ရှင်းလင်းချက်စာတမ်းအသစ် – မြန်မာနိုင်ငံရှိ ထိရောက်သောထိန်းချုပ်မှု ၂၀၂၄ ခုနှစ်၊ နောက်ဆုံးအခြေအနေ
မြန်မာဘာသာဖြင့် ထုတ်ပြန်ကြေညာချက်အား အောက်တွင်ဖတ်ရှုနိုင်ပါသည်။
30 May 2024: The trajectory of the conflict in Myanmar has accelerated rapidly in favour of the country’s resistance actors, finds a new briefing paper published by the Special Advisory Council for Myanmar (SAC-M) today. The junta is not the de facto government of Myanmar as it is not in effective control of the state. International actors should immediately revise policies that are bound by that false assumption and instead massively scale-up support to Myanmar’s many resistance actors, SAC-M said.
The briefing paper, ‘Effective Control in Myanmar 2024 Update’, presents a picture of the dynamics of contestation and control across all of Myanmar more than three years since the beginning of an historic national uprising in response to the Myanmar military’s attempted coup of 1 February 2021. SAC-M finds that armed resistance to the junta has expanded across the country and that the junta has proven incapable of reversing, or even arresting, the rate of its military losses to resistance forces, which have accelerated considerably since October 2023.
“We had identified that the trajectory of the conflict favoured the resistance in 2022, when the prevailing narrative within the international community was that the military was in control and would soon be holding elections,” said Yanghee Lee of SAC-M. “Since then, the overall trajectory of the conflict has accelerated further in favour of the resistance. The junta is not a de facto government as it is not in effective control of the state. The international community must understand this reality and work directly with resistance authorities and civil society to deliver urgent aid and assistance to the Myanmar people.”
Several years of sustained pressure from acts of non-violent and armed nationwide resistance paved the way for a series of rapid military advances against the junta by resistance forces beginning in October 2023. Between October 2023 and April 20241, the junta lost meaningful ground access to the majority of townships on Myanmar’s international borders and 55 cities and towns were taken by resistance forces.
The junta has responded to its mounting military losses by escalating its commission of atrocities against civilians, increasingly through airstrikes and artillery. 2.7 million people have been internally displaced since the coup and 18.6 million people require humanitarian assistance as a result of junta attacks and junta blockades on vital humanitarian assistance. The majority of those in dire need are in areas outside of stable junta control, where the junta has limited capacity to address the humanitarian crisis it has deliberately created.
“The military junta is refusing to meet the demands of the democratic revolution, despite the historic advances being made by Myanmar’s allied resistance forces. The junta shows only a commitment to further violence and suppression,” said Chris Sidoti of SAC-M. “The international community must act to protect people from the junta’s atrocities against civilians by ceasing all transfers of arms and imposing comprehensive arms embargoes, strengthening financial sanctions on the junta and referring the entire situation in Myanmar to the International Criminal Court.”
SAC-M’s analysis published today, an update to its 2022 analysis on effective control, features three maps2 depicting illustrative visualisations indicating degrees of contestation and control across Myanmar’s varied geography. The qualitative assessments used to produce the visual models were guided by internationally accepted criteria for determining whether an entity has effective control as a de facto government of a state, derived from international case law. Those criteria include the acceptance of the population, the capacity to administer functions of government and degree of permanency, in addition to taking control of territory into account.
SAC-M finds that resistance groups collectively have greater control in more territory than the junta, but no one group exercises de facto power over the state itself. Governance capacity across the country remains weak, including for resistance authorities, who are straining to meet the growing humanitarian needs of the population and protect civilians from escalating junta violence.
“Fears of increased violence as inevitable should the junta collapse, fail to account for the fact that the main source of violence and instability in Myanmar is the junta,” said Marzuki Darusman of SAC-M. “The path towards lasting peace and stability for Myanmar is through realisation of the unified federal democratic aspirations of the Myanmar people and their legitimate representatives: the National Unity Government, National Unity Consultative Council, ethnic revolutionary organisations and broader civil society. The Association of Southeast Asian Nations (ASEAN) and the international community have a moral and political responsibility to the people of Myanmar to do everything in their power to support this outcome as quickly as possible.”
