Briefing Paper: Myanmar’s Representation in the United Nations

August 11th, 2021  •  Category Briefings

ရှင်းလင်းတင်ပြချက်စာတမ်း၊ ကမ္ဘာ့ကုလသမဂ္ဂ၌ မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှု

 

Both the National Unity Government (NUG) and the military junta seek to represent Myanmar in the United Nations.

At the UN General Assembly in New York, Myanmar is currently represented by Permanent Representative Kyaw Moe Tun, who has held the position since 2020. Now affiliated with the NUG, on 26 February 2021 in the General Assembly he called on States not to recognise or legitimise the military coup of 1 February.

A “Credentials Committee” of nine UN Member States will review the issue of Myanmar’s representation from mid-September, when the General Assembly opens its annual session.

The decision on Myanmar’s representation will occur in the General Assembly, by vote if necessary. It will affect Myanmar’s representation in all UN forums, including at the International Court of Justice.

By December 2021 at the latest, the General Assembly is expected to have come to a decision. It could “accept the credentials” of the representative of the NUG or the junta, enabling one to represent Myanmar in the UN. But it could be a more complicated outcome, such as a deferred decision.

This briefing paper: Myanmar’s Representation in the United Nations by SAC-M, outlines the processes of the Credentials Committee and possible scenarios in the current case of Myanmar.

It concludes that an acceptance of the military junta’s credentials in the current circumstances would be unprecedented in the UN. Furthermore, any action fully depriving the State of representation would likely be contrary to the UN Charter.

Download the Briefing Paper English: SAC-M Briefing Paper Myanmar’s Representation in the UN ENGLISH

 

ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအား ကိုယ်စားပြုနိုင်ရန် အတွက် မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေးအစိုး ရမှလည်းကောင်း၊ စစ်အစိုးရမှလည်းကောင်း ကြိုး ပမ်းလျက်ရှိကြသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ နှစ်ပတ်လည် အထွေထွေညီ လာခံ ပြန်လည်ကျင်းပသည့် စက်တင်ဘာလလည် တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့၀င်နိုင်ငံ ၉ နိုင်ငံသည် မြန် မာပြည်နှင့် ပတ်သက်သည့် ကိုယ်စားပြုမှုဆိုင်ရာ အရည်အချင်း စီစစ်အသိအမှတ်ပြုရေး ကော်မတီ “Credentials Committee” တွင် ပြန်လည် ဆန်းစစ်သုံးသပ်မည် ဖြစ်သည်။ထိုကော်မတီအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းဆီမှ ကိုယ်စားလှယ်များ၏ “အရည်အချင်းများကို” ပြန်လည်သုံးသပ်ပြီး အစည်းအဝေးများနှင့် မဲပေးခြင်း များတွင် ၎င်းတို့၏ပါဝင်ခွင့်ရရန်အတွက် တရားဝင်အသိအမှတ်ပြုမှုကို  လုပ်ဆောင်ပေးမည်ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာ နိုင်ငံကို မည်သူက ကိုယ်စားပြုသင့်ကြောင်း သင့်တင့်လျော်ညီသော ထောက်ခံချက်များ မပြု လုပ်မီ ၎င်းကော်မတီအနေဖြင့် ကိစ္စရပ်အမျိုးမျိုးကို စဥ်းစားလိမ့်မည်ဖြစ်သည်။ အချို့သောကိစ္စရပ်များ မှာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များ ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ကိုယ်စားလှယ်များ ၏ အရည်အချင်းများနှင့် အမည်များကို တင်သွင်းရာတွင် နိုင်ငံ့ဥသျှောင် သို့မဟုတ် အစိုးရ (နိုင်ငံတော်သမ္မတ သို့မဟုတ် နိုင်ငံ တော်၀န်ကြီးချုပ်) သို့မဟုတ် နိုင်ငံခြားရေး၀န်ကြီး တင်သွင်းမှုဖြစ်ရန် သေချာစေရမည်ဖြစ်သည်။ အခြားကိစ္စရပ်များမှာ ဥပဒေကြောင်းနှင့် သက်ဆိုင်သည်။ ကော်မတီနှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေဖြင့် ဆုံးဖြတ်ချက်များသည် ကမ္ဘာ့ကုလသမဂ္ဂ ပဋိ ညာဥ်နှင့် လျော်ညီမှု ရှိရမည်။

မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့် ပတ်သက်သည့် ဆုံး ဖြတ်ချက်အား ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာ ခံတွင် ချမှတ်လိမ့်မည်ဖြစ်ပြီး လိုအပ်ပါက မဲခွဲဆုံးဖြတ် ရမည်။ ထိုဆုံးဖြတ်ချက်သည် နိုင်ငံတကာတရားရုံး (ICJ) အပါအ၀င် ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ စုဖွဲ့မှုများအားလုံးတွင် မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့်အပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့် ၂၀၂၁ ခု နှစ် ဒီဇင်ဘာလ နောက်ဆုံးထား၍ ဆုံးဖြတ်ချက် ချနိုင်မည်ဟု မျှော်မှန်းထားသည်။ ၎င်းအနေဖြင့် မြန် မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ သို့မဟုတ် စစ် အစိုးရမှ တင်သွင်းလာမည့် “ကိုယ်စားပြုမှုဆိုင်ရာ အရည်အချင်းတင်ပြချက်များ”ကို လက်ခံနိုင်သည်။ ထိုသို့ လက်ခံလိုက်ခြင်းအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စား

ပြုမှုအား တစ်ဖက်ဖက်ကို အသာပေးလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ဆုံးဖြတ်ချက်ချရန် အချိန် ရွှေ့ဆိုင်းခြင်း စသည့် ပိုမိုရှုပ်ထွေးသော ရလဒ်ကို ဖြစ်စေသော ဆုံးဖြတ်ချက်မျိုးလည်းရရှိလာနိုင် သည်။ ဤနေရာတွင် ကိုယ်စားပြုမှုအား လက်ခံ ခြင်းသည် အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြု လက်ခံသည့်ဖေါ်ပြချက်နှင့် မတူညီကြောင်း သတိပြုရမည်ဖြစ် သည်။

စစ်အုပ်စုအနေဖြင့် ၎င်း၏ တောင်းဆိုထားမှု အခြေခံမှာ ရွေးကောက်ပွဲအရ မဟုတ်ပဲ စစ်အာဏာသိမ်းမှု အနေဖြင့်ဖြစ်ပြီး အထူးသဖြင့် ပြီးမြောက်အောင် ဆောင်ရွက်ထားနိုင်ခြင်း မရှိသေးသည့်အတွက် ၎င်းတို့အတွက် အကျိုးယုတ်စရာများ ရှိနေသည်။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် “နေမြဲ ရှိမြဲ” မူကိုသာ အခြေပြု ဆုံးဖြတ်ပါက အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် ၎င်းတို့၏ ကိုယ်စားလှယ်ကို လက်ရှိကိုယ်စားလှယ်အဖြစ် ရရှိထားသည့်အတွက် အားသာချက် ရှိနိုင်သော်လည်း ဤသည်ကိုလည်း  ကံသေကံ မ မပြောနိုင်ပါ။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ၏ ဤ ရှင်းပြချက်စာတမ်းသည် အရည်အချင်း စီစစ်အသိအမှတ်ပြုရေး ကော်မတီ၏ ဖြစ်စဥ်များနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ရပ်ကိစ္စတွင် ကြုံတွေ့ လာနိုင်သည့် ဖြစ်နိုင်ချေအရပ်ရပ်ကို ဖော်ပြထားသည်။

Download the Briefing Paper in Burmese: SAC-M Briefing Note Myanmars Representation in the UN MYANMAR