ခိုင်မာစေလိုက်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို အဖွဲ့၀င်နိုင်ငံများအနေနှင့် တိကျခိုင်မာသော ဆောင်ရွက်ချက်ဖြင့် မလွဲမသွေ ဆက်လက်ဆောင်ရွက်ရမည်။
မြန်မာဘာသာဖြင့် ထုတ်ပြန်ကြေညာချက်အား အောက်တွင်ဖတ်ရှုနိုင်ပါသည်။
5 April 2024: The Special Advisory Council for Myanmar (SAC-M) welcomes the adoption of a strengthened United Nations (UN) Human Rights Council resolution on the situation of human rights in Myanmar. It is imperative that UN member States now respond to the gravity of the escalating crisis in Myanmar by taking concrete steps to end Myanmar military violence and hold military leaders accountable for their crimes.
The resolution on the situation of human rights in Myanmar, which was adopted by consensus in Geneva on Thursday, 4 April 2024, calls for steps to be taken towards advancing accountability and cutting the Myanmar military’s supply of arms and jet fuel that enable it to perpetrate atrocities against civilians.
The resolution calls on all States to “to cease the illicit sale, transfer and diversion of arms, munitions and other military equipment to Myanmar” and to “refrain […] from the export, sale or transfer of jet fuel.” The inclusion of jet fuel, as called for by Myanmar civil society and international non-governmental organisations, is a critical step towards cutting the military’s capacity to commit human rights atrocities through its use of devastating airstrikes.
Ending the supply of jet fuel is urgent, as the military escalates its indiscriminate aerial bombardment of civilian targets in response to mounting losses on the ground to allied resistance forces. According to data compiled by Nyan Lynn Thit Analytica, the military carried out 750 airstrikes between 1 September and 31 December 2023, an average of at least six per day.
Furthermore, SAC-M emphasises that any transfer of arms, munitions and military equipment to the Myanmar military likely constitutes an act of aiding and abetting war crimes, which is a crime under international law. Therefore, all sale, transfer and diversion of arms, munitions and other military equipment to the Myanmar military is illicit and, under the resolution, should cease.
The Myanmar military has ignored previous Human Rights Council resolutions on Myanmar by continuing to block the population’s access to vital humanitarian assistance. According to UN figures, 2.8 million people are internally displaced and 18.6 million people are in need of aid.
SAC-M calls on the international community to not fall into the ‘humanitarian trap’ of trying to secure a path forward towards a political solution through a notional humanitarian corridor, reducing the response to the whole Myanmar crisis into a purely humanitarian format. Instead, member States, donors and UN agencies must expand delivery of humanitarian assistance to those in need through direct coordination with resistance authorities, including the National Unity Government and Ethnic Revolutionary Organisations, and broader civil society.
The new resolution also requests the UN Secretary-General to “call the continued attention of the Security Council to the situation in Myanmar”, which has failed to enforce its resolution 2669 on Myanmar since it was adopted in December 2022. The Secretary-General should advise the UN Security Council to impose a total embargo on the sale, transfer and diversion of arms, munitions and other military equipment to the Myanmar military and to refer the situation in Myanmar to the International Criminal Court.
The Security Council held an open briefing on the situation in Myanmar in New York on Thursday, hours after the Human Rights Council resolution was adopted. However, Myanmar’s permanent representative to the UN, Ambassador Kyaw Moe Tun, was prevented from speaking at the briefing. SAC-M considers this to set a dangerous precedent for the denial of speaking rights to a permanent representative of a concerned country.
Additionally, the Human Rights Council resolution calls on the High Commissioner for Human Rights to report to the Council “on pathways to fulfil the aspirations of the people of Myanmar for human rights protection, accountability, democracy and a civilian government.”
SAC-M urges the High Commissioner to use the report to consider ways in which the extensive evidence collected by the Independent Investigative Mechanism for Myanmar can be put to use and the process of prosecuting the leaders of the military for genocide, crimes against humanity and war crimes can finally commence.
၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေဆိုင်ရာနှင့် ပတ်သက်သည့်ပိုမိုခိုင်မာစေသော ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခြင်းအား SAC-M မှ လက်ခံကြိုဆိုလိုက်သည်။ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုများအား ရပ်တန့်ရန် တိကျခိုင်မာသော ဆောင်ရွက်မှုများလုပ်ဆောင်ခြင်းနှင့်စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ ရာဇ၀တ်မှုများအတွက် တာဝန်ရှိကြောင်း သေချာစေခြင်းအားဖြင့်မြန်မာနိုင်ငံတွင် ပြင်းထန်နေသော အကျပ်အတည်း၏ ပမာဏထုထည်မှုကို ကုလအဖွဲ့ဝင်နိုင်ငံများမှ ယခုချက်ချင်း ကိုင်တွယ်ဖြေရှင်းတုံ့ပြန်ရန် မဖြစ်မနေအရေးကြီးသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက် ကြာသပတေးနေ့က ဂျီနီဗာတွင် အားလုံးသဘောတူညီမှုဖြင့် ချမှတ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်သည် တာဝန်ခံမှု မြှင့်တင်ရန် နှင့် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် အထောက်အကူပြုသည့် မြန်မာစစ်တပ်၏ လက်နက်နှင့် လေယာဉ်လောင်စာများအား ဖြတ်တောက်ရန် လုပ်ဆောင်ချက်များအား တောင်းဆိုထားသည်။
ဆုံးဖြတ်ချက်တွင် “မြန်မာနိုင်ငံသို့ လက်နက်၊ ခဲယမ်းမီးကျောက်များနှင့် စစ်လက်နက်ပစ္စည်းများ တရားမ၀င် ရောင်းချခြင်း၊ လွှဲပြောင်းခြင်းနှင့် လွှဲအပ်ခြင်းတို့ကို ရပ်တန့်ရန်” အပြင် “လေယာဉ်ဆီ တင်ပို့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲအပ်ခြင်းမှ […] ရှောင်ကြဉ်ရန်” ဟူ၍ အဖွဲ့၀င်နိုင်ငံအားလုံးကို တောင်းဆိုထားသည်။ မြန်မာနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများက တောင်းဆိုထားသည့် လေယာဉ်ဆီ လောင်စာကိစ္စရပ်အား ထည့်သွင်းခြင်းသည် အပျက်အစီးပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများမှတဆင့် လူ့အခွင့်အရေး ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်လျက်ရှိသည့် စစ်တပ်၏ အစွမ်းအစကို ဖြတ်တောက်စေရန်အတွက် အဓိကကျသော ခြေလှမ်းတစ်ခု ဖြစ်သည်။
မြန်မာစစ်တပ်သည် အရပ်သားပစ်မှတ်များကို ခွဲခြားခြင်းမရှိ ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်မှုကို တိုးမြှင့်လုပ်ဆောင်နေပြီး ယင်းသည် မြန်မာစစ်တပ်မှ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များထံ မြေပြင်တွင် တိုးပွားလာသော ရှုံးနိမ့်မှုများအတွက် ပြန်လည်တုံ့ပြန်ခြင်းဖြစ်သည်။ ထို့ကြောင့် လေယာဉ်ဆီ ထောက်ပံ့မှု ရပ်ဆိုင်းရေးသည် အရေးပေါ် ပင်ဖြစ်သည်။ ဉာဏ်လင်းသစ် Analytica (Nyan Lynn Thit Analytica) မှ ပြုစုသော အချက်အလက်များအရ စစ်တပ်သည် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၇၅၀ ကြိမ် ပြုလုပ်ခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှ အနည်းဆုံး ခြောက်ကြိမ်တိုက်ခိုက်သည်။
ထို့အပြင် မြန်မာစစ်တပ်အား လက်နက်၊ ခဲယမ်းမီးကျောက်များနှင့် စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းမှုမှန်သမျှသည် စစ်ရာဇ၀တ်မှုများကို အားပေးကူညီခြင်းဟူသော ကျူးလွန်မှုတစ်ခုဖြစ်ပြီး ယင်းသည်နိုင်ငံတကာဥပဒေအရ ရာဇ၀တ်မှုဟု သတ်မှတ်ထားသည်ဟု SAC-M မှ အလေးပေးထောက်ပြလိုသည်။ ထို့ကြောင့် မြန်မာစစ်တပ် ထံ လက်နက်၊ ခဲယမ်းနှင့် အခြားစစ်လက်နက်ပစ္စည်းများ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် လွှဲအပ်ခြင်း မှန်သမျှသည် တရားမ၀င်ဖြစ်ပြီး ဆုံးဖြတ်ချက်နှင့်အညီ ရပ်တန့်ရမည်။
