Decapitation: The Junta’s Ultimate Method of Terror to Subjugate the Myanmar People

October 22nd, 2022  •  Category Statements

ခေါင်းဖြတ်ခြင်း – မြန်မာလူထုကို ဖိနှိပ်ချုပ်ချယ်ရန်အတွက် စစ်ကောင်စီမှ အသုံးပြုနေသည့် အဆုံးစွန်သောနည်းလမ်း

မြန်မာဘာသာဖြင့် ထုတ်ပြန်​ကြေညာချက်အား ​အောက်တွင်ဖတ်ရှုနိုင်ပါသည်။

22 October, 2022: The beheading of a National Unity Government (NUG) school teacher by Myanmar junta forces is an act of terror under international and Myanmar law. The United Nations (UN) and the Association of Southeast Asian Nations (ASEAN) must take urgent action to hold the junta accountable for atrocities committed against school children and teachers in Myanmar, says the Special Advisory Council for Myanmar (SAC-M). 

According to reports, U Saw Tun Moe, a teacher at a civilian NUG-funded school in Thit Nyi Naung village in southern Pauk Township, Magwe Region, was abducted by junta troops on Sunday, 16 October. The next day his body was found decapitated leaning against the gate of a school in the nearby village of Taung Myint. His head was impaled on a spike on the school gate above his body and three of his fingers had been cut off and placed between his thighs.

“The atrocities being committed by the junta in Myanmar have reached a new level of inhumanity,” said Marzuki Darusman of SAC-M. “The junta is escalating its barbaric attacks against children and teachers in a vain attempt to break the morale of the population who steadfastly reject it and for whom education is a pillar of the society they are sacrificing so much to create.  If ASEAN supports the Myanmar peoples’ vision of the future, it must take urgent action to end the senseless junta-violence.”

Education in Myanmar is increasingly becoming a target for junta atrocities. A school headmaster who was taking part in the nationwide Civil Disobedience Movement was reportedly stabbed to death on Monday in Ayeyarwady Region while on 16 September, junta attack helicopters fired heavy weapons into a school in a monastery in Sagaing Region killing at least 11 children and injuring 17. Such attacks are gross violations of the UN Convention of the Rights of the Child.

The junta has been committing systematic and widespread atrocities against the civilian population of Myanmar ever since its failed coup attempt in February 2021. Despite this, the alliance of democratic resistance forces, represented by the NUG, have the greatest claim to effective control in Myanmar. The NUG, people’s administration bodies and Ethnic Resistance Organisations (EROs)  are delivering government services, including education, to millions of people across the country in areas under their control. 

Beheading someone and putting the body on display for the public to see is a clearly defined act of terror,” said Chris Sidoti of SAC-M. “The Myanmar military leaders have waged a bloody campaign of terror against the Myanmar people for more than 20-months. They must face international accountability. The ICC urgently needs to act on the NUG’s article 12(3) declaration and the military needs to be declared a terrorist organisation under international law.”

The Myanmar military meets the criteria of a terrorist organisation under both Myanmar and international law. SAC-M continues to call on the international community to designate and treat it as such.

“The junta shells schools, massacres school children and decapitates teachers in Myanmar with impunity. This is a deliberate attack on Myanmar’s future,” said Yanghee Lee of SAC-M. “The Myanmar people know the military has no future in Myanmar. When will the United Nations wake up to this reality and finally hold military leaders accountable for their horrific crimes? The UN’s current approach to engagement with the junta makes it complicit in the atrocities being committed against the Myanmar people.”

To protect the lives of the Myanmar people and bring the leaders of the military junta to justice, SAC-M is calling on:

 

 The UN Security Council to put to a vote a resolution on Myanmar to impose a comprehensive global arms embargo on the junta, financial and economic sanctions against the junta, to refer the situation in Myanmar to the International Criminal Court (ICC), and to commence the process of declaring the Myanmar military a terrorist organisation and require UN members states treat it as such;

 

The UN General Assembly to fully accept the credentials of Myanmar’s representative to the UN, NUG appointee Ambassador Kyaw Moe Tun, with all the rights and privileges of any other member state, including representation in all other UN bodies and forums;

 

ASEAN to engage formally with the NUG, accept the NUG as the representative of Myanmar in ASEAN meetings and forums, and use the ASEAN Summit in November to reach a new agreement on how to respond to the junta-made crises in Myanmar, developed in consultation with the NUG;

 

UN officials, agencies and other humanitarian actors to cease all activities that grant legitimacy to the junta, including presenting credentials to Min Aung Hlaing and participating in photo opportunities with the generals and their collaborators, and adhere to humanitarian principles by engaging primarily with the NUG and resistance organisations;

 

The ICC to accept the NUG’s article 12(3) declaration accepting ICC jurisdiction in Myanmar dating back to 2002 and urgently expand the current investigation on the basis of the declaration.

