UN and ASEAN Must Respond to Junta’s Summary Executions

July 25th, 2022  •  Category Statements

ကမ္ဘာ့ကုလသမဂ္ဂနှင့် အာဆီယံအနေဖြင့် စစ်ကောင်စီ၏ သေဒဏ်စီရင်ခြင်းအပေါ် တုန့်ပြန်ဆောင်ရွက်မှုပြုရမည်။

မြန်မာဘာသာဖြင့် ထုတ်ပြန်​ကြေညာချက်အား ​အောက်တွင်ဖတ်ရှုနိုင်ပါသည်။

25 July 2022: The summary executions of political prisoners are further abhorrent acts of terror by a military junta desperately trying to ensure its own survival. The United Nations (UN) and Association of Southeast Asian Nations (ASEAN) must stop shamefully failing the Myanmar people and finally take concerted action against the junta, says the Special Advisory Council for Myanmar (SAC-M).

Myanmar military propaganda reported today that democracy activists Kyaw Min Yu, also known as “Ko Jimmy,” and Phyo Zeya Thaw, also a former member of parliament, as well as two other men, Hla Myo Aung and Aung Thura Zaw, were executed in prison. The military first announced its plans to carry out the executions in June 2022.

The four individuals were sentenced to death by a military tribunal acting contrary to international standards of justice and due process. The courts in Myanmar under the control of the military junta are not independent and work only to serve the interests of the junta.

“The military has been executing Myanmar people in their thousands for the last 60 years and these are but the latest,” said Chris Sidoti of SAC-M. “What makes these executions especially revolting, however, is the military’s blatant attempt to give them the appearance of judicial legitimacy, though the military court was a sham, a mockery of justice, fairness and due process. No one is fooled.”

The Myanmar military has been losing ground to the democratic resistance since it launched a failed coup eighteen months ago. The junta is detaining at least 11,759 political prisoners in its jails without access to legal representation, including many of the 114 people it has sentenced to death since February 2021. 41 people have been sentenced to death in absentia. Multiple, credible reports have been made of systematic torture, sometimes resulting in death, occurring in military detention. 

Across the country the junta is committing further massive human rights violations in an attempt to crush democratic resistance, but it is unable to defeat the national uprising revolting against Myanmar’s long-established military-dominated system.

“The military junta is acting with total barbarism. The despicable execution of these four men – that amount to summary executions – are intended entirely to drive fear into the hearts of anyone opposing the junta. That is an act of terror by any UN definition,” said Marzuki Darusman of SAC-M. “The junta is a massive militarised force that is waging war against the civilian population of Myanmar and is therefore primary accountable for the highest degree of violence currently prevailing, which these executions are the most manifest. The junta fails to understand that every act of brutality is only strengthening the resolve of the entire nation against it.” 

The international community has failed shamefully to protect the Myanmar people from the junta’s extreme and escalating violence. UN Member States have been slow to grant formal recognition to the National Unity Government of Myanmar (NUG). The UN Security Council is yet to even table a single resolution on Myanmar, despite the gravity of the situation and the threat to international peace and security.

The ASEAN Five-Point Consensus agreed with junta leader Min Aung Hlaing in April 2021 is a failure with the junta making no progress towards its implementation. Current ASEAN Chair, Cambodian Prime Minister Hun Sen, wrote publicly to Min Aung Hlaing requesting that he refrain from carrying out the planned executions. By going ahead with them, Min Aung Hlaing has demonstrated that no one has the diplomatic leverage to curb his atrocities.

“It is long past time for a new approach to Myanmar’s crisis,” said Yanghee Lee of SAC-M. “The international failure of the Myanmar people cannot continue. Min Aung Hlaing and his illegal barbaric junta are not people that can be reasoned with. The UN and ASEAN must exert as much pressure on the junta as possible to bring this crisis to an end.”

SAC-M is calling for all UN Member States to formally recognise the NUG. The UN Security Council should pass a resolution on Myanmar referring the situation to the International Criminal Court (ICC). States parties to the Rome Statute of the ICC should also refer the situation in Myanmar to the Court. If the ICC cannot act, then the General Assembly or the Human Rights Council should establish a special tribunal on Myanmar to begin the prosecutorial process and bring Min Aung Hlaing, the junta leaders and their cronies to justice.

