8 Long Years of Gross Injustice: Remembering the Rohingya Genocide

August 24th, 2025  •  Category Statements

ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုကို ပြန်လည်အောက်မေ့သတိရခြင်း – ဆိုးရွားပြင်းထန်သော ရာဇဝတ်မှုကြီး () နှစ်ပြည့်ပြီ

မြန်မာဘာသာဖြင့်ထုတ်ပြန်ကြေညာချက်အား အောက်တွင်ဖတ်ရှုနိုင်ပါသည်။

24 August 2025: Eight years ago, on 25 August 2017, the Myanmar military launched a brutal campaign of genocidal violence against the Rohingya population in northern Rakhine State.

Thousands of Rohingya civilians were killed in a systematic campaign of arson, rape, torture and ethnic cleansing carried out by security forces. 750,000 people fled across the border into Bangladesh, joining those displaced by previous pogroms.

On the eve of Rohingya Genocide Remembrance Day, we honour the victims and survivors of these atrocities.We acknowledge the continuing suffering of Rohingya remaining in Rakhine and in Bangladesh and we confront the failure of the international community to deliver them justice.

“The architects and perpetrators of the Rohingya genocide—the Myanmar military—continue to act with total impunity,” said Marzuki Darusman of the Special Advisory Council for Myanmar (SAC-M). “What was once the horrific experience of the Rohingya is now the experience of all Myanmar.”

The Myanmar military junta has carried out a countrywide campaign of atrocities since its attempted coup in February 2021. Its scorched earth attacks have internally displaced more than 3.3 million people and its aid blockades have pushed communities in Rakhine State to the brink of starvation.

The outbreak of conflict between the junta and the Arakan Army (AA) has placed Rohingya communities in Rakhine at grave risk. Recently unearthed evidence of the massacre of some 600 Rohingya men, women and children in Buthidaung township in May 2024, allegedly by the AA, is just the latest in a mounting list of serious allegations that demand urgent international investigation. The AA denies the allegations.

“We repeat our call on the Arakan Army, as the de facto authority, to facilitate the entry of international independent investigative teams into Rakhine State to investigate these alleged atrocities, and to fully cooperate with them,” said Yanghee Lee of SAC-M.

At least 150,000 Rohingya have fled Rakhine State since the beginning of 2024. Most have joined the more than one million Rohingya confined to refugee camps in Bangladesh, where vital camp services are being slashed as recent aid cuts from the United States and other donors take effect.

Nevertheless, Rohingya communities have continued to campaign tirelessly for justice. And now, finally, it seems the international system is beginning to respond.

In July, the Democratic Republic of the Congo, Belgium, Slovenia and Ireland were approved by the International Court of Justice to intervene in the genocide case against Myanmar. They join seven other countries already supporting the case.

This follows the issuance of arrest warrants by an Argentine court in February for 25 senior Myanmar officials, including Senior General Min Aung Hlaing, for their alleged roles in genocide and crimes against humanity committed against the Rohingya. Three months earlier, the ICC Prosecutor requested an arrest warrant for Min Aung Hlaing.

It is critical that this momentum is seized. For as long as justice is allowed to elude the Rohingya, devastating cycles of violence and persecution will persist in Myanmar and elsewhere.

“The most meaningful contribution the international community can make for the Rohingya is to bring Min Aung Hlaing and other military leaders before an international court,” said Chris Sidoti of SAC-M.

Today, we reaffirm our commitment to never forget. To always support the Rohingya’s fight for justice. To stand with the Rohingya in strength, unity and resistance to military tyranny and with all those affected by genocide.

၂၄ ရက်၊ ဩဂုတ်လ၊ ၂၀၂၅ ခုနှစ် – လွန်ခဲ့သော ၈ နှစ် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာပြည်သူများအပေါ် ရက်စက်စွာ လူမျိုးသုဉ်းသတ်ဖြတ်အကြမ်းဖက်မှု ကျူးလွန်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များသည် မီးရှို့ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူမျိုးစုသုတ်သင်ရှင်လင်းခြင်း လုပ်ရပ်များကို အဖွဲ့အစည်းလိုက် စနစ်တကျကျူးလွန်ခဲ့ရာ ထိုဖြစ်စဉ်များအတွင်း ရိုဟင်ဂျာပြည်သူများ ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရသည်။ လူ ၇၅၀,၀၀၀ ခန့် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးကာ ယခင် လူမျိုးရေးဖိနှိပ်သတ်ဖြတ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများ နှင့်အတူ သွားရောက်ပေါင်းစည်း နေထိုင်ခဲ့ရသည်။

