International Cross-Border Response to Typhoon Yagi Urgently Needed

September 17th, 2024  •  Category Statements

တိုင်ဖွန်း ရာဂီအား နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် တုန့်ပြန်ဆောင်ရွက်မှုဖြင့် အရေးပေါ် ဖြေရှင်းရန် လိုအပ်သည်။

မြန်မာဘာသာဖြင့် ထုတ်ပြန်ကြေညာချက်အား အောက်တွင်ဖတ်ရှုနိုင်ပါသည်။

17 September 2024: States neighbouring Myanmar must drop the politics and open their borders to allow international humanitarian aid to reach the Myanmar people through resistance authority and civil society networks, says the Special Advisory Council for Myanmar (SAC-M).    

Typhoon Yagi hit northern Myanmar on 10 September causing severe flooding, landslides and widespread destruction across the country. Low-lying townships surrounding Naypyitaw and Mandalay have been inundated, while areas of Bago, and Magwe regions, as well as eastern and southern Shan, Karen, Karenni and Mon states have also been impacted. At least 113 people are known to have been killed and 325,000 people internally displaced by the storm, Myanmar military junta-controlled media reported on Sunday. The actual figures are likely to be far higher.

Myanmar was already facing a catastrophic humanitarian crisis, devastated by almost four years of revolutionary war against the military junta. 

During this time, the military has increasingly relied on heavy aerial and artillery bombardment of populated areas, causing massive loss of civilian life and destruction of homes and infrastructure. An estimated 3 million people are internally displaced across the country, many living without basic food, shelter and sanitation. The military has consistently prevented humanitarian assistance from reaching those in need.

The full extent of the damage caused by typhoon Yagi in such circumstances is difficult to ascertain, but it is certain to have significantly exacerbated the crisis. An international humanitarian response to Yagi is urgently needed. 

It is essential that international humanitarian actors engage with Myanmar resistance authorities and civil society to support their relief efforts. Resistance actors have greater control in more of the country than the military and, along with civil society, have experience in administering humanitarian assistance to people in their areas and beyond. 

The Myanmar military junta is not the legitimate or de facto government of Myanmar, nor does it have the will or capacity to ensure aid is delivered to the majority of those in dire need. The military created Myanmar’s pre-existing humanitarian crisis and will seek to use engagement with international actors on humanitarian grounds to advance its own military and political agenda at the expense of the Myanmar people. It has done this for decades, most recently in response to Cyclone Mocha in 2023.  

Donors must be especially careful to ensure aid is provided in a way that reaches the people most in need and is not instrumentalised by the military junta. The military junta’s lack of de facto and de jure legitimacy means international actors are not legally bound by the arbitrary restrictions it has sought, and will continue to seek, to impose on humanitarian access to and around Myanmar.

The onus now is on Myanmars neighbouring States – China, India, Thailand, Laos and Bangladesh – to open their borders and allow international aid to cross into Myanmar and be distributed to people in need in coordination with Myanmar resistance authorities and civil society.

Myanmars neighbours and the wider international community must act in solidarity with the people of Myanmar and not allow Min Aung Hlaing to exploit this latest disaster to further deepen Myanmar’s suffering.   

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည် နိုင်ငံရေးခံယူချက်များအား ချထားရမည်ဖြစ်ပြီး  နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား တော်လှန်ရေးအာဏာပိုင်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ကွန်ယက်များမှတဆင့်  မြန်မာပြည်သူများထံသို့ ရောက်ရှိစေရန်အတွက် နယ်စပ်ဒေသများကို ဖွင့်ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားလိုက်သည်။

