ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာစစ်အုပ်စုမှ အပစ်အခတ်ရပ်စဲရေးသက်ရောက်မှုရှိစေရန် လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ငလျင်အတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာတုံ့ပြန်မှုရှိစေရေး လုပ်ပိုင်ခွင့်ချမှတ်အပ်နှင်းရမည်။
မြန်မာဘာသာဖြင့်ထုတ်ပြန်ကြေညာချက်အား အောက်တွင်ဖတ်ရှုနိုင်ပါသည်။
4 April 2025: The United Nations (UN) Security Council must urgently impose a compulsory humanitarian ceasefire on the Myanmar military junta and mandate an immediate, large-scale humanitarian response to the unfolding catastrophe in Myanmar following last week’s earthquake, says the Special Advisory Council for Myanmar (SAC-M).
The junta’s continuing attacks in earthquake-affected areas and its obstruction of relief efforts are an immediate threat to communities already devastated by the most powerful earthquake to strike Myanmar in over a century. They also constitute an immediate threat to international peace and security.
The full extent of the devastation is only just beginning to emerge. At least 3,145 people have died, with the toll expected to rise significantly as the rubble is cleared. Hospitals are overwhelmed and shortages of medical supplies, fuel, clean water and shelter continue to hamper relief operations. Thousands are homeless, with aid organisations fearing outbreaks of disease.
Rather than deploying its considerable military resources to assist the disaster response, the junta has obstructed relief and rescue efforts and continued its offensive military operations. Reports indicate that the junta has used roadblocks and onerous registration requirements to obstruct the flow of urgently needed aid and block access to earthquake-hit areas, including Sagaing, a region largely under resistance control. Aid workers have accused junta troops of seizing supplies and funds intended for the relief effort.
Meanwhile, dozens of junta air and artillery attacks have been reported in earthquake-affected areas, including Magway, Bago and Sagaing Regions and Kachin, Karen, Karenni and Shan States, since the earthquake. The National Unity Government (NUG) and its People’s Defence Forces and ethnic armies, including the Three Brotherhood Alliance, declared a unilateral ceasefire almost immediately after the earthquake to facilitate an emergency response. However, junta leader Min Aung Hlaing declared that junta military operations would continue and intensified the bombing and shelling. Four days later the junta announced its own 20-day ceasefire, starting on 2 April, but it violated the ceasefire just hours later by carrying out airstrikes in Sagaing and Kachin.
Min Aung Hlaing has since left Myanmar to attend the Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) Summit in Bangkok on 4-5 April. No sane, responsible leader would abandon a country during a catastrophe of this magnitude. Leaders of BIMSTEC member states who meet with the junta leader are effectively enabling his criminal behaviour and the suffering it has caused.
The junta’s attempts to exploit the earthquake disaster to recover lost territory have already cost lives. Urgent international action is needed to ensure that aid is delivered directly to those most in need and to undermine the junta’s ability to use violence to inflict further suffering on the people of Myanmar.
The UN Human Rights Council’s adoption of a new consensus resolution on Myanmar yesterday provides a strong basis for immediate UN Security Council action. The resolution “calls upon the Myanmar military and other parties to cease all hostilities and facilitate full, rapid, safe and unhindered humanitarian access to all victims and survivors in all affected regions.” The resolution also “calls upon States to…cease the illicit transfer and diversion of arms, munitions and other military equipment to Myanmar.”
SAC-M calls on the UN Security Council to convene an urgent meeting to adopt a new resolution on the situation in Myanmar in follow-up to UNSCR2669, adopted in 2022. The new text should expand on the language in the Human Rights Council resolution to:
- Call for an immediate compulsory humanitarian ceasefire in Myanmar and include provisions to enforce the junta’s compliance with the ceasefire
- Ban the sale, transfer and diversion of arms, munitions and other military equipment to the junta
- Demand that local and international rescue teams be given full and immediate access to all earthquake-affected areas
- Urge ASEAN, UN entities and the international community to urgently deploy humanitarian aid, medical assistance, heavy equipment and relief and rescue teams by land, air and sea, including through cross-border channels, in conjunction with the NUG, ethnic and civil society organisations capable of reaching communities most in need
- Call for scaled-up financial support to Myanmar to bolster rescue, recovery and reconstruction efforts, support newly displaced communities, and to address the broader humanitarian crisis.
၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက် – ကုလသမဂ္ဂ (UN) လုံခြုံရေးကောင်စီသည် မြန်မာစစ်အုပ်စုအပေါ် မဖြစ်မနေလိုက်နာရမည့် လူသားချင်းစာနာမှုဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို အရေးတကြီး ချမှတ်ရမည်ဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်က လှုပ်ခတ်ခဲ့သောငလျင်အပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်ဘေးဒုက္ခကြီးအတွက် ချက်ချင်းဖြစ်သော အတိုင်းအတာကြီးမားသော လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ တုံ့ပြန်မှုရှိစေရေးလုပ်ပိုင်ခွင့် ချမှတ်အပ်နှင်းရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားလိုက်သည်။
ငလျင်ဒဏ်သင့်ဒေသများတွင် စစ်အုပ်စု၏ ဆက်လက်တိုက်ခိုက်မှုများနှင့် ကယ်ဆယ်ရေးကြိုးပမ်းမှုများကို ပိတ်ဆို့တားဆီးခြင်းသည် ရာစုနှစ်တခုကျော်အတွင်း မြန်မာနိုင်ငံကို လှုပ်ခတ်ခဲ့သည့် အပြင်းထန်ဆုံးငလျင်ကြောင့် အလွန်ပြင်းထန်ဆိုးရွားစွာပျက်စီးနေပြီးဖြစ်သော အသိုင်းအဝိုင်းများအတွက် ရုတ်ခြည်း ခြိမ်းခြောက်မှုတရပ်ဖြစ်သည်။ ၎င်းဒေသများတွင် စစ်အုပ်စု၏ ဆက်လက်တိုက်ခိုက်မှုများသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်လည်း ရုတ်ခြည်း ခြိမ်းခြောက်မှုတရပ်ဖြစ်သည်။
ပျက်စီးဆုံးရှုံးမှုပမာဏအတိုင်းအတာအပြည့်အစုံမှာ ယခုမှသာ အစပေါ်ထွက်လာခြင်းဖြစ်သည်။ အနည်းဆုံး လူပေါင်း ၃,၁၄၅ ဦး သေဆုံးခဲ့ပြီး၊ အပျက်အစီးများကို ရှင်းလင်းသည့်အခါ သေဆုံးသူအရေအတွက် သိသိသာသာမြင့်တက်လာမည်ဟု မှန်းဆရသည်။ ဆေးရုံများမှာ လူနာများဖြင့်ပြည့်လျှံနေပြီး ဆေးဝါးများ၊ လောင်စာဆီ၊ သောက်သုံးရေသန့်နှင့် အမိုးအကာများ ပြတ်လပ်မှုက ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်နှောင့်နှေးစေလျက်ရှိသည်။ ထောင်ပေါင်းများစွာအိမ်မဲ့ယာမဲ့ဖြစ်နေပြီး၊ အကူအညီပေးရေးအဖွဲ့အစည်းများက ကူးစက်ရောဂါများ ဖြစ်ပွားမည်ကို စိုးရိမ်လျက်ရှိကြသည်။
ဘေးအန္တရာယ်တုံ့ပြန်မှုကိုကူညီရန် ၎င်း၏များပြားလှသော စစ်ဘက်ဆိုင်ရာအရင်းအမြစ်များကို အသုံးချမည့်အစား၊ စစ်အုပ်စုသည် ကယ်ဆယ်ရေးနှင့် ကယ်ဆယ်ရေးကြိုးပမ်းမှုများကို ပိတ်ဆို့တားဆီးခဲ့ပြီး ၎င်း၏ ထိုးစစ်စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ စစ်အုပ်စုသည် အရေးတကြီးလိုအပ်နေသောအကူအညီများ စီးဆင်းမှုကိုပိတ်ဆို့ရန် လမ်းပိတ်ဆို့မှုများနှင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော မှတ်ပုံတင်ခြင်းဆိုင်ရာသတ်မှတ်ချက်များကို အသုံးပြုခဲ့ကြောင်း သတင်းများကဖော်ပြသည်၊ ထို့ပြင်အများစုမှာ ခုခံတော်လှန်ရေးထိန်းချုပ်မှုအောက်တွင်ရှိသော စစ်ကိုင်းတိုင်းအပါအဝင် ငလျင်ဒဏ်သင့်ဒေသများသို့ဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့သည်။ အကူအညီပေးရေးလုပ်သားများက စစ်အုပ်စုတပ်ဖွဲ့များအား ကယ်ဆယ်ရေးကြိုးပမ်းမှုအတွက် ရည်ရွယ်သောထောက်ပံ့ရေးပစ္စည်းများနှင့် ရန်ပုံငွေများကိုသိမ်းယူသည်ဟု စွပ်စွဲခဲ့ကြသည်။
