အတုအယောင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြ – မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ချက်ချင်း ယတိပြတ်ငြင်းပယ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို SAC-M ကတောင်းဆိုလိုက်သည်။
မြန်မာဘာသာဖြင့်ထုတ်ပြန်ကြေညာချက်အား အောက်တွင်ဖတ်ရှုနိုင်ပါသည်။
29 December 2025: The Myanmar military junta yesterday conducted the “first phase” of its sham elections – an exercise in misdirection aimed at diverting attention away from its atrocities and gaslighting the international community into gifting the junta the legitimacy it so desperately needs.
Yet in an embarrassment to the junta, voter turnout was dismal, as much of the population boycotted the polls despite the junta’s widespread use of fear and intimidation.
Now is the time for the UN, ASEAN, Myanmar’s neighbours and the broader international community to outright reject the sham elections before the empty performance continues into its slated second and third phases next month.
The junta’s elections fail on every front. First, they are far from inclusive. The junta’s limited territorial reach covers less than 40 percent of the country. By its own admission, at least 65 of 330 townships will be excluded entirely from its poll. Thousands of village tracts and urban wards were also excluded in townships where the junta claimed voting would take place. In these areas outside its control, the junta is ramping up its airstrikes to punish and terrorise perceived opponents.
Nor are the sham elections free or fair. According to the Asian Network for Free Elections (ANFREL), Myanmar political parties that won 90 percent of the seats in the 2020 national elections have been deregistered or otherwise barred from participating in the junta’s poll. At the same time, democratically-elected leaders including President Win Myint and State Counsellor Aung San Suu Kyi continue to languish in political imprisonment.
Even in areas within the junta’s reach, communities have been pressured to vote, essentially at gunpoint. According to the UN’s Human Rights Office, the junta’s electronic surveillance technology is being used to track how people vote, enabling reprisals. Junta punishments for dissent include extreme sanctions such as the death penalty.
The Special Advisory Council for Myanmar (SAC-M) also rebuffs the suggestion that these “elections” somehow offer a window to democratic transition. Myanmar was already advancing on its democratic path when Min Aung Hlaing destroyed that promise with his coup attempt. For the past five years, he has deployed the military’s war machine as a tool of repression and annihilation.
Even in the opening hours of its electoral charade, the junta carried out fresh attacks. Junta airstrikes and artillery fire began targeting Budalin Township in Sagaing Region, at around 7:00 am local time yesterday, according to local residents.
On 27 December, the day before election day, at least nine people were killed and more than ten others were wounded when a junta fighter jet and a helicopter gunship attacked a row of restaurants in nearby Khin-U Township, also in Sagaing Region, according to reports.
“The idea that junta leader Min Aung Hlaing is a nascent democrat is beyond absurd”, said SAC-M Executive Director Ben Lee. “His name has become a byword for atrocities – airstrikes, torture, sexual violence, even genocide. The Prosecutor of the International Criminal Court wants him arrested for alleged crimes against humanity.”
Before this electoral farce extends any further, the international community should shut it down by tightening the screws on the junta and its proxies, and strengthening its commitment to a genuine democratic path in Myanmar.
ASEAN and the UN, with broader international support, must also recognise and redouble their support to legitimate pro-democracy actors, including the National Unity Government, Ethnic Organizations and Myanmar civil society.
