မြန်မာ့ရှေ့သို့လားရာစာတမ်းအား မြန်မာဘာသာဖြင့် ဖတ်ရှုလေ့လာနိုင်ပါသည်။
View the English language version of Myanmar’s Way Forward
5 December 2025: Drawing on submissions from 25 key revolutionary stakeholders, including the National Unity Government (NUG), the National Unity Consultative Council (NUCC), Ethnic Resistance Organisations (EROs), State/Federal Units and Ethnic Councils and Civil Society Organisations, this paper explores numerous initiatives that make up a coherent revolutionary vision for Myanmar’s federal democratic future.
The paper also addresses the Myanmar military junta’s planned elections – scheduled to begin on 28 December – which are a ruse for the junta’s larger ambition to secure control over the levers of state. The international community – including ASEAN, the United Nations (UN) and Myanmar’s neighbours – must unequivocally reject these sham elections and deny the junta the legitimacy it so desperately needs.
မြန်မာ့ရှေ့သို့လားရာစာတမ်းသစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် တိုင်းရင်းသားလူမျိုးအခြေပြုကောင်စီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် အဓိကကျသော တော်လှန်ရေးအင်အားစု (၂၅) ဖွဲ့၏တင်ပြချက်များကို အခြေခံ၍ ပြုစုထားခြင်းဖြစ်သည်။ ၎င်းတွင် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်အတွက် ခိုင်မာသော တော်လှန်ရေးမျှော်မှန်းချက်တစ်ရပ်ကို ပုံဖော်ပေးမည့် များပြားလှသော ဦးဆောင်လှုပ်ရှားမှုများကို အသေးစိတ်လေ့လာတင်ပြထားသည်။
ထို့အပြင် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပရန်စီစဉ်ထားသော မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲကိစ္စကိုလည်း စာတမ်းတွင် ထည့်သွင်းဖော်ပြထားသည်။ အဆိုပါ ရွေးကောက်ပွဲများသည် နိုင်ငံတော်၏ အာဏာထိန်းချုပ်မှုယန္တရားများကို ရယူရန် စစ်အုပ်စု၏ ကြီးမားသောရည်မှန်းချက်အတွက် ဖန်တီးထားသည့် လှည့်ကွက်တစ်ခုသာဖြစ်ကြောင်း ထောက်ပြထားသည်။ ထို့ကြောင့် အာဆီယံ၊ ကုလသမဂ္ဂ (UN) နှင့် မြန်မာ့အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဤအတုအယောင် ရွေးကောက်ပွဲများကို ပြတ်ပြတ်သားသား ငြင်းပယ်ရမည်ဖြစ်ပြီး၊ စစ်အုပ်စုက အသည်းအသန် လိုလားတောင့်တနေသော တရားဝင်မှုကို မရရှိစေရန် ငြင်းပယ်တားဆီးရမည်ဖြစ်သည်။
View the English language version of Myanmar’s Way Forward
မြန်မာ့ရှေ့သို့လားရာစာတမ်းအား ဒေါင်းလုဒ်ရယူရန် SAC-M Myanmar’s Way Forward BURMESE