ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အနေဖြင့် တာဝန်ခံမှုအရှိန်မြှင့်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးအတွက် မြန်မာလူထု၏
ကြိုးပမ်းမှုများကို ထောက်ခံအားပေးပါ။
မြန်မာဘာသာဖြင့် ထုတ်ပြန်ကြေညာချက်အား အောက်တွင်ဖတ်ရှုနိုင်ပါသည်။
15 March 2024: The United Nations (UN) Human Rights Council must respond to the gravity of the escalating crisis in Myanmar. It must urgently provide effective support for the Myanmar people’s efforts to establish federal democracy, including by holding the military accountable, says the Special Advisory Council for Myanmar (SAC-M).
SAC-M team members Isabel Todd and Connor Macdonald travelled to Geneva this month to meet with UN officials, diplomats and members of Myanmar’s National Unity Government during the 55th Regular Session of the UN Human Rights Council. The Council is due to adopt a resolution on Myanmar at the end of the Session.
More than three years ago, in response to the military’s attempted coup, the Myanmar people launched a nationwide grassroots revolution to transition the country into a federal democracy. They are strengthening local revolutionary administrations and interim governance structures across the country. But the military continues to obstruct the Myanmar people’s democratic aspirations through the commission of gross human rights atrocities that amount to the most serious crimes under international law, including war crimes and crimes against humanity.
Independent on-the-ground verification of reports of conflict-related fatalities is extremely challenging in the current Myanmar context. According to the Armed Conflict Location and Event Data Project (ACLED), which aggregates conflict data from open-source material, at least 50,000 people have been killed in Myanmar since the launch of the military’s attempted coup in 2021, including at least 8,000 civilians. ACLED says these figures are conservative estimates. According to the UN, there are at least 2.7 million people displaced inside the country and 18.6 million people in need of aid, due to the military’s blockades on humanitarian assistance.
The military has escalated its use of violence against the population in recent weeks and months, signalling its determination to continue committing atrocities so long as it has the means to do so. The UN Human Rights Council has so far failed to respond in a manner proportionate to the gravity of the crisis. It has not acted to end the impunity that makes the atrocities possible, as many UN human rights mechanisms have stated.
SAC-M is calling on the members of the Human Rights Council to protect human rights in Myanmar far more effectively through the upcoming resolution. The Council should address accountability by identifying ways to utilise the extensive evidence collected by the UN Independent Investigative Mechanism for Myanmar, including through the establishment of a special tribunal for Myanmar. It must call on UN member States to cease all transfers of arms and aviation fuel to the Myanmar military. It must demand that the Security Council impose compulsory arms and fuel embargoes and refer the entire Myanmar situation to the International Criminal Court for prosecutions.
Furthermore, the Human Rights Council should support the Myanmar people’s clearly expressed democratic will and aspirations by calling for strengthened international recognition of, and engagement with, the National Unity Government, National Unity Consultative Council, Ethnic Revolutionary Organisations and civil society, including on urgent delivery of humanitarian assistance.
The UN has failed the people of Myanmar to date. The Human Rights Council must lead the way in remedying that failure by taking concrete steps to end the military’s human rights violations and contribute to laying the foundations for a peaceful and just future for Myanmar.
၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်။
မြန်မာနိုင်ငံတွင် တစ်နေ့တစ်ခြား ဆိုးရွားပြင်းထန်လာနေသော ပဋိပက္ခ၏ အခြေအနေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တုံ့ပြန်အရေးယူရမည်ဖြ်ပါသည်။ စစ်တပ်အား ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှု များကို တာဝန်ခံစေမှုအပါအဝင် ဖယ်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရန် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ထိရောက်သော ပံ့ပိုးကူညီမှုများ စောလျင်စွာ ပေးအပ်ရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ (SAC-M) မှ ပြောကြားလိုက်ပါသည်။