SAC-M calls on ASEAN to maintain permanently its rejection of Min Aung Hlaing and the military junta from participation in ASEAN meetings as a consequence of its abrogation of the Five-Point Consensus and contempt for the efforts of successive ASEAN Chairs. SAC-M calls on ASEAN to work with the NUG to develop a new roadmap towards resolving the crisis, beginning with the urgent provision of cross-border humanitarian assistance.

နေ့စွဲ ။ ။ ၂၅၊ ဇူလိုင်လ၊ ၂၀၂၂။

နိုင်ငံရေးအကျဉ်းသားများအား သေဒဏ်စီရင်ခြင်းသည် စစ်ကောင်စီမှ ၎င်းတို့၏ ရှင်သန်ရပ်တည်နိုင်ရေး သေချာစေရန်အတွက် လုပ်ဆောင်သော စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် မြန်မာနိုင်ငံသားများအပေါ် ရှက်ဖွယ်ကောင်းသည့် တာဝန်မ‌ကျေမှုများကို ရပ်တန့်ကာ စစ်အာဏာရှင်အား တိကျသေချာသည့် အရေးယူမှုများ ပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ ပြောကြားသည်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများဖြစ်သော ကျော်မင်းယု (ခ) ကိုဂျင်မီနှင့် လွှတ်တော်ကိုယ်စားလှယ် ဟောင်းတစ်ဦးဖြစ်သော ဖြိုးဇေယျာသော် အပါအဝင် အခြားအမျိုးသားနှစ်ဦး ဖြစ်သည့် လှမျိုးအောင်နှင့် အောင်သူရဇော်တို့အား အကျဉ်းထောင်တွင် ကွပ်မျက်ခဲ့ကြောင်းကို မြန်မာစစ်တပ်ပိုင် ဝါဒဖြန့် သတင်းဌာနမှ ယနေ့တွင် ဖော်ပြခဲ့သည်။ ၂၀၂၂ ခုနှစ် ဇွန်လတွင် သေဒဏ်ပေးခြင်းနှင့် ပတ်သက်၍ ၎င်း၏ အစီအစဉ်များကို စစ်တပ်မှ ပထမအကြိမ်ကြေညာခဲ့သည်။

ထိုသူလေးဦးစလုံးအား တရားမျှတမှုဆိုင်ရာ နိုင်ငံတကာ စံချိန်စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်၍ စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ထိန်းချုပ်မှုအောက်ရှိ တရားရုံးများသည် အမှီအခိုကင်းမဲ့သော ခုံရုံးများမဟုတ်ပဲ စစ်အာဏာရှင်၏ အကျိုးစီးပွား အတွက်သာ လည်ပတ်လုပ်ဆောင်လျက်ရှိသည်။

 “စစ်တပ်က နှစ်ပေါင်းခြောက်ဆယ်အတွင်း ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံသားတွေကို သေဒဏ်ပေးခဲ့ပြီး ဒီစီရင်မှုက လတ်တလောဖြစ်ပျက်ခဲ့တဲ့ ကိစ္စပေါ့။” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ Chris Sidoti က ပြောကြားခဲ့သည်။ “ဒါပေမယ့် ဒီသေဒဏ်စီရင်မှုမှာ ရွံစရာကောင်းတဲ့ကိစ္စက စစ်တပ်ရဲ့ တရားရုံးတွေဟာ တရားမျှတမှု မရှိ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ သွေဖယ်နေတဲ့ အတုအယောင်ခုံရုံးတစ်ခု ဖြစ်ပေမယ့် စစ်တပ်အနေနဲ့ တရားစီရင်ရေးဆိုင်ရာ အခွင့်အာဏာရှိတယ်ဆိုတာကိုပြဖို့အတွက် ပြောင်ကျကျလုပ်ဆောင်ချက် တစ်ခုဖြစ်တယ်။ ဒါပေမယ့် ဘယ်သူမှတော့ သူတို့လှည့်စားတာ မခံဘူး။”