တစ်ချိန်တည်းတွင်၊ ငလျင်လှုပ်ပြီးနောက်ပိုင်း မကွေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများ၊ ကချင်၊ ကရင်၊ ကရင်နီနှင့် ရှမ်းပြည်နယ်များအပါအဝင် ငလျင်ဒဏ်သင့်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းနှင့် အမြောက်များဖြင့်တိုက်ခိုက်မှု ဒါဇင်ပေါင်းများစွာရှိခဲ့ကြောင်း သတင်းရရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် သုံးပွင့်ဆိုင်ညီနောင်မဟာမိတ်အဖွဲ့အပါအဝင် တိုင်းရင်းသားတပ်မတော်များသည် အရေးပေါ်တုံ့ပြန်မှု လွယ်ကူချောမွေ့စေရန် ငလျင်လှုပ်ပြီးပြီးချင်း ၎င်းတို့အစီအစဉ်ဖြင့် တဖက်တည်း အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ သို့သော် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က စစ်အုပ်စု၏ စစ်ရေးစစ်ဆင်မှုများ ဆက်လက်လုပ်ဆောင်မည်ဟုကြေညာခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကို ပိုမိုပြင်းထန်စေခဲ့သည်။ လေးရက်အကြာတွင် စစ်အုပ်စုက ဧပြီလ ၂ ရက်နေ့တွင်စတင်မည့် ၎င်း၏ကိုယ်ပိုင် ရက် ၂၀ ကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သော်လည်း၊ နာရီပိုင်းအကြာတွင် စစ်ကိုင်းနှင့် ကချင်တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့သည်။
ထိုအချိန်မှစ၍ မင်းအောင်လှိုင်သည် ဧပြီလ ၄-၅ ရက်နေ့တွင် ဘန်ကောက်မြို့၌ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ စိတ်မှန်ပြီး တာဝန်ယူမှုရှိသော မည်သည့်ခေါင်းဆောင်မျှ ဤမျှကြီးမားသော ဘေးဒုက္ခကြီးကျရောက်နေချိန်တွင် နိုင်ငံအားစွန့်ခွာမည်မဟုတ်။ စစ်အုပ်စုခေါင်းဆောင်နှင့် တွေ့ဆုံသော BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ခေါင်းဆောင်များသည် ၎င်း၏ ရာဇဝတ်မှုဆိုင်ရာအပြုအမူနှင့် ၎င်းဖြစ်ပေါ်စေခဲ့သောဆင်းရဲဒုက္ခများကို အမှန်တကယ် အထောက်အကူပြု ဖြစ်မြောက်စေခြင်းဖြစ်သည်။
ဆုံးရှုံးသွားသောနယ်မြေများကိုပြန်လည်ရယူရန် ငလျင်ဘေးဒုက္ခကို ကိုယ်ကျိုးရှာခေါင်းပုံဖြတ် အမြတ်ထုတ်သည့် စစ်အုပ်စု၏ကြံစည်မှုများကြောင့် အသက်များဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ အကူအညီများကို အလွန်အမင်းလိုအပ်နေသူများထံသို့ တိုက်ရိုက်ရောက်ရှိစေရေး ခိုင်မာသေချာစေရန်နှင့် မြန်မာပြည်သူများအပေါ် နောက်ထပ်ဆင်းရဲဒုက္ခများ သက်ရောက်စေရန်အတွက် အကြမ်းဖက်မှုကိုအသုံးချခြင်းအား အားနည်းသွားစေရန် နိုင်ငံတကာ အရေးယူဆောင်ရွက်မှု အဆောတလျင်လိုအပ်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ယမန်နေ့ကအတည်ပြုချမှတ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူ ဆုံးဖြတ်ချက်အသစ်တရပ်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချက်ချင်းဖြစ်သော အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်အတွက် ခိုင်မာသောအခြေခံကောင်းတခုကို ချမှတ်ပေးခြင်းဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက်တွင် “မြန်မာစစ်တပ်နှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများအား တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ရန်၊ ထိခိုက်ခံစားခဲ့ရသောဒေသအားလုံးရှိ ဘေးဒဏ်ခံခဲ့ရသူများနှင့် အသက်ရှင်ကျန်ရစ်သူများအားလုံးထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အပြည့်အဝ၊ လျင်မြန်စွာ၊ ဘေးကင်းလုံခြုံစွာနှင့် အဟန့်အတားမရှိရောက်ရှိရေးကို လွယ်ကူချောမွေ့ကာဖြစ်မြောက်စေရန် တောင်းဆိုသည်”ဟူ၍ပါ၀င်သည်။ ထို့ပြင်ဆုံးဖြတ်ချက်တွင် “နိုင်ငံများအား …မြန်မာနိုင်ငံသို့ လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် အခြား စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများ တရားမဝင်လွှဲပြောင်းခြင်းနှင့် လမ်းကြောင်းလွှဲအပ်ခြင်းများကို ရပ်တန့်ကြရန်တောင်းဆိုသည်”ဟူ၍ဖြစ်သည်။
SAC-M က ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ၂၀၂၂ ခုနှစ်တွင် ချမှတ်ခဲ့သော UNSCR2669 ကို ဆက်လက်ဖော်ဆောင်သည့်အနေဖြင့် မြန်မာနိုင်ငံအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အသစ်တရပ် ချမှတ်ရန် အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူရန် တောင်းဆိုလိုက်သည်။ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်ပါအသုံးအနှုန်းကိုတိုးချဲ့၍ အောက်ပါအတိုင်း စာသားအသစ်ပါဝင်သင့်သည် –
- မြန်မာနိုင်ငံတွင် ချက်ချင်းဖြစ်သော မဖြစ်မနေလိုက်နာရမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုပြီး စစ်အုပ်စုဘက်မှ အပစ်အခတ်ရပ်စဲရေးလိုက်နာစေရန်အတွက် ပြဋ္ဌာန်းချက်များထည့်သွင်းရန်။
- စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်းမီးကျောက်နှင့် အခြားစစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းနှင့် လွှဲအပ်ခြင်းတို့အား ပိတ်ပင်တားမြစ်ရန်။
- ပြည်တွင်းနှင့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များအား ငလျင်ဒဏ်သင့်ဒေသအားလုံးသို့ အပြည့်အဝနှင့် ချက်ချင်းဝင်ရောက်ခွင့်ပေးရန်အတွက် တောင်းဆိုမှုပြုရန်။
- အလွန်အမင်းလိုအပ်နေသောအသိုင်းအဝိုင်းများထံသို့ ရောက်ရှိနိုင်စွမ်းရှိသည့် NUG၊ တိုင်းရင်းသားနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတဆင့်အပါအဝင် ကုန်းလမ်း၊ လေကြောင်း၊ ရေကြောင်းတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ၊ ဆေးဘက်ဆိုင်ရာ အကူအညီ၊ စက်ယန္တရားကြီးများနှင့် ကယ်ဆယ်ရေးအဖွဲ့များကို အရေးတကြီးစေလွှတ်ရန် အာဆီယံ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းမှုပြုရန်။
- ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုများကို အားဖြည့်ရန်၊ အသစ်အသစ်သော နေရပ်စွန့်ခွာတိမ်းရှောင်ရသောအသိုင်းအဝိုင်းများကို ထောက်ပံ့ရန်နှင့် ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်တို့အတွက်အလို့ငှာ မြန်မာနိုင်ငံအတွက် တိုးမြှင့်ထားသော ငွေကြေးအထောက်အပံ့များအား တောင်းဆိုမှုပြုရန်။
Download the English version of the statement: SAC-M PR UNSC Earthquake Response ENGLISH
မြန်မာဘာသာဖြင့်ထုတ်ပြန်ကြေညာချက်အား ဒေါင်းလုဒ်ရယူပါ SAC-M PR UNSC Earthquake Response BURMESE