၂၉ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၅ ခုနှစ် – မြန်မာစစ်အုပ်စုသည် ၎င်း၏ အတုအယောင်ရွေးကောက်ပွဲ ‘ပထမပိုင်း’ ကို ယမန်နေ့က ကျင်းပခဲ့သည်။ ဤရွေးကောက်ပွဲသည် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အုပ်စုကျူးလွန်ခဲ့သောရက်စက်ကြမ်းကြုတ်မှုများမှ အာရုံလွဲသွားစေရန်နှင့် အမှန်တရားဝေဝါးသွားကာ စစ်အုပ်စုက အသည်းအသန်လိုအပ်နေသော တရားဝင်မှုပေးလာစေရန် မျက်နှာပြောင်တိုက်ကြိုးပမ်းသည့် လုပ်ရပ်တစ်ခုသာဖြစ်သည်။
သို့သော် စစ်အုပ်စုက နေရာအနှံ့ အကြောက်တရားသွင်းကာ ခြိမ်းခြောက်နေသည့်ကြားမှပင် ပြည်သူအများအပြား မဲမပေးပဲ သပိတ်မှောက်ခဲ့ကြသောကြောင့် မဲပေးသူအရေအတွက် ချွတ်ခြုံကျလောက်အောင် နည်းပါးခဲ့ပြီး စစ်အုပ်စု အတွက် အရှက်ရစရာဖြစ်သွားခဲ့သည်။
ယခုအချိန်သည် အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းများ နောက်လအတွင်း ဆက်မလာခင် ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် အခြားသောနိုင်ငံတကာအသိုင်းအဝိုင်းက ဤအနှစ်သာရမဲ့ လုပ်ရပ်ကို ယတိပြတ်ငြင်းပယ်ရမည့်အချိန်ဖြစ်သည်။
စစ်အုပ်စု၏ရွေးကောက်ပွဲသည် အဘက်ဘက်မှ ကျရှုံးခဲ့သည်။ ပထမတစ်ချက်မှာ ရွေးကောက်ပွဲများသည် လူထုပါဝင်မှု အလွန်နည်းခြင်းဖြစ်သည်။ စစ်အုပ်စုသည် နိုင်ငံနယ်နမိတ်၏ ၄၀% ထက်နည်းသော နယ်မြေ အကျယ်အဝန်းတစ်ခုကိုသာ လက်လှမ်းမှီသည်။ ၎င်းတို့ကိုယ်တိုင်ကဝန်ခံထားသည့်အတိုင်း မြို့နယ် ၃၃၀ အနက် ၆၅ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ချေ။ ရွေးကောက်ပွဲကျင်းပမည်ဟူသည့် မြို့နယ်များမှာလည်း မြို့နယ်လုံးကျွတ်မကျင်းပနိုင်သောကြောင့် ကျန်နေခဲ့မည့်ကျေးရွာအုပ်စုနှင့် မြို့ပေါ်ရပ်ကွက်အရေအတွက် ထောင်နှင့်ချီရှိနေသည်။ စစ်အုပ်စုသည် ထိုသို့သော ၎င်း၏ထိန်းချုပ်မှုပြင်ပနယ်မြေများကို ရန်ဘက်များဟုယူဆကာ အပြစ်ပေးရန်နှင့် အကြမ်းဖက်ခြောက်လှန့်ရန် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်ဆောင်ရွက်နေလျက်ရှိသည်။
ထို့ပြင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲသည် လွတ်လပ်၊ မျှတမှုလည်း မရှိပါ။ ၂၀၂၀ ပြည်လုံးကျွတ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၉၀% အထိ အနိုင်ရခဲ့သော မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများသည် မှတ်ပုံတင် ဖျက်သိမ်းခြင်း သို့မဟုတ် ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရသည်ဟု Asian Network for Free Elections (ANFREL) ကဆိုသည်။ တချိန်တည်းတွင် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည်လည်း နိုင်ငံရေးထောင်ဒဏ်များဖြင့် ဆက်လက်ချောင်ထိုးခံရကာ ဆင်းရဲဒုက္ခ ရောက်နေရသည်။
စစ်အုပ်စုက လက်လှမ်းမှီသောနယ်မြေများတွင်လည်း ဒေသခံပြည်သူများသည် မဲပေးရန် ဖိအားပေးခံနေရပြီး အထူးသဖြင့် သေနတ်ထောက်ကာ ဖိအားပေးခံနေရသည့်အထိ ဖြစ်နေသည်။ စစ်အုပ်စုသည် ပြည်သူများ မည်သို့ မဲပေးကြောင်း ခြေရာခံရန် အီလက်ထရောနစ်ထောက်လှမ်းရေးနည်းပညာကို အသုံးပြုနေသည့်အတွက်ကြောင့် တုန့်ပြန်အရေးယူမှု ပြုလုပ်နိုင်စွမ်းရှိနေသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ကပြောသည်။ အတိုက်အခံလုပ်သူများကို အရေးယူနိုင်သည့်ပြစ်ဒဏ်များထဲတွင် သေဒဏ်ကဲ့သို့ အလွန်ကြီးလေးသော ပြစ်ဒဏ်များလည်းပါဝင်သည်။