မြန်မာစစ်တပ်အနေဖြင့် လွန်ခဲ့သည့် ၁၈ လ အောင်မြင်မှုမရှိသော အာဏာသိမ်းမှုတစ်ရပ်ကို ပြုခဲ့သည့် အချိန်မှစ၍  ဒီမိုကရေစီအရေး ခုခံတွန်းလှန်မှုများကို အရေးနိမ့်လျက်ရှိသည်။ စစ်အာဏာရှင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၁၁၇၅၉ ဦးကို ဖမ်းဆီးထောင်ချခဲ့ပြီး ထိုအထဲမှ ၁၁၄ ဦးမှာ သေဒဏ်ချမှတ်ခံခဲ့ရသည်။ စစ်တပ်အကျဉ်းစခန်းများ၌ စနစ်တကျ ညှဉ်းပမ်း နှိပ်စက်မှုများရှိပြီး တစ်ခါတစ်ရံ အသက်သေဆုံးရခြင်းများရှိကြောင်း ယုံကြည်ရသည့် အစီရင်ခံစာများမှ ဖော်ပြလျက်ရှိသည်။

နိုင်ငံအနှံ့အပြား ဒီမိုကရေစီအရေးခုခံတော်လှန်မှုများကို နှိမ်နှင်းရန်အတွက် စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများအား များစွာကျူးလွန်လျက်ရှိသော်လည်း မြန်မာနိုင်ငံရှိ ကာလကြာရှည်တည်ဆောက် ထားသော စစ်တပ်လွှမ်းမိုးသည့်စနစ်ကို နိုင်ငံတဝှမ်း တော်လှန်ပုန်ကန်နေမှုကို ‌ချေမှုန်းနိုင်ခြင်း မရှိပေ။

 “စစ်အာဏာရှင်က ရိုင်းစိုင်းယုတ်မာမှုတွေကို လုပ်ဆောင်နေတယ်။ ဒီလူလေးဦးကို ခုခံခွင့်မပေးပဲ သေဒဏ်စီရင်တာက အာဏာရှင်ကို ဆန့်ကျင်နေတဲ့သူတွေ အားလုံးရဲ့နှလုံးသားထဲကို ကြောက်စိတ်တွေထည့်ပေးဖို့ လုံးဝရည်ရွယ်တာပဲ။ ဒါက ကုလသမဂ္ဂရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အကြမ်းဖက်တိုက်ခိုက်မှုပဲ။” ဟု Marzuki Darusman က ပြောကြားခဲ့သည်။ “စစ်အာဏာရှင်ဟာ မြန်မာနိုင်ငံအရပ်သား ပြည်သူတွေကို ဆန့်ကျင် တိုက်ခိုက်ချေမှုန်းနေတဲ့ အင်အားကြီး လက်နက်ကိုင်အစုအဖွဲ့တစ်ခုဖြစ်တယ်။ ဒါကြောင့် ဒီသေဒဏ်စီရင်မှုက သက်သေပြနေတဲ့ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေအတွက် အဓိကတာဝန်ရှိတဲ့သူတွေ ဖြစ်တယ်။ စစ်အာဏာရှင်နားမလည်တာက သူတို့ရဲ့ ရက်စက်မှုတိုင်းက တစ်နိုင်ငံလုံးရဲ့ အာဏာရှင်ကို အနိုင်ရလိုစိတ်ကို ပိုမိုခိုင်မာအားကောင်းစေတာပါပဲ။”

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရှက်ဖွယ်ကောင်းလောက်အောင်ပင် စစ်အာဏာရှင်၏ အလွန်ဆိုးရွားပြီး အရှိန်မြှင့်လုပ်ဆောင်နေသော အကြမ်းဖက်မှုများမှ မြန်မာနိုင်ငံသားများအား ကာကွယ်ပေးနိုင်ခြင်း မရှိပေ။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား တရားဝင် အသိအမှတ်ပြုရန် နှောင့်နှေးကြန့်ကြာလျက်ရှိသည်။ အခြေအနေပြင်းထန်လျက်ရှိပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်လျက်ရှိသော်လည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ မြန်မာနိုင်ငံအတွက် အဆိုပြုချက်တစ်ခုကိုပင် ဆွေးနွေးဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။