The international community must respond to Myanmar’s fluid and complex crisis in a manner that accepts the dynamics on the ground and upholds obligations under international law to facilitate the clearly stated democratic aspirations of the Myanmar people. Included in SAC-M’s recommendations to States, the United Nations and ASEAN, are immediate actions that must be taken to undermine the military junta’s ability to commit atrocities and to massively scale-up provision of humanitarian assistance to people in need through direct coordination with resistance authorities and civil society. Longer-term support from the international community will be critical for resistance actors to build the capacity of government departments and services and to promote economic development in post-revolution Myanmar.
The international system has long failed the Myanmar people, but the crisis can no longer be ignored.
ဤရှင်းလင်းချက်စာတမ်းအသစ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ မြေပြင်တွင် လျင်မြန်စွာ ပြောင်းလဲနေသည့် အနေအထားများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအား တုံ့ပြန်စေရန်အတွက် သတိပေးခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။ ။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခ၏ ဦးတည်ရာလမ်းကြောင်းသည် နိုင်ငံ့ ခုခံတော်လှန်ရေးအင်အားစုများအား မျက်နှာသာပေးခြင်းအားဖြင့် လျင်မြန်စွာ အရှိန်မြှင့်တက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) မှ ယနေ့ ထုတ်၀ေသည့် မြန်မာဘာသာသို့ ပြန်ဆိုထားသော ရှင်းလင်းချက်စာတမ်းတရပ်တွင် ဖော်ပြထားသည်။ ၂၀၂၄ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် အင်္ဂလိပ်ဘာသာဖြင့် မူလကထုတ်၀ေခဲ့သော အဆိုပါ “မြန်မာနိုင်ငံတွင်း ထိရောက်သောထိန်းချုပ်မှု ၂၀၂၄ ခုနှစ် နောက်ဆုံးအခြေအနေ ” ရှင်းလင်းချက်စာတမ်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မြန်မာစစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းမှုအား တုံ့ပြန်သည့် သမိုင်းဝင် နိုင်ငံလုံးဆိုင်ရာအုံကြွမှုကြီး စတင်ချိန်မှစ၍ သုံးနှစ်ကျော်ကြာပြီဖြစ်သော မြန်မာနိုင်ငံတစ်၀ှမ်းလုံးရှိ အားပြိုင်မှုနှင့် ထိန်းချုပ်မှုဆိုင်ရာ အနေအထားများအား ဆန်းစစ်ထားသည်။
