ASEAN Risks Flouting All Humanitarian Principles

May 9th, 2022  •  Category Statements

အာဆီယံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများအား ချိုးဖောက်တော့မည့် အန္တရာယ် ကြုံတွေ့နေရသည်

မြန်မာဘာသာဖြင့် ထုတ်ပြန်​ကြေညာချက်အား ​အောက်တွင်ဖတ်ရှုနိုင်ပါသည်။

9 May 2022: The plans of the Association of Southeast Asian Nations (ASEAN) for humanitarian assistance to Myanmar flout fundamental humanitarian principles of humanity, neutrality, impartiality and independence and will advance the military objectives of the Myanmar military junta, says the Special Advisory Council for Myanmar (SAC-M). The plans were announced by the current ASEAN Chair, Cambodia, following a consultative meeting on Friday.

The outcomes of the consultative meeting include plans for the ASEAN Coordinating Centre for Humanitarian Assistance on disaster management (AHA Centre) to deliver aid to areas identified by the Myanmar military junta and in coordination with the junta.

“The areas singled out for humanitarian assistance by the military junta under ASEAN’s plan are the very areas where the junta has been relentlessly attacking civilians with airstrikes and scorched-earth campaigns for months on end,” said Marzuki Darusman of SAC-M. “The junta has no power in those areas and its attempt to control ASEAN’s delivery of aid to them is nothing more than a strategy designed to advance its military agenda.” 

“ASEAN aid personnel working in areas under attack from the junta could become unwitting ‘human-shields’ for the junta’s ulterior motives,” Marzuki Darusman added.

There are 14 million people in need of humanitarian assistance in Myanmar, while an estimated 800,000 people are displaced inside the country. Most are seeking refuge from the junta’s attacks in territory along Myanmar’s borders outside the junta’s control. The junta refuses to permit cross-border aid into these areas. 

“Under no circumstances should ASEAN be hailed for colluding with the junta to develop a military-controlled plan for humanitarian assistance, more than one year into the crisis, when it has failed to get support to the cross-border networks of local civil society, community and faith-based groups and ethnic service providers that have been working tirelessly to keep people alive,” said Yanghee Lee of SAC-M. “It is inhumane for ASEAN’s own member states that neighbour Myanmar to keep their borders closed just to please the junta, which is the cause of Myanmar’s suffering. “

“Myanmar’s neighbouring countries must not forget their international obligation to assist in delivering humanitarian aid through their borders,” Yanghee Lee added.

The consultative meeting was held less than a week before an important summit between the United States (US) and ASEAN, due to take place on 12 and 13 May in Washington DC. ASEAN has been criticised for failing to make any progress towards resolving the junta-made crises in Myanmar. Myanmar junta-leader Min Aung Hlaing has repeatedly humiliated Prime Minister Hun Sen of Cambodia in his misguided efforts to engage the junta. 

“ASEAN’s plans for humanitarian assistance to Myanmar are clearly a vain attempt to have something to show the US. ASEAN claims to have the central role in Southeast Asia but its Five Point Failure shows its irrelevance. The outcomes of the consultative meeting are an outrage,” said Chris Sidoti of SAC-M.

The Cambodian Foreign Minister tried to implicate the United Nations (UN) Special Envoy to Myanmar in this plan by saying she had participated in the meeting. In fact, her attendance had been blocked by the junta. She was invited and then disinvited. At this point, ASEANs credibility is hanging by a thread, says SAC-M.

SAC-M is calling on ASEAN to abide by the fundamental humanitarian principles of humanity, neutrality, impartiality and independence. ASEAN must secure the immediate opening of cross-border humanitarian corridors into Myanmar and coordinate with all relevant parties, including the National Unity Government, the National Unity Consultative Council, Ethnic Revolutionary Organisations and local actors to finally deliver the aid it promised the people of Myanmar more than one year ago. If it fails, it must get out of the way of others who are far more willing to act.