 

Download the English version of the statement: SAC-M PR teacher attack ENGLISH 

နေ့စွဲ ။ ။ ၂၂၊ အောက်တိုဘာလ၊ ၂၀၂၂။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျောင်းဆရာကို ခေါင်းဖြတ်သတ်ခြင်းသည် မြန်မာပြည်တွင်းရှိ ဥပဒေများနှင့် နိုင်ငံတကာ ဥပဒေများအရ အကြမ်းဖက်လုပ်ရပ်ထဲတွင် အကျုံးဝင်သည်။ ကုလသမဂ္ဂ (UN) နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း ( ASEAN ) တို့အနေဖြင့် ကျောင်းတက်နေသည့်ကလေးငယ်များနှင့် ဆရာ၊ဆရာမများအပေါ်ကျုးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် စစ်အုပ်စုအား တာဝန်ခံမှုရှိစေရန် ချက်ချင်းလုပ်ဆောင်ရန်လိုအပ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားသည်။

သတင်းဖော်ပြချက်များအရ မကွေးတိုင်း၊​ ပေါက်မြို့နယ်တောင်ပိုင်းရှိ သစ်ညီနောင်ရွာတွင် NUG အစိုးရမှ တည်ထောင်ထားသည့် စာသင်ကျောင်းမှ ကျောင်းဆရာ ဦးစောထွန်းမိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၆ ရက်နေ့ ၊ တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့သည်။ နောက်တစ်ရက်တွင် ၄င်း၏ ရုပ်အလောင်းကို အနီးအနားရှိ တောင်မြင့်ရွာ စာသင်ကျောင်းဝင်းတံခါးတွင် မှီလျက်အနေအထားဖြင့် တွေ့ရှိခဲ့သည်။ ၄င်း၏ ဦးခေါင်းကိုမူ ရုပ်အလောင်းပေါ်ရှိ ဝင်းတံခါးသံတိုင်တွင် စိုက်ထားပြီး လက်ချောင်းသုံးချောင်းမှာ ဖြတ်တောက်ထားခြင်းခံရကာ ပေါင်ကြားတွင်ထားခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက ကျုးလွန်နေတဲ့ ရက်စ်ကြမ်းကြုတ်မှုတွေက တော်တော်လေး လူမဆန်တဲ့ အဆင့်တစ်ခုကို ရောက်နေပြီ။” ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီမှ Marzuki Darusman က ပြောသည်။ “ လူ့အဖွဲ့အစည်းရဲ့ မဏ္ဍိုင်ဖြစ်တဲ့ ပညာရေး ကို ဖန်တီးဖို့ စစ်အုပ်စုကို ဆန့်ကျင်ပြီး အလွန်အမင်း စွန့်လွှတ်အနစ်နာခံနေတဲ့ ပြည်သူလူထုရဲ့ စိတ်ဓာတ်ကိုချိုးဖျက်နိုင်ဖို့အတွက် အချည်းနှီးကြိုးပမ်းမှုတစ်ရပ်အနေနဲ့ ကလေးငယ်တွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေအပေါ် ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို စစ်အုပ်စုက အရှိန်မြှင့်လုပ်ဆောင်လာနေတယ်။ အကယ်၍ မြန်မာလူထုရဲ့ အနာဂတ်အတွက် စိတ်ကူးပုံရိပ်တွေကို အာဆီယံက အထောက်အပံ့ပေးမယ်ဆိုရင် သူတို့အနေနဲ့ စစ်အုပ်စုရဲ့ လူစိတ်မရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်ဖို့ အရေးယူမှုတွေကို ချက်ချင်းလုပ်ဆောင်ရမယ်

မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍမှာ  စစ်အုပ်စု ၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် ပစ်မှတ်တစ်ခုအဖြစ် အလျင်အမြန်ဖြစ်လာနေသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပါဝင်ကြသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု ( CDM ) တွင် ပါဝင်သည့် ဧရာဝတီတိုင်းမှ ကျောင်းအုပ်ဆရာတစ်ဦးသည် စက်တင်ဘာလ ၁၆ရက်နေ့က ဓားဖြင့် ထိုးနှက်သတ်ဖြတ်ခံခဲ့ရသည်။ စစ်ကောင်စီ၏ ရဟတ်ယာဥ်များသည် စစ်ကိုင်းတိုင်းရှိ ဘုန်းကြီးကျောင်းဝင်းတစ်ခုထဲမှ စာသင်ကျောင်းကို လက်နက်ကြီးများအသုံးပြုကာတိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံးကလေးငယ် ၁၁ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုကဲ့သို့သောတိုက်ခိုက်မှုမျိုးသည် ကုလသမဂ္ဂ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ်ကို တရားလွန်ချိုးဖောက်ခြင်းပင် ဖြစ်သည်။

ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့စဥ်ကတည်းက စစ်ကောင်စီသည် ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျုးလွန်နေခဲ့သည်။ သို့တိုင်အောင် NUG က ကိုယ်စားပြုသည့် ဒီမိုကရေစီတော်လှန်ရေးအင်အားစုများသည် မြန်မာနိုင်ငံအတွင်း ထိထိရောက်ရောက်ထိန်းချုပ်နိုငနေသည်။ ပြည်သူလူထု၏ အစိုးရဖြစ်သည့် NUG နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (EROs)  များသည် နိုင်ငံတစ်ဝန်းရှိ ၄င်းတို့ ထိန်းချုပ်ရာ နယ်မြေများရှိ သန်းနှင့်ချီသော လူထုအတွက် ပညာရေးအပါအဝင် အစိုးရတစ်ရပ်၏ လုပ်ငန်းများကို ဆောင်ရွက်နေသည်။

လူတစ်ယောက်ကို ခေါင်းဖြတ်သတ်ပြီးတော့ ရုပ်အလောင်းကို အများပြည်သူမြင်နိုင်အောင် ပြသထားတာက အကြမ်းဖက်လုပ်ရပ်တစ်ခုဖြစပါတယ်။” ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီမှ Chris Sidoti က ပြောသည်။ “ မြန်မာစစ်ခေါင်းဆောင်တွေက လပေါင်း ၂၀ ကျော်ကြာလာတဲ့အထိ မြန်မာပြည်သူလူထုအပေါ် သွေးစွန်းတဲ့အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်လာခဲ့ပါတယ်။ သူတို့တွေဟာ နိုင်ငံတကာမှာ ၎င်းတို့လုပ်ရပ်တွေအတွက် တာဝန်ခံမှုနဲ့ ရင်ဆိုင်ရမယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ( ICC ) က ပုဒ်မ ၁၂(၃) နဲ့ ပက်သက်တဲ့ NUG အစိုးရရဲ့ ကြေညာချက် ကို အရေးတကြီး ဆောင်ရွက်ဖို့နဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာဥပဒေအရ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာဖို့ လိုအပ်တယ်။

မြန်မာပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများအရ မြန်မာစစ်တပ်သည် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံရရန် အချက်အလက်များပြည့်စုံနေသည်။​ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီမှ ထိုကဲ့သို့ သတ်မှတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ဆက်လက်တောင်းဆိုနေပါသည်။

စစ်ကောင်စီက မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို ခေါင်းဖြတ်တာ၊ ကျောင်းတွေကို ဗုံးကြဲတာနဲ့ ကျောင်းတက်နေတဲ့ကလေးငယ်တွေကို သတ်ဖြတ်တာတွေကို တရားလက်လွတ် လုပ်ဆောင်နေတယ်။ ဒီလုပ်ရပ်က မြန်မာနိုင်ငံရဲ့အနာဂတ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီမှ Yanghee Lee က ပြောကြားသည်။ “ မြန်မာလူထုက စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ရှေ့ဆက်ဖို့အနာဂတ်မရှိတော့ဘူးဆိုတာကို သိကြတယ်။ ကုလသမဂ္ဂက ဘယ်တော့မှ ဒီအမှန်တရားကို သိမြင်လာပြီး စစ်ခေါင်းဆောင်တွေကို သူတို့ရဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ အတွက် တာဝန်ခံခိုင်းမှာလဲ။ လက်ရှိမှာ စစ်ကောင်စီနဲ့ ညှိနှိုင်းဖို့ ချဥ်းကပ်မှုဟာ မြန်မာလူထုအပေါ် ကျုးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ကုလသမဂ္ဂကပါ အတူတူ ပါဝင်ပတ်သက်သလို ဖြစ်သွားစေတယ်။