SAC-M ၏ နောက်ဆုံးသော ခွဲခြမ်းစိတ်ဖြာမှုသည် ၂၀၂၂ ခုနှစ်တွင် ပြုလုပ်ခဲ့သော ထိရောက်သော ထိန်းချုပ်မှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု၏ နောက်ဆက်တွဲဖြစ်ပြီး ၎င်းတွင် ထိရောက်စွာ ထိန်းချုပ်နိုင်မှုမရှိသဖြင့် စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ လက်တွေ့ အားဖြင့် အုပ်ချုပ်လျက်ရှိသော (de facto) အစိုးရမဟုတ်ကြောင်း ဖော်ပြထားသည်။ ရလဒ်အနေဖြင့် နိုင်ငံတကာ သက်ဆိုင်သူများကို အဆိုပါမှားယွင်းသော ယူဆချက်အပေါ် အခြေခံထားသော မူဝါဒများအား ချက်ချင်း ပြန်လည်ပြင်ဆင်ရန်နှင့် ၎င်းအစား မြန်မာနိုင်ငံရှိ ခုခံတော်လှန်ရေးအဖွဲ့များအပေါ် ပံ့ပိုးမှုများ ပမာဏထုထည် ကြီးမားစွာ တိုးမြှင့်ပေးရမည် ဟု SAC-M မှ တိုက်တွန်းလိုက်သည်။
“၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာ အသိုက်အ၀န်းအတွင်း လွှမ်းမိုးနေသော ဇာတ်ကြောင်းဖြစ်သည့် စစ်တပ်မှ ထိန်းချုပ်ထားပြီး မကြာမီ ရွေးကောက်ပွဲများ ကျင်းပတော့မည်ဟူ၍ ရှိနေစဥ်ကပင် နိုင်ငံတွင်း ပဋိပက္ခ၏ ဦးတည်ရာလမ်းကြောင်းမှာ ခုခံတော်လှန်ရေးအင်အားစုများအား မျက်နှာသာပေးနေသည်ဟု မိမိတို့အနေဖြင့် ဖော်ထုတ်ခဲ့ပြီးဖြစ်သည်” ဟူ၍ SAC-M မှ Yanghee Lee ကဆိုသည်။ “အဲဒီအချိန်ကစပြီး ပဋိပက္ခရဲ့ ဦးတည်ရာလမ်းကြောင်းတစ်ခုလုံးဟာ ခုခံတော်လှန်ရေးဘက်ကို ပိုမိုအရှိန်အဟုန်မြှင့် မျက်နှာသာပေးလာတယ်။ စစ်အုပ်စုဟာ တိုင်းပြည်ကို ထိရောက်သော ထိန်းချုပ်နိုင်မှု မရှိသည့်အပြင် မြန်မာနိုင်ငံ၏ အနာဂတ်ကို တစ်ဖက်သတ်ဆုံးဖြတ်နိုင်စွမ်း မရှိ။ နိုင်ငံတကာ အသိုက်အဝန်းက ဒီအဖြစ်မှန်အရှိတရားကို နားလည်ပြီး မြန်မာပြည်သူတွေကို အရေးပေါ် အထောက်အပံ့အကူအညီများ ပေးအပ်နိုင်ဖို့ တော်လှန်ရေး အာဏာပိုင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။”
စစ်အုပ်စုအား လက်နက်စွဲကိုင်သော ခုခံတော်လှန်မှုများ ကျယ်ပြန့်လာကာ ၎င်းသည် စစ်အုပ်စု၏ ကြိးစိုးလွှမ်းမိုး ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဒေသများအပါအ၀င် နိုင်ငံ၏ ဗဟိုချက်မကျသော ဒေသများတွင် နိုင်ငံတ၀ှမ်း နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်း SAC-M မှ တွေ့ရှိရသည်။ ထို့အပြင် စစ်အုပ်စုသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ အရှိန်မြင့်လာခဲ့လျက်ရှိသော ၎င်း၏ စစ်ရေးအရေးနိမ့်မှုများ မြန်နှုန်းမြင့်မားနေမှုကို ကန့်သတ်တားဆီးရန် သို့မဟုတ် လျှော့ချရန်ပင် မရနိုင်ကြောင်းသက်သေပြလျက်ရှိသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလကြားကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များက မြို့ပေါင်း ၅၅ မြို့အား သိမ်းပိုက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံတကာနယ်နိမိတ်တလျှောက်ရှိ မြို့နယ်အများစုသို့ အရေးပါသော မြေပြင်သွားလာ၀င်ရောက်ခွင့် ဆုံးရှုံးခဲ့ရသည်။