Download the English version of the statement: SAC-M PR ASEAN Humanitarian Plan ENGLISH

နေ့စွဲ ။ ။ ၉၊ မေလ၊ ၂၀၂၂။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမည့် အစီအစဉ်သည် လူသားချင်းစာနာ ထောက်ထား သော၊ ဘက်လိုက်ခြင်းကင်းသော၊ ခွဲခြားဆက်ဆံမှုမရှိသော၊ လွတ်လပ်သောစသည့် အခြေခံအကျဆုံး လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတို့အား ချိုးဖောက်လျက်ရှိပြီး မြန်မာစစ်အာဏာရှင်၏ စစ်ရေးရည်မှန်းချက်များကို ပိုမိုမြှင့်တင်ပေးလိမ့်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-) က ပြောသည်။ ထိုအစီအစဉ်များကို လက်ရှိ အာဆီယံဥက္ကဌဖြစ်သော ကမ္ဘောဒီးယားမှ သောကြာနေ့တွင် ကျင်းပခဲ့သည့် ဘုံသဘောတူညီမှုအစည်းအဝေးအပြီး ကြေညာခဲ့သည်။

ထိုဘုံသဘောတူညီမှုအစည်းအဝေး၏ ရလာဒ်များတွင် အာဆီယံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Centre) မှ မြန်မာစစ်အာဏာရှင် သတ်မှတ်ပေးသော နေရာဒေသများသို့ ၎င်းတို့နှင့် အတူ ကူညီထောက်ပံ့မှုများ ပေးအပ်မည့် အစီအစဉ်များ ပါဝင်သည်။

“အာဆီယံရဲ့ အစီအစဉ်နဲ့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေပေးဖို့ စစ်ကောင်စီ ရွေးထားတဲ့ နေရာဒေသတွေက ပြည်သူတွေကို သူတို့လေကြောင်းတိုက်ခိုက်မှုတွေနဲ့  အဆက်မပြတ်တိုက်ခိုက်ခဲ့ပြီး လပေါင်းများစွာ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့တဲ့ နေရာတွေဖြစ်တယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ Marzuki Darusman က ပြောသည်။ “စစ်ကောင်စီအနေနဲ့က အဲဒီနေရာတွေ အပေါ် အာဏာသက်ရောက်ခြင်းမရှိဘူး။ ဒီနေရာတွေကို အာဆီယံရဲ့ ကူညီထောက်ပံ့မှုတွေကို ဖြန့်ဝေရာမှာ ထိန်းချုပ်ဖို့ ကြိုးပမ်းတာက သူတို့ရဲ့ စစ်ရေးအစီအစဉ်တွေ ပိုအားကောင်းလာအောင် မြှင့်တင်ဖို့ ဗျူဟာတစ်ခု ပဲဖြစ်တယ်။

“စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေခံနေရတဲ့ နေရာဒေသတွေမှာ အလုပ်လုပ်ပေးတဲ့ ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ မသမာတဲ့အကြံအစည်တွေကြားမှာ မရည်ရွယ်ပဲနဲ့ ‘လူသားဒိုင်း’ ဖြစ်သွား နိုင်တယ်။” ဟု Marzuki Darusman မှ ထပ်လောင်းပြောသည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား လိုအပ်နေသူ ၁၄ သန်း ရှိပြီး  လူပေါင်း ၈သိန်းခန့်မှာ ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်ကြရသည်။ အများစုမှာ စစ်အာဏာရှင်၏ တိုက်ခိုက်မှုမှ လွတ်မြောက်ရန် မြန်မာနိုင်ငံနယ်စပ်တလျှောက် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် မရှိသော နေရာ ဒေသများတွင် ခိုလှုံရာရှာလျက်ရှိသည်။

“မြေပြင်မှာ လူသားတွေ ရှင်သန်ခွင့်ရအောင် မမောမပမ်းအလုပ်လုပ်နေကြတဲ့ နယ်စပ်ဖြတ်ကျော် အရပ်ဖက်လူမှုအဖွဲ့အစည်း ကွန်ရက်တွေ၊ လူမှုအသိုင်းအဝိုင်းနဲ့ ဘာသာရေးအဖွဲ့တွေ၊ တိုင်းရင်းသားလူမှုဝန်ဆောင်မှုပေးတဲ့ အဖွဲ့တွေအတွက် တစ်နှစ်ကျော်ြကာတဲ့အထိ အာဆီယံအနေနဲ့ ကူညီ ထောက်ပံ့မှုတွေ မပေးနိုင်ခဲ့ပဲ စစ်တပ်ကထိန်းချုပ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ် တစ်ခုဖြစ်လာအောင် စစ်အာဏာရှင်နဲ့ ပူးပေါင်းမှုအပေါ်မှာ အာဆီယံကို ဘာမှချီးမြှောက်နေစရာ အကြောင်းမရှိဘူး။” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ Yanghee Lee က ပြောသည်။ “အာဆီယံရဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း စစ်အာဏာရှင် စိတ်အလိုကျစေဖို့အတွက် သူတို့ရဲ့ နယ်စပ်ဒေသတွေကို ပိတ်ထားခြင်းက လူသားမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါက မြန်မာနိုင်ငံကြုံတွေ့ခံစား နေရတဲ့ ဒုက္ခတွေရဲ့ အကြောင်းရင်းတစ်ရပ်လည်းဖြစ်တယ်။”

“မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ နယ်စပ်တွေကတဆင့် လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးပို့ရာမှာ ကူညီပေးရမယ့် အပြည်ပြည်ဆိုင်ရာ တာဝန်ဝတ္တရားတွေကို မမေ့ဖို့ လိုတယ်။” ဟု Yanghee Lee က ထပ်လောင်းပြောသည်။

မေလ ၁၂ ရက်နှင့် ၁၃ ရက်နေ့ ဝါရှင်တန်ဒီစီတွင် ကျင်းပမည့် အမေရိကန် (ယူအက်စ်) နှင့် အာဆီယံတို့အကြား အရေးကြီးသည့် ထိပ်သီးအစည်းအဝေးမကျင်းပမီ တစ်ပတ်အလိုတွင် ထိုအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော စစ်ကောင်စီဖန်တီးသည့် ကပ်ဘေးအား ဖြေရှင်းရန်အတွက် မည်သည့် တိုးတက်မှုတစုံတရာမျှ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဟု ဝေဖန်ခံရလျက် ရှိသည်။ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အနေဖြင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်အား စစ်အာဏာရှင်နှင့် ချိတ်ဆက်ရန် မှားယွင်းသော ကြိုးပမ်းအားထုတ်မှုအတွက် အကြိမ်ကြိမ်အရှက်ရစေခဲ့သည်။

“မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေပေးဖို့ အာဆီယံရဲ့ အစီအစဉ်က အမေရိကန်ကို ပြဖို့အတွက် အချည်းနှီးသော ကြိုးပမ်းမှု တစ်ရပ်ပဲ။ အာဆီယံအနေနဲ့ အရှေ့တောင်အာရှမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ တာဝန်ယူထားရတယ်လို့ ပြောလေ့ရှိပေမယ့် ဘုံသဘောတူညီချက်ငါးရပ်ကို လုပ်ဆောင်နိုင်ခြင်း မရှိတာကြောင့် ဒါဟာ ဆီလျော်မှုမရှိဘူးဆိုတာ ဖော်ပြနေတယ်။ ဒီအစည်းအဝေးရဲ့ ရလဒ်ကလည်း ဂုဏ်သိက္ခာရှိတဲ့ ရလဒ်မဟုတ်ဘူးဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီမှ Chris Sidoti က ပြောသည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အား ဤအစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့သည်ဟုဆိုကာ ဤအခြေအနေတွင်းသို့ ဆွဲသွင်းခဲ့သည်။ စင်စစ် သူမ၏ တက်ရောက်မှုအား အာဏာရှင်မှ ပိတ်ပင်ခဲ့သည်။ သူမအနေဖြင့် ဖိတ်ကြားခြင်း ခံခဲ့ရ သော်လည်း နောက်ပိုင်းတွင် ဖိတ်ကြားခြင်းအား ပယ်ဖျက်ခဲ့သည်။ ဤအခြေအနေတွင် အာဆီယံအပေါ် ယုံကြည် စိတ်ချနိုင်မှု မရှိသလောက်ဖြစ်နေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီက ပြောသည်။

အာဆီယံအား လူသားချင်းစာနာထောက်ထားသော၊ ဘက်လိုက်ခြင်းကင်းသော၊ ခွဲခြားဆက်ဆံမှုမရှိသော၊ လွတ်လပ်သောစသည့် အခြေခံအကျဆုံး လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများအား လိုက်နာရန် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီမှ တောင်းဆိုလိုက်သည်။ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်စပ်ဖြတ်ကျော်နိုင်သော ပေါင်းကူးစင်္ကြံများ ချက်ချင်းဖွင့်ပေးရန်နှင့် လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်မှ ၎င်းတို့ကတိကဝတ်ပြုထားသည့် ကူညီထောက်ပံ့မှုများ အား မြန်မာပြည်သူများထံသို့ ပေးပို့ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဒေသခံ အဖွဲ့အစည်းများအပါအဝင် အခြား သင့်လျော်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် သေချာစွာ လုပ်ဆောင်ရမည်။ အကယ်၍ ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ပါက ၎င်းတို့အနေဖြင့် အခြားသောကူညီဆောင်ရွက်ပေးလိုသူများအတွက် နေရာဖယ်ပေးရမည်။

Download the Burmese version of the statement: SAC-M PR ASEAN Humanitarian Plan BURMESE