အနှစ်ချုပ်စာတမ်း၊ အစိုးရတစ်ရပ်အား အသိအမှတ်ပြုခြင်း
More than six months after the Myanmar military launched its coup d’etat on 1 February, neither the military junta nor the National Unity Government (NUG) established by elected parliamentarians on 16 April have been widely recognised internationally as the government.
The decision to recognise a new government can be made bilaterally by other States, but as a general rule most States avoid doing this.
One reason is so that in situations like Myanmar after the 2021 coup, a State can seek to maintain a diplomatic presence in the country, while trying to avoid legitimising an entity that has taken power unlawfully.
Despite the usual practice of States not recognising governments, sometimes their actions can suggest recognition, for example decisions on who attends a meeting or who is allowed to access money held abroad.
When the recognition of a new government is considered, three tests are usually applied: the entity’s effective control of the territory; its democratic legitimacy; and its adherence to international law.
This briefing paper gives an overview of the implications of recognition and outlines what the tests for recognition broadly entail. It then considers which entity in Myanmar best meets the criteria of being its government.
Download briefing paper: SAC-M Briefing Paper Recognition of Governments ENGLISH
The paper concludes that ultimately, the political assessments of individual States will determine which entity, if any, they might choose to recognise as Myanmar’s government. However, SAC-M’s assessment of the three tests above finds that the NUG meets the criteria for international recognition as the government of Myanmar.
ယခုအနှစ်ချုပ်စာတမ်းတွင် အစိုးရများအား အသိ အမှတ်ပြုခြင်းနှင့် စပ်လျဥ်းသည့် နိုင်ငံတကာ ဥပဒေနှင့် အလေ့အထများအား ဆွေးနွေး ထားပါသည်။
နိုင်ငံများ၏အစိုးရများအား အခြားသောနိုင်ငံများ (သို့မဟုတ်) နိုင်ငံတကာ အဖွဲ့အစည်းများမှ အသိအမှတ်ပြုခြင်းဆိုင်ရာ ကိစ္စနှင့် စပ်လျဥ်း၍ နိုင်ငံတကာဥပဒေများမှ ချမှတ်ထားသည့် လမ်းညွှန် မူများ ယေဘုယျအားဖြင့် ကင်းမဲ့သည်ဟု ဆိုနိုင်ပါသည်။
အစိုးရသစ်တစ်ရပ်အား အသိအမှတ်ပြုရန်မှာ အခြားသော နိုင်ငံများမှ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ပြုလုပ်နိုင်ကြသော်လည်း နိုင်ငံအများစုသည် ထိုကဲ့သို့ နှစ်နိုင်ငံတည်းသာ လက်၀ါးရိုက်၍ ပြုလုပ်ခြင်းများကို ယေဘုယျ စည်းမျဥ်းအနေဖြင့် ရှောင်ရှားလေ့ရှိကြပါသည်။
အကြောင်းပြချက်တခုကို ရှင်းပြရသော် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် စစ်အာဏာသိမ်းမှုအရ ပြင်ပနိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို မတရားသည့်နည်းလမ်းဖြင့် သိမ်းပိုက်ရယူခဲ့သည့် အဖွဲ့အစည်းတရပ်အား အသိအမှတ်ပြုခြင်း ကို ရှောင်ရှားသည့်တိုင်အောင် သံတမန် ရေးရာ နည်းလမ်းများဖြင့် ထိုနိုင်ငံအတွင်း ဆက်လက် တည်ရှိနေနိုင်ရန် အားထုတ်နိုင်သည်။
ကမ္ဘာ့ကုလသမဂ္ဂတွင် မည်သူက ကိုယ်စားပြုခွင့် ရရှိမည်ဆိုသည့် ဆုံးဖြတ်ချက်သည် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဆုံးဖြတ် သည့်အရေး မဟုတ်ကြောင်း သတိပြုမိရန် လိုအပ်ပါသည်။ ထို့ကြောင့် ၄င်းဖြစ်စဥ်သည် အစိုးရတစ်ရပ်အား အသိအမှတ်ပြုသည့် ဖြစ်စဥ်နှင့် ကွာခြားပါသည်။ [၄င်းဆွေးနွေးချက်အား အသေး စိတ်ဖတ်ရှုလိုပါက မြန်မာနိုင်ငံအရေး အထူး အကြံပေး ကောင်စီမှ ထုတ်၀ေထားသည့် “ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံမှ ကိုယ်စား ပြုခွင့်” ဆိုသည့် အနှစ်ချုပ်စာတမ်းအား ကိုးကားနိုင် ပါသည်။]
အခြားနိုင်ငံများအနေဖြင့် အစိုးရများအား ၄င်းတို့ကိုယ်တိုင် တိုက်ရိုက် အသိအမှတ်ပြုလေ့ မရှိသည့် ပုံမှန် အလေ့အထများ ရှိကြသော်လည်း ၄င်းနိုင်ငံများ အနေဖြင့် အစိုးရတစ်ရပ်ရပ်အား အသိအမှတ်ပြုရန် အတွက် အကြံပေးခြင်းများ ပြုလုပ်နိုင်ပါသည်၊ ဥပမာအနေဖြင့် အစည်းအ၀ေးကို မည်သူအား တက်ခွင့်ပြုမည် (သို့မဟုတ်) နိုင်ငံရပ်ခြားတွင် အပ်နှံထားသော ဘဏ္ဍာငွေများအား မည်သူအား စီမံခန့်ခွဲ၊ သုံးစွဲခွင့်ပြုမည် စသည်တို့ ဖြစ်ပါသည်။
အစိုးရသစ်တစ်ရပ်အား အသိအမှတ်ပြုရန်အတွက်မူ အခြေအနေ ဆန်းစစ်ချက် သုံးရပ်အား ပြုလုပ်လေ့ရှိကြပါသည်။ ၄င်းတို့မှာ ထိုအစိုးရအနေဖြင့် နယ်မြေတစ်ခုကို ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်း၊ ဒီမိုကရေစီနည်းလမ်း အရ တရား၀င်မှုရှိခြင်းနှင့် ၄င်းအစိုးရသစ် အနေဖြင့် နိုင်ငံတကာ ဥပဒေများအပေါ် လိုက်နာနိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။
ယခု စာတမ်းအနှစ်ချုပ်တွင် အစိုးရတစ်ရပ်အား အသိအမှတ်ပြုမှုဆိုင်ရာနှင့် ပတ်သက်သည့် အကျိုးဆက်များနှင့် အသိအမှတ်ပြုရန် လိုအပ်သည့် ဆန်းစစ်ချက်များတွင် မည်သည့် အကြောင်း အချက်တို့သည့် ကျယ်ပြန့်စွာ ပါ၀င်သည်ကို အကျဥ်းချုပ် ဆွေးနွေးထားပါသည်။ ထို့နောက်တွင်မူ မြန်မာနိုင်ငံအနေဖြင့် အစိုးရတစ်ရပ် အဖြစ် သတ်မှတ်ခံရရန် မည်သည့် စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိသနည်းကိုလည်း သုံးသပ်ဆွေးနွေး ထားပါသည်။
Download briefing paper in Burmese: SAC-M Briefing Paper Recognition of Governments Myanmar