ဤစာတမ်း၏ ရည်ရွယ်ချက်အလို့ငှာ ခုခံတော်လှန်ရေး အင်အားစုများအား မြန်မာစစ်အုပ်စုကျင့်သုံးနေသည့် နိုင်ငံရေးစနစ်ကို ဆန့်ကျင်သည်ဟူသော နိုင်ငံရေးပန်းတိုင်များအား အတိအလင်းထုတ်ဖော်ကြေညာထားသည့် မည်သည့် လက်နက်ကိုင် နှင့်/သို့မဟုတ် အုပ်ချုပ်မှုအင်အားစုကိုမဆို ခုခံတော်လှန်ရေးအင်အားစုများ ဟူ၍ နားလည်မှတ်ယူထားသည်။ “ခုခံတော်လှန်ရေး (resistance)” ဟုသုံးနှုန်းလိုက်သည်နှင့် ၎င်းအဖွဲ့အစည်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အလိုအလျောက် ဆက်စပ်ကြောင်း ဆိုလိုခြင်းမဟုတ်ပေ။
စစ်အုပ်စုသည် ၎င်း၏ စစ်ရေးဆိုင်ရာ ဆုံးရှုံးမှုများ တိုးလာသည်ကို တုန့်ပြန်သည့်အနေဖြင့် အရပ်သားများအား ရည်ရွယ်သည့် ရက်စက်ကြမ်းကြုတ်မှုများကို လေကြောင်းတိုက်ခိုက်မှုများနှင့် တိုးမြှင့်၍ တုံ့ပြန် ကျူးလွန်လျက်ရှိသည်။ အနည်းဆုံးလူဦးရေ ၂.၇ သန်းခန့်သည် အာဏာသိမ်းမှုအပြီး ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး စစ်အုပ်စု၏ တိုက်ခိုက်မှုများနှင့် စစ်တပ်၏ အသက်ရှင်မှုအတွက် ပဓာနကျသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား တားဆီးမှုများကြောင့် လူဦးရေ ၁၈.၆ သန်းခန့်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ ရရှိရန် လိုအပ်နေသည်။ အကျပ်အတည်းအတွင်း အကူအညီလိုအပ်သူ အများစုသည် စစ်အုပ်စု၏ တည်ငြိမ်သော ထိန်းချုပ်မှု အပြင်ဘက် နေရာများတွင်ရှိနေပြီး၊ ၎င်းနေရာများတွင် စစ်အုပ်စုမှ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို စစ်အုပ်စုမှပင်လျင် ကိုင်တွယ်ဖြေရှင်းရန် လုပ်နိုင်စွမ်း အကန့်အသတ်နှင့် ကြုံနေရသည်။
“မြန်မာ့ ခုခံတော်လှန်ရေးတပ်ဖွဲ့များမှ ပေါင်းစည်း၍ သမိုင်းဝင်သော တိုးတက်မှုများ ဖော်ဆောင်လျက်ရှိနေသော်ငြား စစ်အုပ်စုသည် ဒီမိုကရက်တစ်တော်လှန်ရေး၏ တောင်းဆိုချက်များကို လက်ခံဆောင်ရွက်ရန် ငြင်းဆန်လျက်ရှိသည်။ စစ်အုပ်စုမှ အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများကို ဆက်လက်ကျူးလွန်မည်ဟူ၍သာ တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိသည်။” ဟု SAC-M ၏ Chris Sidoti ကဆိုသည်။ “နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စု၏ အရပ်သားများ အပေါ် ရက်စက်အကြမ်းဖက်မှုများမှ ကာကွယ်ရန်အတွက် လက်နက်များ လွှဲပြောင်းပေးခြင်းများကို ရပ်တန့်ခြင်း၊ ကျယ်ပြန့်ပြည့်စုံသော လက်နက်ပိတ်ပင်မှုများ၊ စစ်အုပ်စုကို ငွေကြေး ပိတ်ဆို့မှုများအား တင်းကြပ်ခြင်းနှင့် မြန်မာနိုင်ငံအခြေအနေ တစ်ခုလုံးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် ဆောင်ရွက်ရမည်ဖြစ်သည်။”
မြန်မာနိုင်ငံတဝှမ်းရှိ စုံလင်လှသော ပထဝီဝင်အနေအထား တစ်လျှောက် အားပြိုင်မှုနှင့် ထိန်းချုပ်မှုဆိုင်ရာ ပုံဖော်မှုများအားထင်ရှားစေရန်အတွက် မြေပုံသုံးခုကို စာတမ်းတွင် ထုတ်ပြန်ထားသည်။ စာတမ်းသည် ၂၀၂၄ ခုနှစ်၊ မတ်လကုန်အထိ စုဆောင်းရရှိထားသော အချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်သည့်အလို့ငှာ ယင်းအချိန်မှစ၍ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အသစ်ဖြစ်ပေါ်မှုများကို ထင်ဟပ်ခြင်းမရှိပေ။