မြန်မာစစ်တပ်သည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကောင်စီ၏ ယခင်ဆုံးဖြတ်ချက်များကို လျစ်လျူရှုထားပြီး မြန်မာလူထုအတွက် အရေးပါသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိခွင့်ကို ဆက်လက်ပိတ်ဆို့ထားသည်။ ကုလသမဂ္ဂ၏ ကိန်းဂဏန်းများ အရ ၂.၈ သန်းသော ပြည်သူများသည် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ ဖြစ်ကြရ ပြီး ၁၈.၆ သန်းမှာ အကူအညီများ လိုအပ်လျက်ရှိသည်။
SAC-M မှ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုသည်မှာ စိတ်ကူးဆန်သော လူသားချင်းစာနာထောက်ထားမှုစင်္ကြံမှတဆင့် နိုင်ငံရေးအဖြေတစ်ခုဆီသို့ ဦးတည်သွားမည့်လမ်းကြောင်းတစ်ခုကို အရယူရန် ကြိုးပမ်းမည် ဟူသည့် ‘လူသားချင်းစာနာထောက်ထားမှုထောင်ချောက်’ ထဲသို့မကျရောက်ရန် ပင်ဖြစ်သည်။ ယင်းထောင်ချောက်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပုံစံအဆင့်သို့သာ ဖြစ်သွားစေပြီး မြန်မာ နိုင်ငံအကျပ်အတည်းတစ်ခုလုံးအပေါ် နိုင်ငံတကာ၏တုံ့ပြန်မှု လျော့ကျသွားစေမည်ဖြစ်သည်။ သို့ပါ၍ အဖွဲ့ဝင်နိုင်ငံများ၊ အလှူရှင်များနှင့် ကုလသမဂ္ဂအေဂျင်စီများသည် အမျိုးသားညီညွတ်ရေး အစိုးရ NUG နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ စသည့် တော်လှန်ရေး အာဏာပိုင်များ အပြင် အရပ်ဘက် အဖွဲ့အစည်းများစွာတို့နှင့် တိုက်ရိုက် ညှိနှိုင်း ဆောင်ရွက်ခြင်းအားဖြင့် လိုအပ်သူများထံ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းကို တိုးချဲ့လုပ်ဆောင်ရန် လိုအပ်သည်။
ဆုံးဖြတ်ချက်အသစ်အရ “မြန်မာနိုင်ငံ အခြေအနေအပေါ် လုံခြုံရေးကောင်စီ၏ ဆက်လက်အာရုံစိုက်စေရန် တောင်းဆိုခြင်း”ဟူသည့်အချက်အား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ ထပ်လောင်းတောင်းဆိုထားပြီး လုံခြုံရေးကောင်စီသည် ယင်း၏မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ၂၆၆၉ ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ပြီးကတည်းက ယင်းအား လက်တွေ့သက်ရောက်မှုရှိစေရန် ပျက်ကွက်ခဲ့သည်။ အထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာစစ်တပ်ထံ လက်နက်ရောင်းချမှု၊ လွှဲပြောင်းမှု၊ လမ်းကြောင်းလွှဲမှုအပေါ် လုံးဝပိတ်ဆို့အရေးယူမှုချမှတ်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အကြံပြုသင့်ပြီး မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာ ရာဇ၀တ်မှုတရားရုံး (ICC) သို့ လွှဲပြောင်းပေးရန်လည်း ၎င်းက အကြံပြုသင့်သည်။
လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် နာရီပိုင်းအကြာတွင် လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် နယူးယောက်၌ အဖွင့်ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ သို့သော်လည်း အစည်းအ၀ေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း အား မပြောဆိုရန် တားမြစ်ခဲ့သည်။ သက်ဆိုင်ရာနိုင်ငံတစ်ခု၏ အမြဲတမ်းနေကိုယ်စားလှယ်တစ်ဦးမှ ပြောဆိုပိုင်ခွင့် ကို ပိတ်ပင်ခြင်းသည် အန္တရာယ်ရှိသော သာဓကတစ်ခုအဖြစ် SAC-M မှယူဆသည်။
ထို့အပြင် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအား ကောင်စီသို့ “လူ့အခွင့်အရေးကာကွယ်မှု၊ တာဝန်ခံမှု၊ ဒီမိုကရေစီနှင့် အရပ်သားအစိုးရတစ်ရပ် နှင့်စပ်လျဥ်းသည့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ဆန္ဒများကို ဖြည့်ဆည်းပေးရေး လမ်းစဥ်”အပေါ် အစီရင်ခံရန် တောင်းဆိုထားသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) မှ စုဆောင်းရရှိထားသည့် ကျယ်ပြောများပြားလှသော သက်သေ အထောက်အထားများကိုအသုံးပြု၍ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအတွက် စစ်ဘက်ခေါင်းဆောင်များကို တရားစွဲဆိုသည့် လုပ်ငန်းစဉ်ကို စတင်ရန် နည်းလမ်းများထည့်သွင်းစဥ်းစားရေးအလို့ငှာ အစီရင်ခံစာကို အသုံးချရန် SAC-M မှ မဟာမင်းကြီးအား တိုက်တွန်းလိုပါသည်။