၂၀၂၁ ခုနှစ် ဧပြီလတွင် စစ်အာဏာရှင်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် သဘောတူညီချက် ရရှိခဲ့သော အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်မှာလည်း စစ်အာဏာရှင်မှ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်မှု မရှိသဖြင့် ကျရှုံးမှုတစ်ခုသာ ဖြစ်ခဲ့သည်။ လက်ရှိ အာဆီယံ၏ ဥက္ကဌဖြစ်သော ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်မှ သေဒဏ်ပေးမည့် အစီအစဉ်အား ဆက်လက်ဆောင်ရွက်ခြင်းမပြုရန်အတွက် မင်းအောင်လှိုင်ထံသို့ လူသိရှင်ကြား စာရေးပေးပို့ခဲ့သည်။ သို့ရာတွင် အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်ခဲ့ခြင်းဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ၎င်း၏ ရက်စက်ယုတ်မာမှုများအား တားဆီးနိုင်သည့် သံတမန်ရေး ဩဇာအာဏာမရှိကြောင်းကို မင်းအောင်လှိုင်မှ လက်တွေ့ပြသခဲ့သည်။

“မြန်မာနိုင်ငံရဲ့ ကပ်ဘေးအတွက် ချဉ်းကပ်မှုပုံစံအသစ် ဖြစ်သင့်တာ ကြာပြီ။” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖွဲ့မှ Yanghee Lee မှ ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပျက်ကွက်မှုတွေက ဆက်ဖြစ်လို့ မရတော့ဘူး။ မင်းအောင်လှိုင်နဲ့ သူ့ရဲ့တရားမဝင် ယုတ်မာရက်စက်တဲ့ စစ်ကောင်စီဟာ ကျိုးကြောင်းဆီလျော်စွာနဲ့ နားလည်အောင် ရှင်းပြလို့ရတဲ့သူတွေမဟုတ်ဘူး။ ကုလသမဂ္ဂနဲ့ အာဆီယံ အနေနဲ့ ဒီကပ်ဘေးကို အဆုံးသတ်ဖိုအတွက် စစ်ကောင်စီအပေါ် ဖိအားတွေ တတ်နိုင်သမျှ ပေးဖို့လိုအပ်တယ်။”

အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီမှ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကို တိုက်တွန်းသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ တင်သွင်းမည့် မြန်မာနိုင်ငံနှင့်ပက်သက်သော ဆုံးဖြတ်ချက် ချမှတ်သင့်သည်။ နိုင်ငံတကာရာဇဝတ်ခုံရုံး၏ ရောမပြဌာန်း ဥပဒေစာချုပ် (Rome Statues) အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း မြန်မာနိုင်ငံ၏အခြေအနေများအား ရုံးတော်သို့ တင်သွင်းသင့်သည်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးအနေဖြင့် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိပါက အထွေထွေညီလာခံ သို့မဟုတ် လူ့အခွင့်အရေးကောင်စီမှ တရားစွဲဆိုမှုလုပ်ငန်းစဉ်အား စတင်နိုင်ရန်နှင့် မင်းအောင်လှိုင်၊ စစ်ကောင်စီ ခေါင်းဆောင်များနှင့် ၎င်းတို့၏ ခရိုနီများအား ရုံးတင်နိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာအထူးခုံရုံးတစ်ခုကို​ စတင်ဖော်ဆောင်သင့်ပေသည်။

မင်းအောင်လှိုင်နှင့် အာဏာရှင်စစ်တပ်အား ဘုံသဘောတူညီချက်ငါးရပ်အား လိုက်နာဆောင်ရွက်မှု မရှိခြင်းနှင့် အာဆီယံဥက္ကဌ အဆက်ဆက်၏ ကြိုးပမ်းမှုများအား မထီမဲ့မြင်ပြုမှုတို့၏ နောက်ဆက်တွဲရလဒ် အနေဖြင့် ၎င်းတို့အား အာဆီယံအစည်းအဝေးများ တက်ရောက်ခွင့်မပြုခြင်းကို ဆက်လက်လုပ်ဆောင်ရန် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီမှ တောင်းဆိုပါသည်။ အာဆီယံအနေဖြင့် ဤကပ်ဘေးအား ဖြေရှင်းနိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ်ထောက်ပံ့ခြင်းဖြင့် စတင်သည့် လမ်းပြမြေပုံသစ်တစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းရေးဆွဲရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ တောင်းဆိုပါသည်။

Download the Burmese version of the statement: SAC-M PR Summary Executions BURMESE