စက်တင်ဘာ ၁၀ ရက်နေ့တွင် တိုင်ဖွန်း ရာဂီသည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး နိုင်ငံအနှံ့ ပြင်းထန်စွာရေကြီးခြင်း၊ မြေပြိုခြင်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပျက်ဆီးဆုံးရှုံးခြင်းများ ဖြစ်ပွားခဲ့သည်။ နေပြည်တော်နှင့် မန္တလေးဝန်းကျင်ရှိ မြေနိမ့်ပိုင်းမြို့နယ်များတွင် ရေနစ်မြုပ်ခဲ့ပြီး ပဲခူးနှင့် မကွေးတိုင်းဒေသကြီးများအပါအဝင် ရှမ်းအရှေ့နှင့် တောင်ိပုင်း၊ ကရင်၊ ကရင်နီနှင့် မွန်ပြည်နယ်တို့တွင်လည်း ထိခိုက်မှုများရှိခဲ့သည်။ မုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၁၃ ဦး သေဆုံးပြီး ၃၂၅,၀၀၀ ခန့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း မြန်မာစစ်အစိုးရ လက်အောက်ခံ မီဒီယာများက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။ လက်တွေ့ကိန်းဂဏန်းများမှာ သာ၍ပင်မြင့်မားဖွယ်ရာရှိသည်။

လေးနှစ်နီးပါးတိုင်အောင် စစ်အာဏာရှင်ကို တော်လှန်သော စစ်ပွဲကြောင့် မြန်မာနိုင်ငံသည် အကြီးအကျယ် ပျက်စီးလျက်ရှိနေပြီး ကြီးမားလှသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီးဖြစ်သည်။

ဤကာလအတွင်း စစ်တပ်သည် လူနေထူထပ်ရာဒေသများကို လေကြောင်းနှင့် အမြောက်လက်နက်ကြီးများဖြင့် ပြင်းထန်စွာ ဗုံးကြဲခြင်းအပေါ် ပိုမိုမှီခိုအားထားနေရပြီး ၎င်းကြောင့် အရပ်သားများ၏ အသက်ဆုံးရှုံးမှုနှင့် အိုးအိမ်များနှင့် အခြေခံအဆောက်အအုံများ  အလွန်များပြားစွာ သေကြေ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ခန့်မှန်းခြေ လူဦးရေ ၃ သန်းခန့်သည် နိုင်ငံတဝှမ်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီး အများအပြားမှာ အခြေခံစားနပ်ရိက္ခာမရှိ၊ ခိုလုံစရာမရှိ၊ကျန်းမာရေးနှင့်ညီညွတ်ခြင်းမရှိပဲ နေထိုင်နေကြရသည်။ စစ်တပ်က စဉ်ဆက်မပြတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်သူများထံ မရောက်အောင် အမြဲပိတ်ပင်တားဆီးလျက်ရှိသည်။

တိုင်ဖွန်း ရာဂီ၏ထိခိုက်ပျက်စီးမှုရဲ့ ပမာဏအပြည့်အစုံကို ဤကဲ့သို့သော အခြေအနေများတွင် အတိအကျ စီစစ်ဖော်ထုတ်ရန် ခက်ခဲနေသော်လည်း ရှိရင်းစွဲ အကျပ်အတည်းအား သိသာထင်ရှားစွာ ပိုမိုဆိုး၀ါးသွားစေသည်မှာ အသေအချာပင်ဖြစ်သည်။ တိုင်ဖွန်း ရာဂီအား နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုမှာ အပူတပြင်း လိုအပ်သည်။

နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးသူများသည် မြန်မာ့ ခုခံတော်လှန်ရေးအာဏာပိုင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့ချိတ်ဆက်ကာ ၎င်းတို့၏ ကယ်ဆယ်ရေးလုပ်ငန်းများကို ထောက်ပံ့ရန် အရေးကြီးသည်။ ခုခံတော်လှန်ရေးအင်အားစုများသည် စစ်တပ်ထက် နိုင်ငံအနှံ့ နေရာများစွာတွင် ပိုမိုထိန်းချုပ်မှုရရှိထားသည်ဖြစ်ပြီး၊ ၎င်းတို့ဒေသများတွင်သာမက ၎င်းထက်ကျော်လွန်၍ပင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်အတူတွ လူသားချင်းစာနာမှု အကူအညီများ ပေးဆောင်ရာတွင် အတွေ့အကြုံရှိသည်။