SAC-M အဖွဲ့မှ အဖွဲ့ဝင် Isabel Todd နှင့် Connor Macdonald တို့က လူ့အခွင့်အရေးကောင်စီ၏၅၅ ကြိမ်မြောက်၊ ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂမှ တာဝန်ရှိသူများ၊ သံတမန်များ၊ မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံရန် ယခုလအတွင်း ဂျီနီဗာသို့ သွားရောက်ခဲ့သည်။ ကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို အစည်းအဝေးအပြီးတွင် ချမှတ်မည်ဖြစ်သည်။
လွန်ခဲ့သည့် သုံးနှစ်ကျော်ကာလအတွင်း စစ်တပ်၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် မြန်မာပြည်သူ များက တစ်နိုင်ငံလုံးအနှံ့ အောက်ခြေလူထုတော်လှန်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသို့ အသွင်ကူးပြောင်းလိုသည့် တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။ ၎င်းတို့သည် နိုင်ငံတဝှမ်းရှိ ခုံတော်လှန်ရေးအဖွဲ့များ၏ ဒေသန္တရအုပ်ချုပ်ရေးနှင့် ကြားဖြတ်အုပ်ချုပ်ရေးဖွဲ့စည်းပုံများကို အားကောင်းလာအောင် လုပ်ဆောင်နေကြသည်။ သို့ရာတွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် နိုင်ငံတကာဥပဒေအရ အဆိုးရွားဆုံးသော ရာဇဝတ်မှုများဖြစ်သည့် လူ့အခွင့်အရေးဆိုင်ရာ ရက်စက်ယုတ်မာမှု အဖုံဖုံကို စစ်တပ်က ကျူးလွန်နေပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ မျှော်မှန်းချက်များကို ဆက်လက်တားဆီး ပိတ်ပင်နေဆဲပင်ဖြစ်သည်။
ပဋိပက္ခနှင့်ဆက်နွယ်သော ထိခိုက်သေဆုံးမှုအစီရင်ခံစာများကို ပကတိ အခြေအနေမှန်အတိုင်း စိစစ်အတည်ပြုခြင်းသည် လက်ရှိမြန်မာနိုင်ငံအခင်းအကျင်းတွင် လွန်စွာခက်ခဲသော စိန်ခေါ်မှုဖြစ်နေဆဲပင်ဖြစ်သည်။ အများပြည်သူလက်လှမ်းမီနိုင်သော သတင်းအချက်အလက်များမှ ပဋိပက္ခဆိုင်ရာ သတင်းအချက်အလက်များကို စုစည်းနေသော ACLED အဖွဲ့ ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာသိမ်းမှု ကြိုးစားချိန်မှ စတင်၍ အရပ်သား ၈၀၀၀ အပါအဝင် မြန်မာနိုင်ငံတွင် အနည်းဆုံး လူ ၅၀,၀၀၀ ထက်မနည်း သေဆုံးခဲ့သည်။ ACLED က ယင်းအချက်အလက်များက အနိမ့်ဆုံး ခန့်မှန်းထားသော
အချက်အလက်များဖြစ်သည်ဟု ပြောဆိုထားပါသည်။ ကုလသမဂ္ဂ၏ အချက်အလက်အရ နိုင်ငံအတွင်း အနည်းဆုံး လူဦးရေ ၂.၇ သန်းခန့်သည် အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးတွင် စစ်တပ်၏ ပိတ်ဆို့ကန့်သတ်ချက်များကြောင့် အကူအညီလိုအပ်နေသူ ၁၈.၆ သန်းခန့်ရှိနေသည်။
စစ်တပ်သည် မကြာသေးမီ ရက်သတ္တပတ်များနှင့် လများအတွင်း လူထုအပေါ် အကြမ်းဖက်မှုကို ပိုမိုကျူးလွန်လာခဲ့ပြီး ၎င်းတို့အခွင့်အရေးရသမျှကာလပတ်လုံး ရက်စက်ယုတ်မာမှုများကို ဆက်လက်ကျူးလွန်ရန် ဆုံးဖြတ်ချက်ချထားကြောင်း သိသာထင်ရှားနေပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ပဋိပက္ခ၏ အခြေအနေကို သင့်လျော်သလို တုံ့ပြန်ဆောင်ရွက်ရန် ပျက်ကွက် နေဆဲပင်ဖြစ်ပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရားအများအပြားက ဖော်ပြထားပြီးသည့်အတိုင်း မြန်မာနိုင်ငံအတွင်း ဆိုးရွားစွာအကြမ်းဖတ်မှုများကို ဖြစ်ပေါ်စေသည့်အချက်ဖြစ်သည့် စစ်တပ်အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေမှုကို ရပ်တန့်စေရန်လည်း မဆောင်ရွက်ပေးသေးချေ။
ယခုချမှတ်မည့် ဆုံးဖြတ်ချက်ဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးများကို ပိုမိုထိရောက်စွာကာကွယ် ပေးနိုင်ရန်အတွက် SAC-M က လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်များအား တောင်းဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးခုံရုံးတည်ထောင်ခြင်း အပါအဝင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားမှ စုဆောင်းရရှိထားသော အထောက်အထားများအားလုံးကို အသုံးချမည့် နည်းလမ်းများကို သတ်မှတ်ဖော်ထုတ်ခြင်းဖြင့် တာဝန်ခံစေမှုရှိစေရန် လူ့အခွင့်အရေးကောင်စီက ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပါသည်။ မြန်မာစစ်တပ်ထံသို့ လက်နက်နှင့် လေယာဉ်ဆီတင်ပို့မှုများအားလုံးကို ရပ်ဆိုင်းရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုရမည်ဖြစ်သည်။ လက်နက်များနှင့် လောင်စာဆီတင်သွင်းမှုကို မဖြစ်မနေ တရားဝင် ပိတ်ပင်တားဆီးကန့်သတ်ရန်နှင့် တရားစွဲဆိုရန်အတွက် လူ့အခွင့်အရေးကောင်စီသည် လုံခြုံရေးကောင်စီအား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်အား လွှဲပြောင်းပေးအပ်ရန် တောင်းဆိုရမည်ဖြစ်ပါသည်။
ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီအား အရေးပေါ်ပေးအပ်ခြင်းအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများအား နိုင်ငံတကာမှ အသိအမှတ်ပြုမှုနှင့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ ခိုင်မာအားကောင်းစေရန် တောင်းဆိုခြင်းဖြင့် လူ့အခွင့်အရေးကောင်စီက မြန်မာပြည်သူများ၏ ရှင်းလင်းပြတ်သားနေသည့် ဒီမိုကရေစီလိုလားတောင့်တမှုနှင့် ပြင်းပြသော ဆန္ဒသဘောထား တို့အား ပံ့ပိုးကူညီသင့်ပါသည်။
ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအတွက် ကူညီပံ့ပိုးရန် ယနေ့အထိ တိုင်အောင် ပျက်ကွက်နေဆဲပင် ဖြစ်ပါသည်။ အဆိုပါ ပျက်ကွက်မှုများကို ကုစားပေးဖို့ အတွက် လူ့အခွင့်အရေးကောင်စီအနေဖြင့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်ကာ၊ ငြိမ်းချမ်းပြီး တရားမျှတသော အနာဂတ် မြန်မာနိုင်ငံဖြစ်လာစေရန် အခြေခံအုတ်မြစ်ကောင်းများချမှတ်ရာတွင် အားပေးကူညီသည့်အနေဖြင့် တိကျသောခြေလှမ်းများကို လျှောက်လှမ်းပြခြင်းဖြင့် ဦးဆောင်ဦးရွက်ပြုပေးသင့်ပါသည်။