ယနေ့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ပြန်လည်အောက်မေ့ဖွယ် အကြိုနေ့တွင် ထိခိုက်သေဆုံးခဲ့ရသူများနှင့် ရှင်သန်ကျန်ရစ်သူများအားလုံးကို ပြန်လည်အောက်မေ့ဂုဏ်ပြုကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။ ထို့အတူ ရခိုင်ပြည်နယ် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာပြည်သူများ ဆက်လက်ကြုံတွေ့နေရသော ဆင်းရဲဒုက္ခများကို ကျွန်ုပ်တို့မမေ့သလို ၎င်းတို့အတွက် တရားမျှတမှုဖော်ဆောင်ပေးရန် ပျက်ကွက်နေသည့် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ကျွန်ုပ်တို့အနေဖြင့် ဤနေရာမှ ဝေဖန်မေးခွန်းထုတ်လိုပါသည်။

“ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်သူတွေနဲ့ ကြိုးကိုင်အမိန့်ပေးသူတွေဖြစ်တဲ့ မြန်မာစစ်တပ်ဟာ ဒီနေ့အထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်အပြည့်နဲ့ လုပ်ချင်ရာလုပ်လို့ရနေတုန်းပါပဲ” ဟု မြန်မာနိုင်ငံဆိုင်ရာအထူး အကြံပေးကောင်စီ (SAC-M) မှ Marzuki Darusman ကပြောသည်။ “အရင်က ရိုဟင်ဂျာပြည်သူတွေ ကြုံခဲ့ရတဲ့ အခြေအနေဆိုးတွေကို ခုတစ်နိုင်ငံလုံးမှာ ကြုံတွေ့နေရတယ်။”

မြန်မာစစ်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းရန်ကြိုးပမ်းခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်လာခဲ့ကာ မြေလှန်ဖျက်ဆီးရေးဗျူဟာကို အသုံးပြု၍ ထိုးစစ်ဆင်မှုများ ပြုလုပ်လာခဲ့သောကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူ ၃.၃ သန်းကျော်အထိ ရှိလာခဲ့သည်။ ထို့ပြင် ၎င်းတို့သည် အကူအညီများ မဝင်ရောက်နိုင်အောင် ပိတ်ဆို့မှုများ ပြုလုပ်လာခဲ့သောကြောင့် ရခိုင်ပြည်နယ်ရှိ ဒေသခံလူထုများ အငတ်ဘေးကျရောက်ရမည့်အဖြစ်သို့ ရောက်ရှိနေသည်။

စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) ကြားဖြစ်သော တိုက်ပွဲများသည် ရိုဟင်ဂျာဒေသခံလူထုများကို အလွန် အန္တရာယ်များသော အခြေအနေအတွင်းသို့ ကျရောက်အောင် တွန်းပို့နေလျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ မေလက ဘူးသီးတောင်မြို့နယ်တွင် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ် ၆၀၀ ဝန်းကျင်ခန့် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သက်သေအသစ်များ မကြာသေးခင်က ပေါ်ထွက်လာခဲ့သည်။ AA က ကျူးလွန်ခဲ့သည်ဟုဆိုသော ထိုသတ်ဖြတ်မှုများသည် ပြင်းထန်သောရာဇဝတ်မှု စွပ်စွဲချက်များစွာထဲမှ နောက်ထပ်အသစ် ထွက်ပေါ်လာသော စွပ်စွဲချက်တစ်ခုဖြစ်ပြီး နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အရေးတကြီးလိုအပ်ကြောင်း ဖော်ပြနေသည်။ AA ဘက်ကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားသည်။

“လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ရခိုင်ပြည်နယ်ထဲဝင်ရောက်ပြီး စွပ်စွဲထားတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို စုံစမ်းစစ်ဆေးခွင့်ရအောင် စီစဉ်ပံ့ပိုးပေးဖို့နဲ့ သူတို့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လက်တွေ့တရားဝင်အုပ်ချုပ်သောအာဏာပိုင်ဖြစ်တဲ့ အာရက္ခတပ်တော်ကို ကျွန်မတို့ ထပ်ပြီးတောင်းဆိုပါတယ်” ဟု SAC-M မှ Yanghee Lee ကပြောသည်။