မြန်မာစစ်အုပ်စုသည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်ခြင်းမရှိ သို့မဟုတ် လက်တွေ့ အားဖြင့် အုပ်ချုပ်လျက်ရှိသော အစိုးရအဖြစ်လည်း မရှိသည့်အပြင်  အပူတပြင်းလိုအပ်နေသူများ အများစုထံ ကူညီမှုများကို ရောက်ရှိအောင် ဆန္ဒ မရှိသကဲ့သို့ ဆောင်ရွက်နိုင်စွမ်းလည်း မရှိပေ။ မြန်မာနိုင်ငံ၏ ရှိနှင့်ပြီးသား လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို စစ်တပ်က ဖန်တီးခဲ့သည်ဖြစ်ပြီး၊ ၎င်းတို့၏ စစ်ရေးနှင့် နိုင်ငံရေးလုပ်ငန်းစဥ်များကို ရှေ့ဆက်တိုးမြှင့်ရန်အတွက် မြန်မာပြည်သူများအား စတေး၍ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ ကိစ္စအားတည်၍ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်းမှတဆင့် အသုံးချကြိုးစားလိမ့်မည်ဖြစ်သည်။ စစ်တပ်သည် ပြီးခဲ့သည့် ဆယ်စုနှစ်များတစ်လျှောက်  ဤနည်းအား သုံးခဲ့သည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဆိုက်ကလုံးမိုခါအား တုန့်ပြန်စဥ်တွင်လည်း လတ်တလောအနေဖြင့် အသုံးပြုခဲ့သည်။

အလှူရှင်များသည် အကူအညီများကို အလိုအပ်ဆုံးသော ပြည်သူများထံ သေချာစွာ ရောက်ရှိစေရန် သတိပြုရမည်ဖြစ်ပြီး၊ စစ်အုပ်စုမှ ၎င်းတို့၏ ရည်ရွယ်ချက်များအတွက် အကူအညီများကို ၎င်းတို့အလိုကျ အသုံးချနိုင်ခြင်းမရှိနိုင်စေရန် အထူးဂရုပြုရမည်ဖြစ်သည်။ စစ်အုပ်စုတွင် ဥပဒေ(de jure)အရ သို့မဟုတ် လက်တွေ့အုပ်ချုပ်ခြင်း (de facto) အရ တရား၀င်မှုမရှိခြင်းသည် နိုင်ငံတကာ ပါ၀င်ပတ်သက်သူများအနေဖြင့် စစ်အုပ်စုမှ ချမှတ်ထားသော အကြွင်းမဲ့အာဏာရှင်ဆန်သည့် ကန့်သတ်မှုများအား လိုက်နာရန် ဥပဒေအရ ၀တ္တရားမရှိချေ၊ ထို့အပြင်  မြန်မာစစ်အစိုးရသည် မြန်မာနိုင်ငံနှင့် တစ်ဝှမ်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခွင့်အလမ်းများအပေါ် ကန့်သတ်ချက်များကို ဆက်လက်ကျင့်သုံး၊ ချမှတ်သွားနေဦးနေမည်ပင် ဖြစ်သည်။

ယခုအခါ တာဝန်ထမ်းဆောင်ရမည့်သူများမှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနှင့် ဘင်္ဂလားဒေ့ရှ်တို့ဖြစ်ပြီး ၎င်းတို့၏နယ်စပ်ဒေသများအားဖွင့်လှစ်ကာ နိုင်ငံတကာအကူအညီများ မြန်မာနိုင်ငံသို့ ဝင်ရောက်စေရန်နှင့် တော်လှန်ရေးအာဏာပိုင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး လိုအပ်သူများထံသို့ ဖြန့်ဝေစေရန် လိုအပ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းတစ်ရပ်လုံးသည် မြန်မာပြည်သူများနှင့် တသားတည်း ရပ်တည်ဆောင်ရွက် ရမည်ဖြစ်ပြီး၊ မင်းအောင်လှိုင်က ဤနောက်ဆုံးပေါ် ဘေးဒုက္ခအား အမြတ်ထုတ်၍ မြန်မာနိုင်ငံ၏ အနေအထားကို ပိုမိုဆိုးရွားစေခြင်းမျိုးအား လက်သင့်ခံရမည် မဟုတ်ပေ။

 

Download the English language version of the statement: SAC-M PR Typhoon Yagi Urgent Response ENGLISH

မြန်မာဘာသာဖြင့် ထုတ်ပြန်ကြေညာချက်အား ဒေါင်းလုဒ်ရယူပါ။ PR_Typhoon_Yagi_Urgent Response_Burmese