 

မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကာကွယ်ရန်နှင့် စစ်ခေါင်းဆောင်များကို တရားခွင်သို့ ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ အနေဖြင့် အောက်ပါတို့ကို တောင်းဆိုလိုပါသည်။

  • မြန်မာနိုင်ငံအရေး အဖြေရှာရန်အတွက် စစ်ကောင်စီကို လက်နက်ရောင်းချမှုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပိတ်ပင်ရန်၊ စစ်ကောင်စီအပေါ် ဘဏ္ဍာရေးနှင့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန်၊ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ( ICC ) တွင် မြန်မာနိုင်ငံတွင်းရှိ အခြေအနေများကို တင်ပြပြီး မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာရန်လုပ်ငန်းစဥ်ကို စတင်ရန်နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကလည်း ထိုကဲ့သို့ ပြုမူဆောင်ရွက်ရန် စသည်တို့အား မဲခွဲဆုံးဖြတ်ရန်
  • ကုလသမဂ္ဂအထွေထွေညီလာခံမှ NUG အစိုးရက ခန့်အပ်ထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို အခြား ကုလသမဂ္ဂအဖွဲ့များနှင့် ဆွေးနွေးပွဲများအားလုံးတွင် ပါဝင်ကိုယ်စားပြုခွင့်အပါအဝင် အခြားအဖွဲ့ဝင်နိုင်ငံများကဲ့သို့ အထူးအခွင့်အရေးများနှင့် ရပိုင်ခွင့်များ အားလုံးပေးအပ်ကာ ၄င်း၏ ကိုယ်စားပြုမှုကို အပြည့်အဝလက်ခံပေးရန်
  • အာဆီယံမှ NUG ဖြင့် တရားဝင်ညှိနှိုင်းလုပ်ဆောင်ရန်၊​ အာဆီယံ၏ အစည်းအဝေးများနှင့် ဆွေးနွေးပွဲများတွင် NUG ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်လက်ခံရန်၊ နိုဝင်ဘာတွင် ကျင်းပမည့် အာဆီယံအစည်းအဝေးတွင် မြန်မာနိုင်ငံတွင်း၌ စစ်ကောင်စီမှ ကျုးလွန်နေသည့် အကြပ်အတည်းများကို တုန့်ပြန်ရန်အတွက် သဘောတူညီမှုအသစ်တစ်ရပ်ဖော်ဆောင်ရန် နှင့် NUG ဖြင့် ဆွေးနွေးညှိနှိုင်းမှုများချဲ့ထွင်ရန်
  • ကုလသမဂ္ဂတာဝန်ရှိသူများ၊ အေဂျင်စီများနှင့် အခြား လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်သူများအားလုံးအနေဖြင့် စစ်ဗိုလ်ချုပ်များ၊ ၄င်းတို့၏ အပေါင်းအပါများနှင့် မှတ်တမ်းတင်ဓာတ်ပုံတွဲရိုက်ခြင်း၊ မင်းအောင်လှိုင်အား အထောက်အထားများ တင်ပြခြင်း တို့ အပါအဝင် စစ်ကောင်စီကို တရားဝင်ဖြစ်စေမည့် လုပ်ငန်းဆောင်ရွက်မှုအားလုံး ရပ်တန့်ရန်၊ NUG နှင့် တော်လှန်ရေးအဖွဲ့များနှင့် အဓိက စေ့စပ်ဆောင်ရွက်ခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဥပဒေသများကို စောင့်ထိန်းလိုက်နာရန်
  • ICC အနေဖြင့် ပုဒ်မ ၁၂(၃) နဲ့ပက်သက်တဲ့ NUG ရဲ့ကြေညာချက် အရ ၂၀၀၂ ခုနှစ်ကတည်းမှစပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများနှင့် စပ်လျဥ်း၍ ICC ၏ တရားစီရင်မှုကို လက်ခံကြောင်းနှင့် ကြေညာချက်အပေါ်အခြေခံပြီး လက်ရှိစုံစမ်းစစ်ဆေးမှုများအား အလျင်အမြန်တိုးချဲ့ ဆောင်ရွက်ရေးတို့ကို လက်ခံရန် ။