မှုမှာ လိုအပ်နေတဲ့ အရာကတော့ မြန်မာနိုင်ငံရှိ ပြည်သူတွေအတွက် နိုင်ငံတကာ အထောက်အပံ့ပဲဖြစ်တယ်။ အဲ့ဒါက ဘယ်မှာလဲ။”

မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်ချက်များ သစ်လွင်သော နှစ်သစ်သို့ ဝင်ရောက်လာချိန်တွင် နိုင်ငံတကာအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ တောင်းဆိုသည်။ နိုင်ငံတကာမှ လက်ခံထားသည့် စံသတ်မှတ်ချက်များအရ အမျိုးသားညီညွတ်ရေး အစိုးရသည် မြန်မာနိုင်ငံ၏ အစိုးရတစ်ရပ် အဖြစ် အသိအမှတ်ပြုမှုရရှိရန် ထိုက်တန်ပေသည်။ အာဏာသိမ်းမှု နောက်ပိုင်း အမေရိကန်အစိုးရမှ ပိတ်ပင်ထိန်းချုပ်ထားသည့် ရန်ပုံငွေအမေရိကန် ဒေါ်လာ ၁ ဘီလီယမ်ကို အမျိုးသားညီညွတ်ရေးအစိုးရမှ လက်လှမ်းမီရရှိနိုင်ခွင့်အပါအဝင် နိုင်ငံများအနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရအား နိုင်ငံရေးနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့များ ပိုမိုတိုးမြှင့် ပေးရပေမည်။

မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်ကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းများအား ထိရောက်စွာ ဖြေရှင်းနိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ ထောက်ပံ့ရေး လမ်းကြောင်းများအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့်  တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများမှ တဆင့် မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် အကူအညီများအား နိုင်ငံများအနေဖြင့် ပိုမိုတိုးမြှင့်ပေးရမည်။

နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံသို့ ကမ္ဘာတစ်ဝှမ်းမှ လက်နက်ရောင်းချမှုများကို အလုံးစုံပိတ်ဆို့ခြင်းကို ပြဌာန်း ကျင့်သုံးရန်၊ စစ်အာဏာရှင်၏ အကြီးတန်းအဖွဲ့ဝင်များနှင့် စစ်တပ်နှင့် ဆက်စပ်လျက်ရှိသော စီပွားရေးလုပ်ငန်းများ အပေါ် စီးပွားရေးပိတ်ဆို့မှုများ ပစ်မှတ်ထားလုပ်ဆောင်ရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ အခြေအနေများအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးသို့ တင်သွင်းခြင်းဖြင့် စစ်အစိုးရအပေါ် ကမ္ဘာလုံးဆိုင်ရာ ဖြတ်သုံးဖြတ်နည်းဗျူဟာကို ကျင့်သုံးရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ  တောင်းဆိုလျက်ရှိသည်။

Download the Burmese version of the statement: SAC-M PR New Year BURMESE