 ၂၀၂၄ ခုနှစ်မှစ၍ ရိုဟင်ဂျာပြည်သူ အနည်းဆုံး ၁၅၀,၀၀၀ ခန့် ရခိုင်ပြည်နယ်မှ ထွက်ပြေးခဲ့ရသည်။ အများစုက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် ကျဉ်းကျပ်စွာနေထိုင်နေရသော ရိုဟင်ဂျာပြည်သူ တစ်သန်းကျော် နှင့်အတူ သွားရောက်ပေါင်းစည်း နေထိုင်ခဲ့ရသည်။ အမေရိကန်နှင့် အခြား အလှူရှင်နိုင်ငံများက အကူအညီ ဖြတ်တောက်လိုက်ခြင်း၏ သက်ရောက်မှုများကြောင့် ထိုဒုက္ခသည်စခန်းများအတွင်း အခြေခံဝန်ဆောင်မှုများ အများအပြား လျော့ချခံခဲ့ရသည်။

သို့စေကာမူ ရိုဟင်ဂျာလူထုများသည် တရားမျှတမှုအတွက် မနားတမ်း ဆက်လက်ကြိုးပမ်းလာခဲ့ရာ ယခု နောက်ဆုံးတွင် နိုင်ငံတကာယန္တရားများက စတင်တုန့်ပြန်မှုများ ပြုလုပ်လာပြီဟု ယူဆရသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဆလိုဗေးနီးယားနိုင်ငံ နှင့် အိုင်ယာလန်နိုင်ငံတို့ကို မြန်မာနိုင်ငံ လူမျိုးတုန်းသတ်ဖြတ်မှုအရေးတွင် ပါဝင်ဆောင်ရွက်ရန် နိုင်ငံတကာတရားရုံးက ဇူလိုင်လတွင် အတည်ပြုပေးခဲ့သည်။ ဤအမှုကို ထောက်ခံသည့် နိုင်ငံ ၇ နိုင်ငံရှိထားပြီး ၎င်းတို့သည် ထပ်တိုးထောက်ခံ လာသော နိုင်ငံများဖြစ်သည်။

ဖေဖော်ဝါရီလတွင်လည်း အာဂျင်တီးနိုင်ငံ တရားရုံးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာ ထိပ်တန်းအရာရှိ ၂၅ ဦးကို ရိုဟင်ဂျာပြည်သူများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲချက်များဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ထို့ပြင် ထိုမတိုင်ခင် သုံးလလောက်ကလည်း မင်းအောင်လှိုင်အား ဖမ်းဆီးနိုင်ရေး ဝရမ်းထုတ်ပေးရန် ICC တရားလိုရှေ့နေက လျှောက်ထားခဲ့သည်။

ဤအရှိန်ကို အကောင်းဆုံး အသုံးချရန် လိုအပ်သည်။ ရိုဟင်ဂျာပြည်သူများအတွက် တရားမျှတမှု မရမချင်း မြန်မာနိုင်ငံနှင့် အခြားနေရာများတွင် အကြမ်းဖက်မှု နှင့် ဖိနှိပ်မှုသံသရာ ဆက်ရှိနေပါလိမ့်မည်။

“ရိုဟင်ဂျာပြည်သူတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းဘက်က လုပ်ပေးလို့ရနိုင်တဲ့ အဓိပ္ပါယ်အပြည့်ဝဆုံး အရာတစ်ခုကတော့ မင်းအောင်လှိုင်နဲ့ အခြားမြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံး တစ်ခုခု ရှေ့မှောက်ကို ခေါ်လာပေးတာပဲ ဖြစ်ပါတယ်” ဟု SAC-M မှ Chris Sidoti ကဆိုသည်။

ကျွန်တို့အနေဖြင့် ရိုဟင်ဂျာပြည်သူများအရေးကို ဘယ်သောအခါမှ မေ့ပျောက်လိုက်မည်မဟုတ်ကြောင်း၊ ရိုဟင်ဂျာပြည်သူများ တရားမျှတမှုရရှိရေး အမြဲအားပေးပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ရိုဟင်ဂျာပြည်သူများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသူများအားလုံး နှင့်အတူ ရပ်တည်ကာ စည်းလုံးမှုနှင့် သွေးစည်းညီညွှတ်မှုဖြင့် မြန်မာစစ်အာဏာရှင်များကို ဆန့်ကျင်တွန်းလှန်သွားမည်ဖြစ်ကြောင်း ဤနေ့၊ ဤရက်၊ ဤနေရာတွင် ထပ်လောင်း ကတိပြုပါသည်။

Download the English version of the statement: SAC-M PR Rohingya Genocide 8YA ENGLISH