နိုင်ငံတခု၏ လက်တွေ့အားဖြင့် အုပ်ချုပ်လျက်ရှိသော (de facto) အစိုးရတရပ်အနေဖြင့် အဖွဲ့အစည်းတခုသည် ထိရောက်သောထိန်းချုပ်မှုရှိမရှိကို အဆုံးအဖြတ်ပေးရန်အတွက် နိုင်ငံတကာမှ လက်ခံထားသော စံနှုန်းများ၏ လမ်းပြဦးတည်မှုဖြင့် ရုပ်ပုံမော်ဒယ်များအား ဖန်တီးရာတွင် အသုံးပြုသည့် အကဲဖြတ်မှုများကို ပြုလုပ်ထားခြင်းဖြစ်ပြီး ယင်းသည် အပြည်ပြည်ဆိုင်ရာ စီရင်ချက်များကို အခြေခံသော ဥပဒေမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုစံနှုန်းများတွင် နယ်မြေထိန်းချုပ်နိုင်မှုအပြင် နိုင်ငံ့လူထုမှ လက်ခံခြင်း၊ အစိုးရ၏ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲနိုင်စွမ်းရှိခြင်း နှင့် ရေရှည်တည်တံ့စွာလုပ်နိုင်သည့် အတိုင်းအတာ အဆင့်ရှိခြင်း စသည်တို့ ပါ၀င်သည်။
ခုခံတော်လှန်ရေးတပ်ဖွဲ့များသည် အားလုံးစုပေါင်းသောအခါ စစ်အုပ်စုထက် နယ်မြေများတွင် ပိုမို ထိန်းချုပ်ထားနိုင်သော်လည်းမည်သည့်အဖွဲ့မျှ တနိုင်ငံလုံးအပေါ် လက်တွေ့အားဖြင့် အုပ်ချုပ်လျက်ရှိသော အာဏာအား ဖော်ဆောင်နိုင်ခြင်း မပြုနိုင်ချေ။ မြန်မာနိုင်ငံတ၀ှမ်း အုပ်ချုပ်ရေးစွမ်းရည်မှာ အားနည်းလျက်ရှိပြီး၊ ၎င်းတွင် စစ်အုပ်စု၏ အကြမ်းဖက်မှုအား ခံစားနေရသော လူဦးရေ၏ ကြီးမားလှသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အရပ်သားများအား တစထက်တစကျယ်ပြန့်အရှိန်မြှင့်လာသော စစ်အုပ်စု၏ အကြမ်းဖက်မှုများမှ ကာကွယ်ရန် လုပ်ဆောင်လျက်ရှိသော ခုခံတော်လှန်ရေး အာဏာပိုင်များအပါအ၀င် ဖြစ်သည်။
“စစ်အုပ်စုပြိုလဲသွားပါက အကြမ်းဖက်မှုများ မလွဲမသွေ၊ ဧကန်မုချ တိုးလာမည်ကို စိုးရိမ်တာဟာ စစ်အုပ်စုဟာ မြန်မာနိုင်ငံမှာအကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုတွေရဲ့ အဓိကရင်းမြစ်ဖြစ်တယ် ဆိုတဲ့အချက်ကို ထည့်သွင်းဖို့ ပျက်ကွက်ခြင်းဖြစ်တယ်”ဟုSAC-M ၏ Marzuki Darusman ကဆိုသည်။ “မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဆီကို ဦးတည်တဲ့ လမ်းကြောင်းကတော့ မြန်မာ ပြည်သူတွေနဲ့ သူတို့ရဲ့ တရားဝင် ကိုယ်စားလှယ်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့ အစည်းတွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ စုစည်းညီညွတ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ မျှော်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် နိုင်ငံတကာ အသိုက်အဝန်းဟာ ဒီရလဒ်ကို တတ်နိုင်သမျှ မြန်မြန် ပံ့ပိုးကူညီဖို့ အစွမ်းရှိသမျှ လုပ်ဆောင်ရန် မြန်မာနိုင်ငံ ပြည်သူများအတွက် ကျင့်ဝတ်ရေးရာ နှင့် နိုင်ငံရေးရာ တာဝန်၀တ္တရား ရှိတယ်။”
နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာပြည်သူလူထု၏ အထင်းသား ထုတ်ဖော်ထားပြီးသော ဒီမိုကရက်တစ် ရည်မှန်းချက်များအား ကူညီဆောင်ရွက်စေရန်အလို့ငှာ မြန်မာနိုင်ငံ၏ ရှုပ်ထွေးပြီး အပြောင်းအလဲများစွာဖြစ်ပေါ်လျက်ရှိသည့် အကျပ်အတည်းအပေါ် မြေပြင်ပေါ်ရှိ အနေအထားများကို လက်ခံပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တာ၀န်ဝတ္တရားများအား ထိန်းသိမ်းလိုက်နာဆောင်ရွက်သော နည်းဟန်ဖြင့် မဖြစ်မနေ ဆောင်ရွက်တုန့်ပြန်ရမည်ဖြစ်သည်။ SAC-M ၏ အဖွဲ့၀င်နိုင်ငံများ၊ ကုလသမဂ္ဂနှင့် အာဆီယံကို ပေးပို့လိုက်သော အကြံပြုချက်များတွင် စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများအား ကျူးလွန်နိုင်စွမ်းကို ပျက်ပြားအောင် ချက်ချင်းလုပ်ဆောင်မှုများအပြင် လိုအပ်နေသူများအားလုံးထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးပို့ခြင်းကို တိုးချဲ့သည့် လုပ်ငန်းစဉ်တွင် ခုခံတော်လှန်ရေး အာဏာပိုင်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို နယ်စပ်ဖြတ်ကျော် နည်းလမ်းများဖြင့် ထောက်ပံ့ပေးရန်ပါ၀င်သည်။ နိုင်ငံတကာအသိုက်အဝန်း၏ ရေရှည်ပံ့ပိုးကူညီမှုသည် ခုခံတော်လှန်ရေးအင်အားစုများအတွက် အစိုးရဌာနများနှင့် ဝန်ဆောင်မှုများ၏ စွမ်းဆောင်ရည်ကို တည်ဆောက်ရန်နှင့် တော်လှန်ရေးကာလနှောင်းပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အလွန်အရေးပါပေလိမ့်မည်။
နိုင်ငံတကာ စနစ်သည် မြန်မာပြည်သူများပေါ် ကာလရှည်ကြာစွာ ပျက်ကွက်ခဲ့လင့်ကစား၊ ယခုအခါ အကျပ်အတည်းသည် ဆက်လက်လျစ်လျူရှု၍ မရတော့သည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။
Download the English language version of this statement: SAC-M PR 2024 EC Update ENGLISH
Download the English language version of Effective Control in Myanmar 2024 Update: SAC-M Effective Control in Myanmar 2024 Update ENGLISH
မြန်မာဘာသာဖြင့်ထုတ်ပြန်ချက်အား ဒေါင်းလုဒ်ရယူရန် – PR_Effective Control 2024 Update PR MM
မြန်မာဘာသာဖြင့် စာတမ်းအပြည့်အစုံအား ဒေါင်းလုဒ်ရယူရန် – Briefing Paper_Effective Control 2024 Update MM_24072024
Footnotes:
1 The data collection period for this paper is up until the end of March 2024.
2 On 20 April 2024, the New York Times published a map based on SAC-M’s map, “Contestation and Control Across Myanmar: March 2024 (Figure 1)”. SAC-M was not informed of the New York Times map before publication and does not endorse the New York Times’ representation of SAC-M’s assessments.