ဤ “ရွေးကောက်ပွဲများ” သည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆီသို့ တနည်းနည်းဖြင့် လမ်းဖွင့်ပေးနိုင်သည်ဟူသော ရည်ညွှန်းပြောဆိုမှုကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) က ခါးခါးသီးသီးငြင်းပယ်ပါသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တဆင့်ချင်း ရှေ့တိုးလျှောက်လှမ်းလာခဲ့ပြီးသားဖြစ်သော်လည်း မင်းအောင်လှိုင်က အာဏာသိမ်းရန်ကြိုးပမ်းခြင်းဖြင့် ထိုအလားအလာကောင်းအခြေအနေတစ်ခုကို ဖျက်ဆီးပစ်ခဲ့သည်။ မင်းအောင်လှိုင်သည် လွန်ခဲ့သော (၅) နှစ်အတွင်း စစ်တပ်၏ စစ်လက်နက်ယန္တရားများကို ဖိနှိပ်မှုနှင့် ရှင်းလင်းသုတ်သင်ရေးလုပ်ငန်းများအတွက် အသုံးပြုလာခဲ့သည်။
စစ်အုပ်စုသည် ၎င်း၏ ဟန်ပြရွေးကောက်ပွဲ စတင်ကျင်းပမည့်နာရီအပိုင်းအခြားအတွင်းတွင်ပင် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းသည် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ အချိန်တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီးပစ်ခတ်မှုများ စတင်ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။
ရွေးကောက်ပွဲမစတင်မီ တစ်ရက်အလို ဒီဇင်ဘာလ၊ ၂၇ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းအတွင်းရှိ နောက်ထပ် အနီးအနား မြို့နယ်တစ်ခုဖြစ်သော ခင်ဦးမြို့နယ်ရှိ စားသောက်ဆိုင်တန်းတစ်ခုအား စစ်အုပ်စု၏ တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များက ပတ်ခတ်ခဲ့သောကြောင့် ပြည်သူ အနည်းဆုံး (၉) ဦးသေဆုံးပြီး နောက်ထပ် (၁၀) ဦးမက ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“မင်းအောင်လှိုင်ဟာ တက်သစ်စ ဒီမိုကရက်တစ်ဦးဖြစ်တယ်ဆိုတဲ့ ယူဆချက်က မယုံနိုင်လောက်အောင် အဓိပ္ပါယ်မဲ့လှပါတယ်” ဟု SAC-M ၏ အမှုဆောင်ဒါရိုက်တာ Ben Lee က ပြောသည်။ “သူ့နာမည်က လေကြောင်း တိုက်ခိုက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လိင်အကြမ်းဖက်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုလိုမျိုး ရက်စက်ကြုမ်းကြုတ်မှုတွေနဲ့ ခွဲမရအောင် ဒွန်တွဲနေတဲ့ပြယုဂ်တစ်ခုလို ဖြစ်နေတာပါ။ သူဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ တရားရေးအရာရှိကိုယ်တိုင်က ဖမ်းချင်နေတဲ့သူတစ်ယောက်ပါ။”
ဤရုပ်ပျက်ဆင်းပျက်ရွေးကောက်ပွဲကို ဆက်မကျင်းပသေးခင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်အုပ်စုနှင့် ၎င်း၏ကိုယ်ပွားများကို ဖိအားပေးခြင်းဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်း တစ်ခုအတွက် ပိုမိုခိုင်မာအားကောင်းသောကတိကဝတ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ရွေးကောက်ပွဲရပ်တန့်သွားအောင် ပြုလုပ်ရမည်။
အာဆီယံနှင့် ကုလသမဂ္ဂတို့သည့် အခြားနိုင်ငံတကာအစုအဖွဲ့များ၏အကူအညီဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့် မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် စစ်မှန်သော တရားဝင် ဒီမိုကရေစီဘက်တော်သားများကို အသိအမှတ်ပြုကာ ဆတက်ထမ်းပိုး တိုးမြှင့်အားပေးထောက်ခံရမည်။
Download the English version of the statement: SAC-M PR Slam the Sham ENGLISH